မျက်နှာဖုံးကွာကျလာတဲ့-တရုတ်ဟိုက်ဂင်ရဲ့ဟာကွက်


..................................
ပြီးခဲ့တဲ့ရက်ပိုင်းမှာ...
တရုတ်ရဲ့အာရှရေးရာကိုယ်စားလှယ်...
#တိန့်ရှိးကျွင်း...မြန်မာပြည်ကိုလာရောက်ပြီး..
နစက ဒုချုပ်အပါအဝင်....နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့့ဆုံခဲ့တယ်...။

မြန်မာပြည်အရေးမှာ...မှန်းဆရခက်တယ်ဆိုပေမယ့်...
ပုံစံခွက်ထဲကနေမထွက်သေးတဲ့....ကလင်ဒါကျဖြစ်စဉ်တွေက...
ပုံမှန်ဖြစ်နေကျ...ဆိုသလို..
တိန့်ရှီးကျွင်းလာတယ်...ပြန်သွားပြီးတော့...
မကြာခင်....ရှမ်းမြောက်တကြောမှာပြန်ပွဲဆူတော့တာပဲ...
တကယ်ကို...ကလင်ဒါကျ...

မူရင်းကိုဆက်ရရင်...
TNLA က ၁၀၂၇ ပြန်စပြီ ဆိုတဲ့....
ကြေညာချက်နဲ့အတူ...မတ္တရာ နောင်ချို
ကျောက်မဲ သီပေါတကြောကို...ထိုးစစ်ပြန်ဆင်နေပြီ...။

ဒါဟာ....ကျွန်တော်တို့အရင် မှန်းဆထားသလို...
ရှမ်းမြောက်ရဲ့တကျော့ပြန်စစ်ပွဲ...အသက်ဝင်လာခဲ့တာပါ...။
တရုတ်ကြားဝင်စေ့စပ်ပေးတဲ့...ဟိုက်ဂင်သဘောတူညီမှုက...
စစ်ပြေငြိမ်းရေးမဟုတ်ဘူးဆိုတာ...ပိုမိုပေါ်လွင်လာပါတယ်....။

တရုတ်ကိုအစာမကြေဖြစ်စေခြင်း
.....................................................
ရှမ်းမြောက်ဖြစ်စဉ်အပြီး...
ဟိုင်ဂင်အကြောင်းပြချက်နဲ့.. တရုတ်က...
အထူးသဖြင့်...ယူနန်အစိုးရက...
ပြင်ဦးလွင်  လားရှိုး မူဆယ် လမ်းကြောင်းကိုပြန်ဖွင့်ချင်တယ်...
နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ...မကြာခဏဆိုသလို....လာရောက်ညှိနိုင်းကြပေမယ့်...
နစကဖက်က....နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို..
#ရှမ်းမြောက်ကနေရှမ်းအရှေ့
ကျိုင်းတုံ တာချီလိတ် တောင်ကြီးလမ်းပိုင်းကိုသာ...စိတ်ဝင်စားမှုပြသလို...
လမ်းပိုင်းတွေကိုအဆင့်မြင့်တင်ဆောင်ရွက်နေတယ်...။

နစက ရဲ့ ရှမ်းမြောက်ဥပေက္ခာဟာ...
တရုတ်အစိုးရကို....အောင့်သက်သက်ဖြစ်စေခဲ့ပြီး...
၎င်းတို့ရဲ့ Proxy War အတွက်....လက်နက်ကိုင်အရေး....
အခွန်နဲ့နယ်မြေသတ်မှတ်ရေးရည်မှန်းချက်ကို...
အဟန့်အတားဖြစ်စေပါတယ်...။

တကယ်တော့...ရှမ်းမြောက်အပါအဝင်..
ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့...တရုတ်ဓာတ်ငွေ့ပိုက်လိုင်းတလျှောက်....
တရုတ်က...
ရေရှည်ရည်မှန်းချက်အတွက်...
နှစ်နိုင်ငံဆက်ဆံရေးအရ...မြန်မာနိုင်ငံကို...
ပြည်နယ်တခုအနေနဲ့အထိ....ဗြောင်ကျကျ...
#စိုးမိုးချယ်လှယ်ထားချင်ပုံရပါတယ်....။

သတိပေးခေါင်းလောင်းမြည်လိုက်ပြီ
...........................................................

