နိုင်ငံကိုကာကွယ်မယ့် ပြည်သူ့သားကောင်းများ

အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
****
၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်နေ့၊ နံနက် ၆ နာရီ ၃၀ မိနစ် အချိန်က သံဖြူဇရပ်မြို့နယ်၊ အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ သံဖြူဇရပ်တပ်နယ်် တပ်နယ််မှူးနှင့်အရာရှိများ၊ သံဖြူဇရပ််မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၇၅)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 
ရှေးဦးစွာကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးမှသင်တန်း၏အလေးပြုခြင်းကိုခံယူပြီး သင်တန်းအားစစ်ဆေးခြင်း၊ သင်တန်းတွင်ဆုရရှိသည့်သင်တန်းသားများဆုများ ပေးအပ်ခြင်း၊သင်တန်းသားများမှ ကတိသစ္စာခံယူခြင်း၊ ကျောင်းအုပ်ကြီးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း၊ သင်တန်းတပ်ခွဲမှ ချီတက်အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
Saw Ba Maung

Post a Comment

Previous Post Next Post