သပိတ်မှောက် ပတ္တနိက္ကုဇ္ဇနကံဆောင်ရအောင် ဘယ်အချက်နဲ့ကိုက်ညီလဲ ပြော.? မကိုက်ညီရင်တော့..(သင်တို့ပြုတဲ့ကံ သင်တို့ထံပြန်လိမ့်မယ်)


ကျမ်းညှိ့ကြည့်ရအောင် > စူဠဝါပါဠိတော်မှာ..

အရှင်ဒဗ္ဗကို သူ့မယားနဲ့ဖောက်ပြန်နေပါတယ်ဆိုပြီး မဟုတ်မမှန် စွပ်စွဲ..သံဃာ့သင်းကွဲအောင် စွပ်စွဲ..တဲ့

ဒကာ ဝဍ္ဎလိစ္ဆဝီကို သပိတ်မှောက်ကံဆောင်တာရှိခဲ့တယ်။

သပိတ်မှောက် အင်္ဂါ(၈)ပါးနဲ့ ကိုက်ညီနေလို့..

ဘုရားရှင်က မိန့်တော်မူတဲ့ သပိတ်မှောက်ကံဆောင် အင်္ဂါ (၈) ပါးထဲက..ဘယ်အချက်တွေလဲဆိုတော့..

၁ ။ (ဘိက်ခူနံ အလာဘာယ ပရိသက်ကန)
ရဟန်းတွေကို လာဘ်လာဘ မရအောင်လုပ်သူ။

၂။(အနတ္တာယ ပရိသက္ကန)အကျိုးပျက်စီးအောင်လုပ်သူ။
 
၃ ။ (အဝါသာယ ပရိသက်ကန)
သီတင်းသုံးတဲ့ကျောင်းတွေမှာ မနေနိုင်အောင်လုပ်သူ။

၄ ။ (အက္ကောသန).. ရဟန်းတွေကို ဆဲရေးသူ။

၅ ။ (ဘေဒန)..ရဟန်းအချင်းချင်း ကွဲအောင်လုပ်သူ။

၆ ။ (ဗုဒ္ဓအဝဏ္ဏဘာသန)..ဘုရား၏ဂုဏ်ကျေးဇူးကို နှိမ်ချပြောဆိုကဲ့ရဲ့သူ။

၇။ (ဓမ္မအဝဏ္ဏဘာသန) တရား၏ဂုဏ်ကျေးဇူးကို နှိမ့်ချ ပြောဆိုကဲ့ရဲ့သူ။

၈။ (သံဃအဝဏ္ဏဘာသန) သံဃာ၏ဂုဏ်ကျေးဇူးကို နှိမ့်ချ ပြောဆိုကဲ့ရဲ့သူ။

သည်အချက်တွေနဲ့ ကိုက်ညီနေလို့..

ဝိနယသင်္ဂဟအဋ္ဌကထာမှာတော့..
အထက်ပါ အင်္ဂါ(၈)ပါးလုံးနဲ့ မညီသော်လည်း တစ်ပါးပါးနဲ့ ကိုက်ညီနေလျှင်..သပိတ်မှောက်လို့ ရနိုင်ကြောင်း ဖွင့်ဆိုထားပါတယ်။ 

ဒါကြောင့် သပိတ်မှောက်စားရှိ သံဃာတွေကို သင်းခွဲ ကုန်းတိုက် ဆဲဆိုရိုင်းစိုင်းနေကြတဲ့ သင်တို့ကိုသာ မှောက်သင့်ပါတယ်။

ယခုသင်တို့ သပိတ်မှောက်နေတာဟာ ဘယ်အချက်နဲ့ ကိုက်ညီနေလို့လဲ.?

ရှေးက ဒီလိုပဲ.. ကားမရပ်ပဲ ထွက်ပြေးပြစ်ခတ် အကြိမ်ပေါင်းမနည်းတော့လို့..ကားမှန်မချပဲ အိမ်စီးကားနဲ့ ထွက် ပြေးတာကို ဘုန်းကြီးကားမှန်း မသိလို့ ပြစ်တာ..