မြန်မာပြည်ရဲ့...
ဒီမိုကရေစီအကူးအပြောင်းမှာ...ခပ်ကြမ်းကြမ်းပြောင်းလဲသွားတာကို...
အရင်တည်းက...သတိကြီးကြီးထားနေတဲ့...တရုတ်အနေနဲ့...
နိုင်ငံရေးအခင်းအကျင်း နဲ့နှစ်ဖက်...(တပ် နဲ့ NLD)
ပြင်းထန်တဲ့အားပြိုင်မှုတွေကို...ကြည့်ရင်းနဲ့....
စိုးရိမ်စိတ်လွန်ကဲလာဟန်တူပါတယ်...။

၅ နှစ်တကြိမ်...အစိုးရအဖွဲ့အစည်းပြောင်းလဲချိန်တိုင်း
အစိုးရနဲ့တပ်နဲ့တရွတ်တိုက်မှုတွေ...များလာခြင်းက...
မြန်မာပြည်တွင်းက....စီမံကိန်းတွေအတွက်...ရတက်မအေးစေခဲ့ပါဘူး...။

မတည်ငြိမ်တဲ့...နိုင်ငံရေးအခင်းအကျင်းနဲ့အတူ...
ဒီပွတ်တိုက်မှုရဲ့...နောက်ဆက်တွဲအနေနဲ့...တရုတ်ကိုယ်တိုင်...
မွေးစားသားတွေကို....လက်နက်တပ်ဆင်ပြီး...
အစိုးရ သို့မဟုတ် တပ်ကို...ထိန်းချုပ်နိုင်မှသာ...
အကျိုးစီးပွားကို...ကာကွယ်ရာရောက်မယ်လို့...ခံစားမိလာပုံပါပဲ...။

ကမ္ဘာနိုင်ငံရေးချိန်ခွင်လျှာကို...
ကစားနေတဲ့တရုတ်အတွက်...မြန်မာနိုင်ငံရဲ့
၂၀၂၁ အပြောင်းအလဲကာလက...
တရုတ်အစိုးရရဲ့ BRICs အပါအဝင်...
အနောက်ဖက်ပင်လယ်ထွက်ပေါက်ရည်မှန်းချက်ကို...
#သတိပေးခေါင်းလောင်းပေးလိုက်ပုံရပါတယ်...။

တရုတ်မီးစိမ်းပြတဲ့ကျားဖြန့်
..............................................

ဒါကြောင့်လဲ.. ကျားဖြန့်ခေါင်းစဉ်နဲ့...
တရုတ်အစိုးရလက်ကိုင်တုတ်....MNDAA ကို...လိုအပ်တဲ့....
အထောက်အပံ့အများအပြားပေးပြီး...
Proxy War ကိုစတင်ကစားခဲ့ကြတာဖြစ်ပါတယ်....ါ
နစက အနေနဲ့တော့....၁၀၂၇ ဟာ...
တပ်ရဲ့နှစ်ပေါင်း ၇၀ သက်တမ်းမှာ..
အရှက်စရာအကောင်းဆုံးနဲ့...ဆုံးရှူံးမှုအများဆုံးပါပဲ....။

NCA လမ်းကြောင်းဆိုတာကို...
နိုင်ငံရေးအရ...အကာအကွယ်ယူ...
ထိန်းကြောင်းနေပေမယ့်... မြေပြင်ခံစစ်မှာ...
ခွက်ထိုးခွက်လန်ရှုံးနေတာကို...ငြင်းလို့မရပါဘူး...
ဗျူဟာအရ...." ဟ " ထားတယ်လို့...
အရှက်ပြေပြောရတဲ့အထိပါပဲ...။

