တရုတ်အစိုးရ_မျက်နှာပြောင်တိုက်ပြီ


ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးမူ နှစ် ၇၀ ပြည့်တဲ့နေ့..
သမ္မတဟောင်းဦးသိန်းစိန်....တရုတ်ကိုရောက်နေတဲ့အချိန်ကာလ...

ဒီလိုအချိန်ကိုက်မျိုးမှာ....MNDAA အဖွဲ့ကလားရှိုးကိုဝင်ဆောင့်ပါတယ်...။
ဒါဟာ...
တဖက်အဖွဲ့အစည်းက...ရမခ လိုနေရာကို....
ချန်လှပ်ပြီး...စစ်မြူရင်း....စစ်ကစားလို့ရလျက်နဲ့...

#စစ်ပွဲကိုဆွဲမချင်တော့တဲ့ပုံစံ လို့သတ်မှတ်လို့ရပါတယ်....။
တရုတ်အစိုးရ...မျက်နှာပြောင်တိုက်လွန်းသွားပြီ...။

နိုင်ငံတော်အဆင့်..ကမ္ဘာသိအခမ်းအနားနဲ့...
ဘန်ဒေါင်းနှစ်ပတ်လည်ကျင်းနေတဲ့ကာလမျိုးမှာ...
#မြန်မာပြည်ဖက်က.
ဖိတ်ကြားခံကိုယ်စားလှယ်တွေ....#တရုတ်ကိုရောက်နေတဲ့အချိန်...
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ..လားရှိုးမြို့ကို...
တရုတ်ကျောထောက်နောက်ခံပြုထားတဲ့...ကိုးကန့်အဖွဲ့
#MNDAAဝင်ရောက်ချဥ်းကပ်တာဟာ...အင်မတန်ရုပ်ဆိုးပါတယ်....။

သမ္မတဟောင်းဦးသိန်းစိန်ရဲ့တရုတ်ခရီးစဥ်ဟာ...
မြန်မာပြည်တွင်းရေး....ရှမ်းမြောက်ဒေသအတွက်....
အဖြေတခုရလိမ့်မယ်လို့...မျှော်လင့်နေတဲ့မြန်မာလူထုအတွက်...
ဒီကနေ့...ဖြစ်ရပ်ဟာ....#မျှော်လင့်ချက်မဲ့စေပါတယ်....။

ဒါပေမယ့်....လက်ရှိအစိုးရအဖွဲ့....#နစကကိုမဖိတ်ပဲ....
ချန်လှပ်ထားလိုက်ကတည်းက....တရုတ်ရဲ့သဘောထားက...
နစကနဲ့နိုဝင်ဘာရွေးကောက်ပွဲအပေါ်ကို....#အနှုတ်လက္ခဏာပြပြီးဖြစ်တယ်လို့...
ကောက်ချက်ချက်....ယူဆလို့ရတဲ့အခြေအနေတရပ်ပါ....။

#စစ်မြူကာလ...လို့သတ်မှတ်ထားတဲ့...မိုးရာသီမှာ...
ပြည်မနဲ့တောင်တန်းဒေသ...ထိစပ်နေတဲ့ကာလကိုပဲ...
စစ်ရေးပစ်မှတ်ထားတယ်လို​့..ယူဆထားခဲ့ပေမယ့်...
နိုင်ငံရေးအခင်းအကျင်းက....#ပိုမိုကြမ်းတမ်းလာဖွယ်ရှိပါတယ်....။

ဒါဆိုရင်...နစကအနေနဲ့...
နိုင်ငံရေးအရချဥ်းကပ်မှုကို...#မဖြစ်မနေရွေးချယ်ရတော့မယ့်...
လမ်းဆုံလမ်းခွကိုရောက်နေပြီလို့ပြောရပါမယ်...။
တရုတ်အစိုးရနဲ့...#အိမ်နီးချင်းဆက်ဆံရေးကိုအဆုံးသတ်မလား...
တရုတ်ရဲ့အနောက်ပင်လယ်ထွက်ပေါက်တွေကို...ဆုပ်ကိုင်ထားပြီး...
တရုတ်အစိုးရနဲ့...ရင်ဘောင်တန်းပြီး...#မျှချေပြုကစားမလား....။

တကယ်တော့....
#တရုတ်ရဲ့အသက်ကယ်ကမြန်မာပြည်ဖြစ်ပါတယ်.
တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်အရေးဟာ.....တရုတ်အတွက်...
မဖြစ်မနေရှောင်လွှဲလို့...#နိုင်ငံရေးအကျပ်အတည်းတခုဖြစ်ပါတယ်....။
တောင်တရုတ်ပင်လယ်နဲ့...နိုင်ငံတကာရေပိုင်နက်ဟာ...
အချိန်မရွေးတံခါးပိတ်သွားနိုင်တဲ့....နိုင်ငံရေးပုစ္ဆာတပုဒ်ပါ....။

အနောက်ဖက်ထွက်ပေါက်ကသာ...
#တရုတ်ရဲ့အသက်ကယ်ဆေးဖြစ်တဲ့အတွက်...
မြန်မာပြည်မြောက်ပိုင်းတကြောရဲ့...Proxy War ကို...
မြန်မြန်ဆန်ဆန်နဲ့...အကောင်အထည်ဖော်လာတာဖြစ်ပါတယ်....။

ဒီလို....Geopolitics ကို...
မိမိရရဆုပ်ကိုင်ထားနိုင်ခဲ့မယ်ဆိုရင်...
#နစကရဲ့အသက်ကယ်ဆေးလဲဖြစ်လာမှာဖြစ်သလို....
ပြည်တွင်း နိုင်ငံရေး အကျပ်အတည်းကိုပါ...တပါတည်းဖြေရှင်းပြီး....
ပွဲပြိးမီးသေ....ပတ်စာခွာဖျာလိပ်...လို့ရနိုင်ပါလိမ့်မယ်....။

ဒီတခါ...နိုင်ငံရေးပြဿနာကို...
#လိမ်မာပါးနပ်စွာချဥ်းကပ်ဖြေရှင်းနိုင်မယ်ဆိုရင်တော့....
#တရုတ်ရဲ့မျက်နှာပြောင်တိုက်တဲ​့...
နိုင်ငံရေးဖိအားတွေကနေ...ရှောင်လွှဲနိုင်ပါလိမ့်မယ်....