‌ဘုန်းကြီးကို သေစေလိုတဲ့ ဆန္ဒပါလို့ လား.?
ကဲ ဘယ်အချက်နဲ့ ညိ့လဲ..ကျမ်းစာပါဠိပါ ထည့်ပေးလိုက်မယ်။

#ကျမ်းစာပါဠိအလာရှိတာက..
၇။ ပတ်တနိကုဇ်ဇနသုတ်တံ

၈၇။ [စူဠဝ။ ၂၆၅] ‘‘အဋ္ဌဟိ, ဘိက္ခေ⁠ဝ, အေ⁠င်္ဂဟိ သမန္နာဂတဿ ဥပါသကဿ အာကင်္ခမာေ⁠နာ သံေ⁠ဃာ ပတ္တံ နိက္ကုေ⁠ဇ္ဇယျ [နိကုေ⁠ဇ္ဇယျ (က။)]။ ကတေ⁠မဟိ အဋ္ဌဟိ? ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ, ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ, ဘိက္ခူနံ အဝါသာယ [အနာဝါသာယ (သီ။ သျာ။)] ပရိသက္ကတိ, ဘိက္ခူ အေ⁠က္ကာသတိ ပရိဘာသတိ, ဘိက္ခူ ဘိက္ခူဟိ ေ⁠ဘေ⁠ဒတိ [ဝိေ⁠ဘေ⁠ဒတိ (ဗဟူသု)], ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ, ဓမ္မဿ အဝဏ္ဏံ ဘာသတိ, သံဃဿ အဝဏ္ဏံ ဘာသတိ။ ဣေ⁠မဟိ ေ⁠ခါ, ဘိက္ခေ⁠ဝ, အဋ္ဌဟေ⁠င်္ဂဟိ သမန္နာဂတဿ ဥပါသကဿ အာကင်္ခမာေ⁠နာ သံေ⁠ဃာ ပတ္တံ နိက္ကုေ⁠ဇ္ဇယျ။
(အ႒ကနိပါတပါဠိ)

ဧဝဉ္စ ပန, ဘိက္ခေ⁠ဝ, နိက္ကုဇ္ဇိတေ⁠ဗ္ဗာ။ ဗျေ⁠တ္တန ဘိက္ခုနာ ပဋိဗေ⁠လန သံေ⁠ဃာ ဉာေ⁠ပတေ⁠ဗ္ဗာ –

၂၆၆။ ‘‘သုဏာတု ေ⁠မ, ဘေ⁠န်တ, သံေ⁠ဃာ။ ဝေ⁠ဍ်ဎာ လိစ်ဆဝီ အာယသ်မန်တံ ဒဗ်ဗံ မလ်လပုတ်တံ အမူလိကာယ သီလဝိပတ်တိယာ အနုဒ်ဓံေ⁠သတိ။ ယဒိ သံဃဿ ပတ်တကလ်လံ, သံေ⁠ဃာ ဝဍ်ဎဿ လိစ်ဆဝိဿ ပတ်တံ နိက်ကုေ⁠ဇ်ဇယြ, အသေ⁠မ်ဘာဂံ သံေ⁠ဃန ကေ⁠ရယြ။ ဧသာ ဉတ်တိ။
(စူဠဝဂ္ဂပါဠိ)

၈၇။ သတ်တေ⁠မ နိက်ကုေ⁠ဇ်ဇယြာတိ ေ⁠တန ဒိန်နဿ ေ⁠ဒယဓြမ်မဿ အပ်ပဋိဂ်ဂဟဏတ်ထံ ပတ်တနိက်ကုဇ်ဇနကမ်မဝါစာယ နိကုေ⁠ဇ်ဇယြ, န အေ⁠ဓာမုခဌပေ⁠နန။ အလာဘာယာတိ စတုန်နံ ပစ်စယာနံ အလာဘတ်ထာယ။ အနတ်ထာယာတိ ဥပဒ်ဒဝါယ အဝဍ်ဎိယာ။ ဥက်ကုေ⁠ဇ်ဇယြာတိ ဥက်ကုဇ်ဇနကမ်မဝါစာယ ဥက်ကုေ⁠ဇ်ဇယြ။
(အဋ္ဌကနိပါတအဋ္ဌကထာ)