ထားပါတော့...ဒါက...
တရုတ်ရဲ့နိုင်ငံရေးအကျိူးစီးပွားရည်မှန်းချက်နဲ့...
ရှမ်းမြောက်ရဲ့စစ်ပွဲသန္ဓေတည်ရခြင်းကို....ပြန်ပြီး...
တူးဖော်ကြည့်တာပါ...။

ဒါဆိုရင်....အခု...
တကျော့ပြန်စစ်ပွဲတွေဟာ..
ကျွန်တော်တို့တွေးထားသလို...
ဒီနှစ်မိုးတွင်းကာလက...စစ်မြူကာလဖြစ်ပြီး...
Proxy War ကိုတိတိပပအဆုံးသတ်ရမယ့်....ပွဲပါ...။

ရွေးကောက်ပွဲနောက်ပိုင်း
......................................

ဆောင်းအဝင်.....
နိဝင်ဘာရွေးကောက်ပွဲကို...
တရုတ်က...စိတ်ဝင်စားဟန်မရှိပါဘူး....။
ရွေးကောက်ပွဲအလွန်ကာလ....မမျှော်မှန်းနိုင်တဲ့..
.နိုင်ငံရေးခရီးကြမ်း...ဘယ်လိုပုံစံဖြစ်နေပါစေ....
တရုတ်ဟာ..စိတ်မဝင်စားပါဘူး...။

တရုတ်ရဲ့အကျိူးစီးပွားတွေကို...
#ကာကွယ်ဖို့အတွက်...တရုတ်အလိုကျ...
လက်နက်ကိုင်တွေကို...နယ်မြေအပိုင်စားပေး...
နယ်ရုပ်တွေထားပြီး...ကမ္ဘာ့နိုင်ငံရေး...
ချိန်ခွင်လျှာကို...ကစားလိုတာပါ...။
ဒါဟာ...တရုတ်ရဲ့ တကမ္ဘာလုံးဆိုင်ရာ...
ရည်မှန်းချက်ထဲက....တစိတ်တပိုင်းပါပဲ....။

ဒီတော့... ရွေးကောက်ပွဲမတိုင်ခင်...
ပြည်ထောင်စုကနေ...တတိယနိုင်ငံငယ်တွေရဲ့...
နယ်နိမိတ်ကို...သတ်မှတ်ပြီး...
ကူမင်းရထားလမ်းစီမံကိန်း...
ကျောက်ဖြူရေနက်စီမံကိန်း....စတဲ့...
စီမံကိန်းရှိရာဒေသတွေကို...ပိုင်းခြားသတ်မှတ်ဖို့....
လုပ်လာတယ်လို့...ဆိုနိုင်ပါတယ်....။

Legitimate အရ....အစိုးရနဲ့...
နားလည်မှုစာချွန်လွှာတွေ...စီမံကိန်းအသစ်တွေ...
လက်မှတ်ရေးထိုးပြီး....ဒီပလိုမေစီစကားလုံးတွေနဲ့...
ဟန်ဆောင်လက်ဆွဲနှုတ်ဆက်နေသည့်တိုင်...
မြန်မာပြည်အစိုးရတရပ်အနေနဲ့...
ဘယ်ပါတီ...ဘယ်အဖွဲ့အစည်းက...
ဦးဆောင်နေသည့်တိုင်...၎င်းတို့အကျိုးစီးပွားကို...
၎င်းတို့ကိုယ်တိုင်ကာကွယ်ပြီး...လုံခြုံစိတ်ချစေချင်တာပါ....။

ကျေးဇူးရှင်စိတ်ဝင်နေတဲ့တရုတ်
...................................................

