သတိကြီးကြီးထားပြီး လုပ်ဆောင်သင့်တဲ့အချိန်ဖြစ်ပါတယ်....

အလယ်သံကျော်မှပြန်လာသည့်  နခခ ၄  ရဲတပ်ဖွဲ့ဝင် မိသားစုများပြောဆိုချက်နဲ့ ယခင် အင်တာနက် ပေါ်တက်လာသည့် ကိစ္စများနှင့် ကွဲလွဲနေပါတယ်။
-
ဘာတွေကွဲလွဲနေလဲဆိုရင် သူတို့ပြောခဲ့တဲ့အထဲမှာ မိသားစုဝင်တွေပါလာတဲ့ စက်လှေကို သေနတ်နဲ့ ပစ်ခတ် တယ်ဆိုတာလည်း မပါသလို၊ အရာရှိတွေပဲတင်ပြီး စစ်သည်/ရဲတပ်သား မိသားစုဝင်တွေကို ချန်ခဲ့တယ်ဆိုတာလည်း မပါဘူး။
-
မိသားစုဝင်တွေ လှေမှောက်ရေနစ်သေဆုံးခဲ့ခြင်းလည်း မရှိခဲ့ဘူး။
-
ဘာမှ ဂဃနဏမသိဘဲ လူပိန်းကြိုက် စိတ်ထင်ရာပြောဆိုခဲ့ပြီး Video ရိုက် အင်တာနက်ပေါ်လွှင့်တင် ခဲ့ခြင်းသာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
-
အင်တာနက်လိုင်း မကောင်းတဲ့နေရာဖြစ်လို့သာ အကုန်လုံး ကံကောင်းခဲ့တာ သူရိုက်တင်တဲ့ဟာသာ တစ်ဖက်ရန်သူမြင်သွားကြည့် အဲ့ဒီလိုပုံစံမျိုးနဲ့ မတွေးရဲစရာပါ။
-
ယခင် Video ကြောင့် တစ်ဖက်က သွေးခွဲမည့်သူတွေ ဘယ်လိုဝင်ပြောခဲ့ကြတာ အားလုံးအမြင်ပါ။ တပ်ဖွဲ့ဝင် များအနေနဲ့ လက်ရှိအချိန်၌ မိမိတစ်ဦးတစ်ယောက်ကြောင့် အဖွဲ့အစည်းတွေ သွေးကွဲမှာမျိုး၊ ပျက်စီးမှာမျိုး မဖြစ်စေရန် သတိကြီးကြီးထားပြီး လုပ်ဆောင်သင့်တဲ့အချိန်ဖြစ်ပါတယ်။

KT

Post a Comment

Previous Post Next Post