ရုရှားနိုင်ငံတွင်ကျင်းပမည့် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ တက်ရောက်မည်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲသည် (၂၇) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို တက်ရောက်ရန် ဇွန်လ ၃ ရက်၊ ညနေပိုင်းတွင် ရန်ကုန်မြိုမှ လေကြောင်းခရီးဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

အဆိုပါ နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို၌ ဇွန် ၅ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းဖိုရမ်သို တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီအမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်

Post a Comment

Previous Post Next Post