တရုတ်ရဲ့စိတ်မလုံခြုံမှုက...
#မြစ်ဆုံစီမံကိန်းရပ်တန့်စေခဲ့ခြင်းကနေစတင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်....။

၁၉၈၈ နောက်ပိုင်း...တဖက်ဖက်ကဝိုင်းဝန်းပိတ်ဆို့...
ဒဏ်ခတ်နေတဲ့ကြားကနေ...တရုတ်ဟာ...
မြန်မာပြည်ရဲ့ကျေးဇူးရှင်ဖြစ်မှန်းမသိဖြစ်လာခဲ့ရပါတယ်...။
အစိုးရအဆက်ဆက်...
နဝတ နအဖ လက်ထက်တွေမှာ...
အဓိကမိတ်ဖက်အဖြစ်ရှိခဲ့ပြီး....
ကုန်စည်စီးဆင်းမှု နဲ့ နယ်စပ်ကုန်သွယ်မှု...
စစ်လက်နက်တပ်ဆင်မှု စတဲ့ကဏ္ဍတွေမှာ...
အလုံးစုံမြီခိုအားထားခဲ့ရသလို...
တရုတ်အစိုးရအနေနဲ့..
မြန်မာနိုင်ငံဟာ...#လက်ခုပ်ထဲကရေဖြစ်မှန်းမသိ...
ဖြစ်လာခဲ့တဲ့...သမိုင်းတွေရှိပါတယ်...။

မြန်မာအစိုးရအနေနဲ့....တရုတ်အစိုးရနဲ့...
ထိပ်တိုက်ရင်ဆိုင်ရမယ့်...ကိစ္စမျိုးရှောင်ရှားပြီး..
တရုတ်အစိုးရကို...စိတ်ကွက်စေမယ့်ကိစ္စမျိုး...အပါအဝင်...
တရုတ်ကျောထောက်ခံပြုထားတဲ့...လက်နက်ကိုင်တွေပါ...
အခွင့်ထူးခံတွေအဖြစ်...စီးပွားရေးခုတ်မောင်းအားကိုပါ..
တရားဝင်ခွင့်ပြု.ပါဝင်စေခဲ့ရပါတယ်....။

စိတ်မလုံခြုံမှုခံစားနေရတဲ့တရုတ်
............................................
ဒါပေမယ့်..၂၀၁၀ ခုနှစ်...
ဦးသိန်းစိန်အစိုးရလက်ထက်မှာ
ဦးသန်းရွှေအစိုးရနဲ့...လက်မှတ်ရေးထိုးထားတဲ့...
ဧရာဝတီမြစ်ဆုံစီမံကိန်းကို...ရပ်တန့်ခဲ့ခြင်းဟာ...
တရုတ်ရဲ့ မြန်မာပြည်အပေါ်မှာရှိနေတဲ့..
#စိတ်လုံခြုံမှုစတင်ပျက်ဆီးခဲ့ရပါတယ်...။

အဲဒီ့ကာလမှာ....တရုတ်နိုင်ငံအတွက်
လျှပ်စစ်ဓာတ်အားလိုအပ်ချက်မြင့်တက်နေချိန်ဖြစ်ပါတယ်...။

၂၀၁၅ ခုနှစ်...
NLD အစိုးရတက်လာပြီးနောက်
တရုတ်နဲ့ဆက်ဆံရေး..ခပ်အေးအေးဖြစ်သွားသလို...
အနောက်အုပ်စုနဲ့...နီးကပ်တဲ့ဆက်ဆံရေးအပါအဝင်...
အစိုးရအဖွဲ့အတွင်းမှာ...အနောက်အုပ်စုတွေဝင်ရောက်လာတာတွေဟာ...
အနောက်အုပ်စုကို....အမြဲစောင့်ကြည့်နေတဲ့တရုတ်ကိုများစွာ...
စိတ်ပူစေပြီး....#စိတ်မလုံခြုံထက်ပိုမိုဆိုးရွားစွာခံစားသွားစေပါတယ်...။

ပျဉ်ဖိုးနားလည်သွားတဲ့အခါ
................................................