တကယ်၍....နိုင်ငံရေးပရိယာယ်မကြွယ်ပဲ...
အကွက်ရွေ့မှားခဲ့မယ်ဆိုရင်တော့....မြန်မာပြည်မြောက်ပိုင်းဟာ...
#တရုတ်ဝင်ရောက်သိမ်းပိုက်ခံရသကဲ့သို့ဖြစ်သွားမှာဖြစ်သလို...
နစကအနေနဲ့....#ပိုမိုကျပ်တည်းစွာရင်ဆိုင်ဖြေရှင်းရပါလိမ့်မယ်....။

ကျွန်တော်တို့ကိုယ်တိုင်..မန္တလေးမှာ...
#တရုတ်အလံလွှင့်ထူခံရတဲ့အဖြစ်မျိုး...မကြုံတွေ့ရဖို့လိုပါတယ်...။
တရုတ်ရဲ့အသက်ကို...နစကသိဖို့လိုပါတယ်....။
ဝှက်ဖဲတွေထုတ်သုံးချိန်တန်ပြီလို​့....ပြောရပါလိမ့်မယ်...။

#Htoo_Maung

1 Comments

  1. နစကအနေနဲ့တရုပ်ကိုဆန့်ကျင်ရဲဘို့ဆိုတာအလွန်ဘဲခဲယဥ်းတယ်လို့မြင်မိတယ်၊ဘာဖြစ်လို့လဲဆိုတော့နစကကိုဝိုင်းဝန်းထားတဲ့အလယ်အဆင့်နဲ့အထက်အဆင့်တွေဟာ bribery တွေနဲ့နေရာရလာသူေတွကအများစုဖြစ်နေတယ်၊ အဲဒီလူတွေဟာသက်ဆိုင်လုပ်ငန်းမှာမတော်ပေမဲ့နေရာယူတဲ့နေရာမှာတော့ပါရဂူတွေဘဲဆိုတာတွေ့ရတယ်၊ နစကတက်ခါစကဝန်ကြီချုပ်နေရာကိုတက်ထိုင်တဲ့တိုင်းမှူးကိုတွေ့ရသလို၊ဒုဝန်ကြီးချုပ်အဆင့်ရှိတဲ့နိုင်ငံခြားသံတမာန်ကိုလည်းသူ့ထက်အဆင့်နိမ့်တယ်လို့ထင်တဲ့ဒေသအာဏာပိုင်ကိုလည်းတွေ့ရတယ်၊တပ်မတော်ကနယ်ဘက်ကိုလွှဲပေးတဲ့လူတချို့ဆိုရင်သူ့ရောက်လာတဲဌာနကလူတွေထက်အရည်အသွေးနဲနေတကိုတွေ့ရတယ်၊ကိုယ်ရဲ့ professional မှာ မတော်ပေမဲ့၊အုပ်ချုပ်တဲ့နေရာရောက်လာရင်ဥပဒေအတိုင်းဆိုတဲ့စကားကိုအလွန်ပြောတတ်ကြတာတွေ့ရတယ်၊နေရာမှန်မှာမရှိတဲ့လူတွေနဲ့နိုင်ငံ့ယန္ဒယားကိုမောင်း ​ေနှင်​ေနေရတဲ့နစကဟာအဓိကအဆင်မပြေရတဲ့အကြောင်းရင်းဘဲဆိုတာတွေ့ရတယ်၊နောကိဒုတိယအချက်ကတော့ရွေးကောက်ပွဲကို ၂ နှစ်အတွင်းကျင်းပပေးနိုင်အောင်အားမစိုက်ခဲ့ခြင်းဘဲဖြစ်တယ်။အဲဒါတွေဟာယနေ့တွေ့နေရတဲ့အခင်းအကျင်းတွေရဲ့အကြောင်းရင်းဖြစ်နေတယ်၊ဒါပေမဲ့မျှော်လင့်နိုင်တဲ့မီး,ရောင်ကတော့အမေရိကန်ရဲ့ရွးကောက်ပွဲဖြစ်နေတာဟာကိုယ့်မှာဘာ ဖန်တီးနိုင်စွမ်းမှမရှိတာကတော့သိပ်မကောင်းဘူး။တပ်ကရာထူးကြီးသွားတဲ့သူတွေဟာ professional အဆင့်မရှိတော့တာကိုအမြန်ပြင်ရမယ်၊လူငယ်တွေကိုနေရာပေးရမယ်၊လူသတ်သမားတွေ၊မီဒီယာလွပ်လပ်ခွင့်ကိုစောက်တလွဲအသုံးချနေတဲ့ကောင်တွေကိုဖမ်းပြီးတရားရုံးတင်ရမယ်၊ nug နဲ့ crph ကောင်တွေကိုမိအောင်ဖမ်ပြီးပြည်သူ့ခုံရုံးတင်ရမယ်၊နိုင်ငံခြားမှာလိုက်ဖမ်းနိုငင်မယ့်မော့ဆက်လိုအဖွဲ့ကိုဖွဲ့ရမယ်၊အင်တာပိုကိုအကူအညီယူရမယ်။

    ReplyDelete

Post a Comment

Previous Post Next Post