နိက်ကုဇ်ဇိတေ⁠ဗ်ဗာတိ ေ⁠တန ဒိန်နဿ ေ⁠ဒယဓြမ်မဿ အပ်ပဋိဂ်ဂဟဏတ်ထံ ပတ်တနိက်ကုဇ်ဇနကမ်မဝါစာယ နိက်ကုဇ်ဇိတေ⁠ဗ်ဗာ, န အေ⁠ဓာမုခဌပေ⁠နန။ ေ⁠တေ⁠နဝါဟ ‘‘ဧဝဉ်စ ပန, ဘိက်ခေ⁠ဝ, နိက်ကုဇ်ဇိတေ⁠ဗ်ဗာ’’တိအာဒိ။ 
(သာရတ်ထဒီပနီဋီကာ)

ဧတ်ထ (စူဠဝ။ အဋ်ဌ။ ၂၆၅) စ အဋ်ဌသု အေ⁠င်ျဂသု ဧကေ⁠ကနပိ အေ⁠င်ျဂန သမန်နာဂတဿ ပတ်တနိက်ကုဇ်ဇနကမ်မံ ကာတုံ ဝဋ်ဋတိ, အေ⁠န်တာသီမာယ ဝါ နိဿီမံ ဂန်တှာ နဒီအာဒီသု ဝါ နိက်ကုဇ်ဇိတုံ ဝဋ်ဋတိေ⁠ယဝ။ ဧဝံ နိက်ကုဇ်ဇိေ⁠တ ပန ပေ⁠တ်တ တဿ ေ⁠ဂေ⁠ဟ ေ⁠ကာစိ ေ⁠ဒယဓြေ⁠မ်မာ န ဂေ⁠ဟတေ⁠ဗ်ဗာ, ‘‘အသုကဿ ေ⁠ဂေ⁠ဟ ဘိက်ခံ မာ ဂဏှိတ်ထာ’’တိ အညဝိဟာေ⁠ရသုပိ ေ⁠ပေ⁠သတဗ်ဗံ။ ဥက်ကုဇ်ဇနကာေ⁠လ ပန ယာဝတတိယံ ယာစာေ⁠ပတှာ ဟတ်ထပါသံ ဝိဇဟာေ⁠ပတှာ ဉတ်တိဒုတိယကေ⁠မ်မန ဥက်ကုဇ်ဇိတေ⁠ဗ်ဗာ။
(ဝိနယသင်္ဂဟအဋ္ဌကထာ) မှ ကူးယူဖေါ်ပြသည်

ဒါကြောင့် မကိုက်ညီရင်တော့..
သင်တို့ပြုတဲ့ကံ သင်တို့ထံပြန်လိမ့်မယ်။

      #သာဂီကနောင် > (25,6,2024)
 ************************************************
#နောက်ဆုံးရသတင်း
ဒီပဲယင်းသပိတ်မှောက်(၂၇)ပါးအဖွဲ့ >ဇွန်၂၅၊၂၀၂၄။

ရေဦးခရိုင်၊ဒီပဲယင်းမြို့နယ်ကျခပ်ယွန်းကျောင်းဆရာတော်ဦးပငြိန္ဒမှဦးဆောင်ပြီးသံဃာ(၂၇) ပါးဒီပဲယင်းမြို့သုခါရုံကျောင်းတိုက်သိမ်တော်ထဲမှာသပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။

တောနယ်ကျေးရွာများရိှရဟန်းသံဃာ၊ဆရာတော်များကိုလည်းပအဖ၊ပကဖ၊LPDFများမှလက်နက်ဖြင့်ခြိမ်းခြောက်အကြပ်ကိုင်ထပ်မံပင့်ဆောင်ကြဦးမည်ဟုကြားသိထားရသည်။


Post a Comment

Previous Post Next Post