၂၀၁၀  ကနေ...၂၀၂၀ ခုနှစ်...
ဆယ်စုနှစ်တာကာလ...ကြုံတွေရတဲ့...
ပထဝီနိုင်ငံရေးမတည်ငြိမ်မှုကို...တရုတ်အစိုးရ...
ကောင်းကောင်းခံစားလိုက်ရပါတယ်...။

၂၀၂၁ နိုင်ငံရေးအပြောင်းအလဲကာလမှာတော့...
တရုတ်ရဲ့....နိုင်ငံရေးချဉ်းကပ်ပုံပြောင်းလဲလိုက်တယ်လို့ဆိုရပါမယ်....။
မြန်မာနိုင်ငံဟာ....
BRICs လမ်းကြောင်းပေါ်ကနိုင်ငံတခု...
အနောက်ဖက်ပင်လယ်ထွက်ပေါက်ရှိတဲ့...
မဟာဗျူဟာမြောက်နိုင်ငံတခုပါ....။ဒါပေမယ့်...
အစိုးရ....တဆက်ပြောင်းတိုင်း....မတည်ငြိမ်တဲ့..
.နိုင်ငံရေးပဋိပက္ခတွေ...ဥပဒေတွေ...
ပွတ်တိုက်မှုတွေနဲ့ကြောင့်...တခါသေဖူး....ပျဉ်ဖိုးနားလည်သွားတဲ့အခါ...

ဗဟိုအစိုးရရဲ့ ပေါ်လစီ.အပါအဝင်...
နိုင်ငံရေးဖြစ်စဉ်တွေရဲ့ရိုက်ခတ်မှုကို..
ထိတွေ့ဆက်ဆံစရာမလိုတဲ့...Buffer Zone တခုကို..
.ဖန်တီးရမယ်လို့...နားလည်လက်ခံသွားပုံရပါတယ်...။

ချဉ်းကပ်ပုံပြောင်းလာခြင်း
..........................................
အဲဒီ့ကစပြီး...
တရုတ်စီမံကိန်းတွေ...အများအပြားရှိတဲ့....
မြန်မာပြည်မြောက်ပိုင်းတကြောကို.....ထိန်းချုပ်ဖို့...
Proxy war ဖန်တီးပြီး...တတိယနိုင်ငံငယ်တွေဆီ...
ချဉ်းကပ်သွားတယ်လို့....ထင်ပါတယ်....။

ဗဟိုအစိုးရရဲ့...သေဘာထား...
ဗဟိုအစိုးရရဲ့...နိုင်ငံရေးယဉ်ကျေးမှု...
ဘယ်လိုပုံစံပဲပြောင်းလဲသွားပါစေ...
အရှေ့-အနောက်ယိမ်း...မည်သည့်အစိုးရတက်တက်...
တရုတ်က...၎င်းရဲ့အကျိုးစီးပွားကို...မြစ်ဆုံစီမံကိန်းရပ်တန့်ရသလို..
ဝင်ရောက်စွက်ဖက်တာမျိုး...ပိတ်ပင်တားဆီးတာမျိုးကို...ထပ်မံမဖြစ်ရဖို့....
အချိန်မရွေးဟန်ချက်ညီစေမယ့်....မျှခြေတခုကိုကြိုးစားလာတာပါပဲ....။

အဲဒီ့အတွက်..
ကျောက်ဖြူရေနက်စီမံကိန်းတဝိုက်ကိုကာကွယ်ဖို့...
အိန္ဒိယရဲ့ကုလားတန်စီမံကိန်းနဲ့...အရှေ့မျှော်...
စီးပွားရေးရည်မှန်းချက်ကို....ကန့်သတ်ဖို့....AA... ကို....
ထောက်ကန်ပေးထားတာသလို....

