သံဃာထုအား ကျွန်းလှမီးအိမ်ရှင် မှ လျှောက်ထားချက်


(ယခုပို့စ်ဟာ ကျွန်းလှမီးအိမ်ရှင် ရဲ့ အာဘော်သာဖြစ်ပါသည်)

ကျွန်းလှမီးအိမ်ရှင်ဟာ ရဟန်း၊သံဃာတွေနဲ့ပတ်သက်တာတွေ ပြောရမယ်၊ရေးရမယ်ဆိုရင် ရှောင်ပါတယ်။ကိုယ်နဲ့မတူတိုင်း ရဟန်းတွေကို ဆဲတာမျိုး၊ဂတုံးလို့ ခေါ်တာမျိုး မလုပ်ဖူးပါ။ယဥ်ကျေးတဲ့မိဘက မွေးဖွားလာတဲ့အတွက် မိုက်မိုက်ရိုင်းရိုင်း ရမ်းကားပြောဆိုခြင်း မရှိဖူးပါ။

အခုတော့ သံဃာတွေနဲ့ပတ်သက်ပြီး နည်းနည်းပြောပါရစေ..

အကြမ်းဖက်တွေက ရဟန်းသံဃာတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့တုန်းက ၊သတ်ပြနေတုန်းက အရှင်ဘုရားတို့ ဘယ်ရောက်နေကြတာလဲ ဘုရား...

အရှင်ဘုရားတို့ ဘာလို့ မဝေဖန် ၊ဘာလို့မအော်ခဲ့ကြတာလဲ ဘုရား..

အရှင်ဘုရားတို့ မမြင်၊မသိ၊မကြားကြလို့လားဘုရား..

ဒါမှမဟုတ် အဲ့အချိန်တွေတုန်းက ဂူအောင်းတရားကျင့်နေကြလို့လားဘုရား..

ကြောက်လို့ အသတ်ခံရမှာစိုးလို့ မဝေဖန်တာဆိုရင် တပည့်တော်လက်ခံပါတယ်ဘုရား..

အလိုတူ အလိုပါလို့ မဝေဖန်တာဆိုရင်တော့ တပည့်တော် လက်မခံပါဘူး ဘုရား..

ယခု အရှင်ဘုရားတို့လုပ်နေတဲ့ ပုံစံက ဒီဆရာတော်ကြီးကမှ သံဃာလို့သတ်မှတ်ပြီး အကြမ်းဖက်တွေသတ်လို့ ပျံတော်မူလွန်သွားတဲ့ ရဟန်းတွေက သံဃာ မဟုတ်ဘူးလားဘုရား..အဲ့လိုလား ဘုရား..

ရဟန်းသံဃာ (၁၀၀ ) အသတ်ခံရတာက ဓမ္မဖြစ်ပြီး..
သံဃာတော် တစ်ပါး မတော်တဆ ပျံတော်မူလွန်သွားတာက အဓမ္မတဲ့လားဘုရား..

အခုကိစ္စအတွက်နိုင်ငံတော်အကြီးအကဲနဲ့ တချို့ဆရာတော်ကြီးတွေက တောင်းပန်လျှောက်ထားနေကြတာကို အထွန့်တက်နေကြတာတော့ ရုပ်ဆိုးလွန်းလှပါတယ်ဘုရား..

တပည့်တော်သိချင်တာက ယခုကိစ္စလိုပဲအကြမ်းဖက်တွေ သတ်လို့ ပျံတော်မူသွားကြတဲ့ သံဃာတွေအတွက် အရှင်ဘုရားတို့ ဘာတွေများ ဆက်လုပ်ဖို့ရှိပါသလဲဘုရား...

တပည့်တော် ကျွန်းလှမီးအိမ်ရှင် ဖြစ်ပါတယ်ဘုရား 🙏🙏🙏

ကျွန်းလှမီးအိမ်ရှင်

https://t.me/kyunhlanews

Post a Comment

Previous Post Next Post