ဂျင်းထည့်ပြန်ပြီ



ထုံးစံအတိုင်းပါပဲ၊ TNLA ကလည်း
နွေဦးတော်လှန်ရေးဆိုပြီး ပြည်မက
မြန်မာတွေ ဂျင်းထည့်လိုက်ပြန်ပါပြီ ။

မြေပြင်မှာတော့ သူသိမ်းပိုက်ထားတဲ့
မန်တုံက ဗမာတွေ ဗမာ သူဌေးတွေ ကို
မောင်းထုတ်လိုက်တာ အားလုံးအသိပါ။

ဗမာ တွေမှ မဟုတ်ပါဘူး။

နမ့်ခမ်း မှာ ရှမ်းတွေ နေထိုင် လို့
မရအောင် ဆိုင်တစ်ဆိုင်ကို တစ်လ
လျှင် သိန်း ၁၅၀ အခွန်ကောက်သတဲ့။

စိုက်ပျိုးမြေ တစ်ဧက  ကို တစ်လ
သိန်း ၃၀ တဲ့။ ဒါက ပလောင်မဟုတ်တဲ့
အခြားတိုင်းရင်းသားတွေ ကို ကောက်တာ၊
ပလောင်တွေ ကို မကောက်ဖူးတဲ့။

သဘောကတော့ 
တအောင်း ပလောင်မှ အပ ကျန်တဲ့
လူမျိုးတွေ မနေနိုင်အောင် ပုံစံမျိုးစုံနဲ့
တိုက်ခိုက်နေတဲ့ သဘောပါပဲ။

ဒီဂျင်းတွေ မသိသရွေ့ကတော့
ခံလိုက်အုံးပေါ့ ကိုရွှေဗမာ တို့ရယ်။

အောင်နိုင်သူ

Post a Comment

Previous Post Next Post