ဓာတ်ငွေ့ပိုက်လိုင်းတလျှောက်နဲ့....
ကူမင်းရထားလမ်းစီမံကိန်းရဲ့တစိတ်တပိုင်း...
ကျောက်ဖြူ မန္တလေး မူဆယ် ကူမင်း
အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးရဲ့မြောက်ပိုင်းအတွက်....
အဓိကအားဖြင့် MNDAA နဲ့.....

မန္တလေးနဲ့ ပြည်မ တောင်တန်းကြားဒေသကို...
ထိန်းချုပ်ဖို့...TNLA စသဖြင့်....ဗြောင်ကျကျ...
နယ်မြေသတ်မှတ်ရေးဟာ...မြန်မာနိုင်ငံအပေါ်...
ထားရှိတဲ့....တရုတ်ရဲ့မျက်နှာဖုံးအောက်က...
#ကောက်ကျစ်မှုတဖြေးဖြေးရုပ်လုံးပေါ်လာပါပြီ

ဟန်ဆောင်ကာမူပို
............................

ဒါကြောင့်မို့လို့... ၁၀၂၇ စတင်ချိန်ကနေ...
ဟိုက်ဂင်သဘောတူညီမှုမရခင်အထိ....
#တရုတ်ဟာရေငုံနှုတ်ပိတ်နေခဲ့ပြီး...
တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေး...
လမ်းကြောင်းတခုလုံးကို...ထိန်းချုပ်သွားနိုင်ချိန်မှာ...
ယာယီအပစ်အခတ်ရပ်စဲရေးနဲ့...နိုင်ငံရေးအရ...
ညှိနိုင်းမှုတွေကို....ကြားဝင်စေ့စပ်သူအဖြစ်...
ပါဝင်ဆောင်ရွက်ခဲ့ပါတယ်....။

ဟိုက်ဂင်သဘောတူညီမှုရပြီးချိန်မှာ...
ကျောက်ဖြူရေနက်စီမံကိန်းဖက်ကို...တဖန်...
Proxy War ဖန်တီးလိုက်တဲ့အတွက်...
ရခိုင်မြောက်ပိုင်းကနေ...ယနေ့....သံတွဲဒေသအထိ...
AA နဲ့ နစက တိုက်ပွဲတွေပြင်းထန်ဆဲဖြစ်ပါတယ်...။

ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တဝက်ကို...
AA ထိန်းချုပ်နိုင်သွားချိန်မှာတော့....
ရှမ်းမြောက်...ဒေသနယ်စပ်ကုန်သွယ်ရေး...
လမ်းကြောင်းဖွင့်နိုင်ဖို့...ကြိုးစားရင်း...
နစက ကို နိုင်ငံရေးအရ...ဖိအားပေးဖွင့်ခိုင်းလို့မရချိန်မှာ....
တကျော့ပြန်စစ်ပွဲတွေ....ဇွန်က ၂၅ ရက်နေ့....
.မနက်က...ပြန်လည်ဖြစ်ပွားလာခဲ့ပါပြီ....။

နိုင်ငံရေးမှာတိုက်ဆိုင်တာမရှိ
................................................

ပြီးခဲ့တဲ့...၂ ပတ်...ဝန်းကျင်က...
သံလွင်အရှေ့ဖက်ခြမ်းက...ဝ တပ်ဖွဲ့လှုပ်ရှားမှု ၊
ဝ ပြည်နယ်အပိုင်..မြို့နယ်အဆင့်...
တိုးမြှင့်သတ်မှတ်မှုတွေဟာ...ကြိုတင်စီစဉ်ထားတဲ့...
#နိုင်ငံရေးကစားပွဲတွေဖြစ်ပါတယ်...။
ဒါဟာ...မိုးကြိုကာလ...စစ်မြူမယ့်ပွဲဖြစ်သလို...
တရုတ်ရဲ့ မျက်နှာဖုံးကွာကျတဲ့....ကာလလဲဖြစ်ပါတယ်....။

