ဘုရားမှတ်လို့ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ


ကချင်ပြည်နယ်ထဲက K-PDF တွေဟာ  KIA အဖွဲ့ရဲ့ ကိုယ်ကျိုးရှာတိုက်ပွဲ‌တွေအတွင်း  များစွာသော K-PDF အသက်တွေ စတေးခဲ့ရတာတွေ၊ ကျန်ခဲ့တဲ့သူ‌တွေလည်း အကျပ်အတည်း/ ဆင်းရဲဒုက္ခ‌ပေါင်းစုံနဲ့ ရင်ဆိုင် နေရတာတွေ၊ KIA အဖွဲ့ရဲ့ တိုက်ပွဲတွင်း/တိုက်ပွဲပြင်ပမှာ ခွဲခြားဆက်ဆံမှုတွေကြောင့် အယုံအကြည် ကင်းမဲ့လာတဲ့ K-PDF အဖွဲ့တွေဟာ စစ်ဆက်တိုက်ဖို့ ဆန္ဒမရှိတော့ဘဲ KIA ရဲ့  ခေါင်းဆောင်မှု လွဲမှားစွာ စေခိုင်းမှုတွေကို ငြင်းဆန်လာကြလို့ အောက်ခြေက KIA နဲ့ K-PDF ခေါင်းဆောင်ပိုင်း‌တွေ ထိပ်တိုက်တွေ့ပြီး တင်းမာမှုတွေဖြစ်‌နေတယ်လို့လည်း ကြားနေရပါတယ်။
-
ကချင်ပြည်နယ်ရဲ့နေရာအသီးသီးက PDF အဖွဲ့အချင်းချင်း ပိုမိုနီးကပ်စွာရှိဖို့နဲ့လိုအပ်ရင်ကူပေးဖို့၊ KIA အတွက် အလကားအသက်မပေးကြဖို့ ဆိုပြီးပြောနေကြတဲ့ အသံတွေ K-PDF ခေါင်းဆောင်ပိုင်းတွေဘက်က ဆော်ဩနေကြတယ်လို့လည်းဆိုကြပါတယ်။
-
တစ်ဖက်မှာ စဉ်းစားမိတာက -
K-PDF တွေရဲ့ ဒီလိုထွက်လာတဲ့အသံတွေကို ကိုယ်မွေးတဲ့မျောက်တွေ ခဏခဏပြန်ချောက်တာခံခဲ့ရဖူးပြီး အခုလည်း အဲ့လိုအဖြစ်နဲ့ ရင်ဆိုင်နေရတဲ့ KIA ကရော မသိဘဲနေပါ့မလား?
-
K-PDF တွေကြောင့် ဖြစ်လာမယ့်ဆိုးကျိုးတွေအတွက်ရော မပြင်ဆင်ထားဘဲနေပါ့မလား?
-
ကိုယ့်လက်အောက်မှာလာနေပြီး ကိုယ့်ကိုပြန်အာခံမယ့် K-PDF တွေကို လက်နက်ကိုင် နိုင်ငံရေးပါးဝ နေပြီဖြစ်တဲ့ KIA လိုအဖွဲ့က "မင်းတို့ စစ်ဆက်မတိုက်ချင်‌တော့ဘူးဆိုလည်း အေးဆေးပဲနေကြပါဆိုပြီး" ဒီအတိုင်း လွှတ်ပေးထားမှာတဲ့လား?
-
KIA နဲ့ K-PDF တွေရဲ့ ဒီလိုအခြေအနေမှာ  ကျဉ်းထဲကြပ်ထဲ‌ ရောက်‌နေတဲ့ K-PDF တွေရဲ့လားရာက စိတ်ပူဖို့ကောင်းနေပြီး KIA ကတော့ TNLA၊ MNDAA အဖွဲ့တွေလို ကျွေးတဲ့လက်ပြန်ကိုက်ခံလိုက်ရတဲ့ အဖြစ်မျိုးတော့ ထပ်အဖြစ်ခံလိမ့်မယ်တော့မထင်ပါ။
-
PS### (အရင်တုန်းက ပါချောင်လို ကိစ္စတွေ ထပ်မဖြစ်လာပါစေနဲ့လို့ပဲ လူသားချင်းကိုယ်ချင်းစာလို့ ဆုတောင်းပေးလိုက်ပါတယ်။ (K-PDF လေးတွေလည်း KIA နယ်မြေထဲ ရောက်နေတော့ သမိုင်းထဲက ကျောင်းသားကုန်းတို့ ဘာတို့ ရောက်ဖူးကြမယ် ထင်ပါတယ်)

Post a Comment

Previous Post Next Post