❝စစ်ရေးသည်သာ ပထမ၊ စစ်ရေးသည်သာဒုတိယ❞




ဟိုဂင် သဘောတူညီချက်အရဆိုရင်တော့ ရှမ်းမြောက် တကျော့ပြန်စစ်ပွဲဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးကျော်တိုက်ခိုက်မှုပါပဲ။ စည်းမျဉ်းသဘောတူညီချက်ကို သူတို့အဖွဲ့  စတင်ချိုးဖောက်မှုလို့လည်း ပြောလို့ရပါတယ်။


မနေ့က ရေးပြထားတဲ့အတိုင်း....ပြင်ဦးလွင်ကို စိတ်ပူတာထက် လားရှိုးကို ပိုပြီး စိတ်ထဲ ရှိပါတယ်။ ရမခ ဟာ ရှမ်းမြောက်ရဲ့ တိုင်းစစ်ဌာနချုပ်ပါ။ တမခ တခုဟာ အခြေအနေအရ စွန့်လွှတ်ရတာမျိုး ရှိကောင်း ရှိနိုင်ပေမဲ့ တိုင်း အဆင့်မကျဖို့ လိုပါတယ်။


ကျောက်မဲ၊ နောင်ချို ကို လက်လွှတ်ခဲ့ရရင် အုပ်ချုပ်မှု ကိစ္စ အတော်ခက်ပါပြီ။ ဘာလို့လဲ ဆိုတော့ လောက်ကိုင်မှာ တိုက်ပွဲ စဖြစ်တော့ စစ်ကူပို့မဲ့ယာဉ်တန်းကို ဒီနေရာလောက်ကနေ Cutoff လုပ်ခဲ့ပြီး Ambush လုပ်ခဲ့တာပါ။ လားရှိုးနဲ့ မန္တလေးဟာ မိုင် ၁၅၀ ကျော်ဝေးပါတယ်။ မိုင် ၁၅၀ ကျော်ဆိုတဲ့အနေအထားဟာ အမြန်လမ်းမှာ ၄ နာရီ ကျော်နဲ့ ရောက်နိုင်ပေမဲ့ ဂုတ်တွင်းလိုမျိုး အတက်အဆင်းများတဲ့ ရှမ်းပြည်အတွက် အနည်းဆုံး ၁၀ နာရီ လောက် လိုအပ်တဲ့ ခရီးအကွာအဝေး ဖြစ်ပါတယ်။


လားရှိုးကို ဝင်လာနိုင်တဲ့ လမ်းဟာ မန္တလေးကလာတဲ့ မြို့အဝင်လမ်းက ၁ ကြောင်း၊ နမ္မတူဘက်က လာတဲ့ အီနိုင်းလမ်းကြောင်း၊ မူဆယ်- သန္ဓီ ဘက်က လာမဲ့ အေတီ ဘက်က တကြောင်း ပဲ ရှိပါလိမ့်မယ်။ တိုင်းစစ်ဌာနချုပ်ကို ကာတာထက် မြို့ပတ်ပတ်လည်မှာ အရင်ကာနိုင်မှ တိုင်းစစ်ဌာနချုပ်ဟာ လုံမဲ့သဘော ရှိပါတယ်။ ကိုယ့်နေရာလေးပဲ လုံအောင်လုပ်နေရင်တော့ မြို့ထဲ  ရန်သူ ဘယ်လို ရောက်လာလဲတောင် သတင်း ရမှာ မဟုတ်ပါဘူး။ အဓိက အရေးကြီးတာက ဆင်တောင်ပါ။ သူက လေဆိပ်ကို စိုးမိုးပါတယ်။ ခုချိန် စစ်ကူပေးနိုင်တာကလည်း လေကြောင်းပဲ ရှိတော့မှာ ဖြစ်လို့ ဆင်တောင်ကို အဓိက ကာကွယ်ခိုင်းတာပါ။


ချုပ်ရရင် လားရှိုး ကျလို့မရပါဘူး။ လားရှိုးပါရင် ရှမ်းမြောက်တခုလုံး ဖြစ်သွားပါလိမ့်မယ်။ ရှမ်းမြောက်တခုလုံးကို လွတ်မြောက် ဒေသအဖြစ်ကြေငြာသွားပါလိမ့်မယ်။


ဟိုဂင်အပစ်ရပ်ချိုးဖောက်တာ ရန်သူက အရင် ဆုံးဖြစ်ပါတယ်။ မိုးမိတ်၊ မိုးကုတ်နဲ့ ကျောက်မဲ၊ နောင်ချိုဟာ ၁၀၂၇ နဲ့ မဆက်စပ်ပါဘူး။ ရန်သူ့ဌာနချုပ်တွေကို ဗုံးကြဲပေးမှ ပြည်သူ့ဘဝ လုံခြုံပါလိမ့်မယ်။ စစ်သည်တွေအတွက်လည်း မိုတီ ရပါလိမ့်မယ်။  NCA ဟာ နိုင်ငံရေး ဆွေးနွေးဖို့အတွက် ဖောက်ထားတဲ့ နိုင်ငံရေး မော်ဒယ်တခုသာ ဖြစ်ပါတယ်။ နယ်မြေသိမ်းပိုက်ထားတာကို လက်ခံဆွေးနွေးပေးရမဲ့ နေရာ / စာချုပ်မဟုတ်ပါဘူး။ စစ်ရေးအရတိုက်ခိုက်လာတာကို စစ်ရေးအရပဲ တန်ပြန် တုန့်ပြန်သင့်ပါတယ်။


(နရီမိုး)

Post a Comment

Previous Post Next Post