ဒီနေ့ ဟိုက်ဂင်သဘောတူညီမှု...
ပျက်သွားတဲ့အချိန်မှာတော့...အရင်တည်းက...
အညာ Pdf တွေအားကောင်းတဲ့....မတ္တရာတဝိုက်...
TNLA တွေအားကောင်းတဲ့...နောင်ချိုတဝိုက်နဲ့...
ကျောက်မဲ သီပေါ မြို့နယ်တွေမှာ...
တပြိုင်နက်တည်း...တိုက်ပွဲတွေဖြစ်လာပါတယ်....။
SSPP အဖွဲ့ကတော့....ကွတ်ခိုင်ဖက်ကို...
ခြေကုပ်ယူဖို့...ပြင်ဆင်နေတယ်လို့သိရပါတယ်...။

၁၀၂၇ မှာ MNDAA ဦးဆောင်ကယ
လက်နက်အင်အားထောက်ပံ့ခဲ့ပြီး...
ဗမာ Pdf တွေကလူအင်အားထောက်ကန်ခဲ့ပါတယ်...။

ယခု...တကျော့ပြန်စစ်ပွဲမှာတော့...
TNLA က ဦးဆောင်စစ်ဆင်နွဲနေပေမယ့်..
စစ်သင်တန်း ၅ ခုပေါင်းဆင်းထားတဲ့..
မတ္တရာ PDF အင်အားအများအပြားပါဝင်တယ်လို့သိရပါတယ်...။

#တရုတ်ရဲ့မူလရည်မှန်းချက်အတိုင်း
TNLA ကပြင်ဦးလွင် - နောင်ချို လမ်းပိုင်းကနေ...
မန္တလေး - ကူမင်းရထားလမ်းစီမံကိန်းအထိ...
#ထိန်းချုပ်ဖို့ကြိုးစားလာပါလိမ့်မယ်...။

တဖက်မှာ...အားဖြည့်တိုက်ပွဲဝင်နေတဲ့...
NUG လက်အောက်ခံ မတ္တရာ Pdf တွေက...
Loc ဖြတ်တောက်ဖို့...မြေဖြန့်နဲ့ချိတ်ကာ
မြင်းခြံ တောင်သာ Pdf တွေ...
မန္တလေးအပါအဝင်....စစ်ကိုင်းနဲ့...
မန္တလေးမြောက်ပိုင်းဒေသတွေကို...လွတ်မြောက်နယ်မြေရယူကြပါလိမ့်မယ်...။

ဒဲုဲတိယပိုင်းကစားပွဲ
....................................

နှစ်ဖက်အဖွဲ့အစည်းတွေဟာ..
ပင်မနိုင်ငံရေးရည်မှန်းချက်တွေ....မတူကြပေမယ့်...
မိတ်ဖက်ဖြစ်စေတဲ့အကြောင်းအရာဟာ...နစကဖြစ်နေတဲ့အတွက်...
ဒီတကြိမ်မှာဖြစ်လာမယ့်...
တိုက်ပွဲတွေဟာ....
#၁၀၂၇ထပ်ပိုမိုအားကောင်းလာနိုင်ပါတယ်....။

နှစ်ဖက်အဖွဲ့အစည်းရဲ့...
ဘုံရည်မှန်းချက်ဟာ.....ဆိုင်ရာနယ်မြေ...
ရရှိရေးဖြစ်တဲ့အတွက်... ကနဦးရန်သူဟာ...
နစကဖြစ်နေဆဲပါပဲ....။

NUG ကလဲ...
သူတို့ရဲ့ရည်မှန်းချက်အတိုင်း...Pdf တွေကို...
လစဉ်မွေးထုတ်လျက်ရှိသလို...
တရုတ်ကလဲ...
စာရွက်ပေါ်ကဟိုင်ဂင်သဘောတူညီမှုရဲ့..
စားပွဲအောက်မှာတော့....ကလားဖန်ထိုးဖို့...
မီးစာတဖက်...ရေမှူတ်တဖက်နဲ့....
အစီအစဉ်တကျ....ချပြီးဖြစ်ပါလိမ့်မယ်...။

