သံဃာကားတွေနဲ့တောင် ခုလိုလုပ်နေကြတာ ဆိုတော့...


Jun ၁၇ ရက်တုန်းက မုံရွာမှာ ဓားပြလိုက်တိုက်နေတဲ့ PDFအကြမ်းဖက် ၃ယောက်ကို တပ်မတော်ကဖမ်းစီးရမိခဲ့ပါတယ်။ 

ဖမ်းစီးရမိတဲ့အကြမ်းဖက်သမားတွေ အသုံးပြုတဲ့ကားကတော့ မြင်တဲ့အတိုင်းပဲ သာသနာနံပါတ်ပြားကပ်ထားသလို မှန်မှာလည်းကျောင်းတိုက်အမည်ပါကပ်ထားတာတွေ့မြင်ရမှာပါ။ 

ဒီကားကို ဘုန်းကြီးကားလို့သူယူစပြီး လွှတ်ထားပေးလိုက်ရင် နောက်ဆက်တွဲပြသနာက ဘယ်လောက်ကြီးမားတယ်ဆိုတာ ခန့်မှန်းမိကြမှာပါ။ မုံရွာမှာ ဗိုက်ကြီးသည်ပါမကျန် သ-တ် ဖြ-တ် ဓားပြတိုက်နေတာ လူအယောက်ပေါင်းများလှပါပြီ။ အကြမ်းဖက် လူယုတ်မာတွေက သာသနာကိုခုတုံးလုပ် အကာအကွယ်ယူပြီး လှုပ်ရှားနေကြတာကို အားလုံးနားလည်သဘောပေါက်ဖို့အရေးကြီးပါတယ်။ 

လက်ရှိမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်လုပ်နေကြတဲ့ တပ်မတော်သားများအတွက် သံဃာကားနဲ့အကြမ်းဖက်သမားကားကို အဝေးကမြင်ယုံနဲ့တော့ ဘယ်လိုမှခွဲခြားနိုင်စွမ်းရှိမှာမဟုတ်ပါဘူး။ လူသူပြတ်လပ်တဲ့နေရာမျိုးမှာဆို ပိုလို့အန္တရယ်ကြီးလွန်းပါတယ်။ 

ဒါကြောင့် သံဃာတော်အရှင်သူမြတ်များအနေနဲ့လည်း  ကားမှန်ချထားကြဖို့ လုံခြုံရေးအဖွဲ့များကိုမြင်လျှင် အရှိန်လျှော့ပြီး စစ်ဆေးမှုကိုကြည်ဖြူစွာပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းလိုပါတယ်။

Post a Comment

Previous Post Next Post