မနေ့တနေ့က ခလေးတွေသေတာ သိပါတယ်။ဘယ်သူဘာလုပ်လိုက်တာ အကုန်သိမြင်နေပြီးသားဖြစ်တယ်



မနေ့တနေ့က ခလေးတွေသေတာ သိပါတယ်။ဘယ်သူဘာလုပ်လိုက်တာ အကုန်သိမြင်နေပြီးသားဖြစ်တယ်။

မွန် ကရင် တနင်္သါရီ ဘာတွေဖြစ်နေလဲ။လွန်ခဲ့တဲ့ အေးချမ်းတဲ့အချိန်တွေမှာလည်း မွန် ကရင် သူပုန်တွေ နယ်မြေလုကြ ပိုင်ဆိုင်မှုလုကြ သိမ်မွေ့သောနည်း ကြမ်းထမ်းသောနည်းတွေနဲ့ ပွတ်တိုက်မှုတွေရှိနေကြတယ်။ (လက်နက်ကြီးငယ်တွေကားပေါ်တင် ဖြတ်သွားဖြတ်လာ ထိပ်တိုက်တွေ့နေကြတာပါပဲ။) တစိတ်စိတ်တွေးရင် အကျိုးအပြစ်တွေ အရမ်းများပါတယ်။

သဘာဝအရင်းအမြစ် ကျိန်စာသင့်နေကြတယ်။နေရာလု အာဏာပါဝါလုရင်း ခလေးတွေအစပြု...လူကြီးအထိ ညာဏ်ပညာအသိတရားဖြစ်ပေါ်စေမည့် အသိုင်းအဝိုင်း အခွင့်အရေး စတဲ့အဆင့်တွေကို မမှီကြဘူး။

မှီကြတဲ့သူတချို့သည်လည်း ထိုအသိုင်းအဝိုင်းများနဲ့ ဝေးကွာသွားကြတယ်။

ဖျက်လိုဖျက်ဆီးလုပ်ကြရင်း ကိုယ်တိုင်ရဲ့သမီးသားတွေအောက်ခြေလူတန်းစား အတော်များများ ဘုန်းကြီးကျောင်းပညာသင်ကြားမှုနဲ့ ပညာသင်ရရင်ရင်ရပြီဆိုပြီး ခိုကပ် စားသောက်ကြရင်း ဖြစ်သလို ပညာသင်ကြားရပြန်တယ်။

စစ်တမ်းကောက်မေးကြည့်မိတယ်ခလေးတွေကို....ဘာလုပ်မှာလဲ ဘာလုပ်ချင်လဲ ဘာလုပ်ရနိုင်လဲ...အဖြေကတစ်ခုစီ ရည်ရွယ်ချက်ဝေဝါးဝါး...မဖြစ်သင့်တဲ့အကြောင်းတွေမှာ ဖြစ်လိုက်ကြရင်း ဟင်္သာကိုးသောင်းဇာတ်ကို မိုက်မဲစွာ ဆုပ်ကိုင်ဖို့တွေးနေကြတယ်။

လိုရင်းမရောက်တဲ့စကားလုံးတွေ ပြောနေကြရင်း တကယ်လိုအပ်တဲ့ဘဝတည်ဆောက်မှုပုံစံတွေကျပျောက် နေကြရင်း အေးချမ်းတိုးတက်ရမည့်ဘဝတွေ နွမ်းခြောက်လာရတယ်။

သတ္တုသယံဇာတနဲ့ သစ်စတဲ့ သဘာဝအရင်းအမြစ်ခွဲဝေမှုနဲ့နေရာလုမှုအကြောင်းတွေ ရှိတယ်။ (ကိုယ်တိုင်အတွေ့အကြုံတွေ ရေးပြချင်ပါတယ်။)မြေရာနဲ့ပက်သက်ပြီး မွန် ကရင် ပိုင်ဆိုင်မှုတွေ ဆယ်စုနှစ်တစ်ခုစာ တိုက်ကြည့်သင့်တယ်။အတော်ကြောက်ဖို့ကောင်းတဲ့အတွေးတွေကို အခြေတည် ဗမာအချင်းချင်း ရန်ဖြစ်နေကြတာ အသိမဲ့အရှက်တရားကင်းမဲ့ကြောင်း ဗွင်းဗွင်းကြီးတွေ့ရလိမ့်မယ်။

သေရင် အကုန်ထားပြီး ကျောခိုင်းသွားရမှာ မေ့နေတယ်ထင်။ရတဲ့ဘဝခဏ တိုးတက်စည်ပင်ဖို့ ဟိုဖက် ဒီဘက်က ခိုးကြရင်း ဖောက်ပြားကြရင်း အကြောင်းတရားရဲ့အပြစ်တွေ အကျိုးပေးပါမှ ရတဲ့ဘဝတွေဆိုးလှတယ်ဆိုတာက လွန်တာပေါ့။

(6.6.2024) ဘမောင်

Post a Comment

Previous Post Next Post