Plan a b c d အထိရှိနိုင်ပြီး...
လက်ရှိနစက နဲ့ နိုင်ငံရေးအရ...လိုအပ်ချက်...ညှိနိုင်းမှူမရမချင်း....
၂၀၂၃ ရှမ်းမြောက်စစ်ပွဲပုံစံနဲ့...မူလရည်မှန်းချက်အရ...ကာကွယ်ဖို့...
လိုအပ်တဲ့နေရာတွေအထိ...တိုက်ပွဲတွေဖြစ်လာပါလိမ့်မယ်...။

တရုတ်ကိုကြောက်ရတဲ့ဝန်မင်း
..................................................
၁၉၆၀ ဝန်းကျင်တည်းက...
ဒုက္ခပေးခဲ့တဲ့...တရုတ်တွေဟာ...
၂၀၂၄ ...ခုနှစ်...နှစ်ပေါင်း ၆၀ ကျော်သည့်တိုင်...
အိမ်နီးချင်းကောင်းမပီသစွာ...
ပုံစံတမျိုးမျိုးနဲ့....ဒုက္ခပေးနေတုန်းပါပဲ...။

မီးစာတဖက်...ရေမှုတ်တဖက်နဲ့...
တရုတ်ရဲ့လုပ်ရပ်ဟာ...၂၀၂၁ နိုင်ငံရေးအပြောင်းအလဲကာလမှာ...
မီးစာအားတွေ...အားပိုဖြည့်လာခဲ့တာမို့လို့...တရုတ်ရဲ့...
ယုတ်မာမှုတွေ....တရုတ်ရဲ့လွှမ်းမိုးမှုတွေ...
ပိုမိုပေါ်လွင်လာခဲ့ပါတယ်....။

#ကျွန်တော်တို့တရုတ်ကိုကြောက်ရတယ်ဆိုတဲ့...
နိုင်ငံတော်အဆင့်...ဝန်ကြီးတယောက်ရဲ့စကားဟာ...
အဓိပ္ပာယ်မဲ့ထွက်လာခဲ့တာမှ....မဟုတ်ပဲလေ.......။

နစကအတွက်
..........................
ဒီတပွဲမှာ...နစကဖက်က...၁၀၂၇ တုန်းကလို....
ကြိုတင်ပြင်ဆင်မှု...တန်ပြန်ဆောင်ရွက်မုမရှိ
မဟာဗျူဟာမရှိပဲ....အမှားပေါ်....အမှားဆင့်...
အမှားတွေနဲ့....#ဆက်မှားနေဦးမယ်ဆိုရင်တော့.....
နစကရဲ့...နိူဝင်ဘာရွေးကောက်ပွဲဟာ...
#ရေထဲအရုပ်ရေးသလိုဖြစ်သွားနိုင်ပါတယ်...။

ဒါကြောင့်...
နစက နဲ့ တရုတ် တို့ရဲ့....ကစားပွဲ....
ဘယ်လိုတွေဆက်ဖြစ်ပြီး...ဒုတိယပိုင်းမှာ...
ဘယ်လိုတွေ...ပွဲသိမ်းကြမလဲဆိုတာ....?

တချိန်လုံး...မျက်နှာဖုံးကြားက...
အပြုံးတုနဲ့....ဆက်ဆံခဲ့တဲ့တရုတ်...
ဒီကနေ့မှာ....မျက်နှာဖုံးကွာကျခဲ့ပါပြီ....။
တရုတ်ရဲ့ယုတ်မာမှုတွေ...
ဘယ်အထိသွားမလဲ....ဆိုတာ....?...

အနိဌာရုံတွေကြားကနေ....
ရတက်မအေးစွာ...စောင့်ကြည့်ရပါဦးမယ်...

#Htoo_Maung

Via crd# Ye Naung Naung

Post a Comment

Previous Post Next Post