ရှမ်းမြောက်သတိရှိပါ ပြည်သူတွေဘေးကင်းကြပါစေ

ပွဲစတာနဲ့တန်ပြန်ထိုးစစ်ပြင်းထန်မြန်ဆန်ဖို့ဘဲအရေးကြီးမယ်။နောက်ပိုင်းတွေလိုက်ဗြုန်းဖို့လိုအပ်မယ်👉👉

ရှမ်းမြောက်ရမခ၊လားရှိုးမြို့ကို MNDAAမှတကယ်တိုက်တော့မှာလား!
ဇွန်၁၂၊၂၀၂၄။

ဒီနေ့ဇွန်၁၂ရက်ညနေ(၄)နာရီနောက်ပိုင်းမှစ၍လားရှိုးမြို့နယ်အတွင်းတပ်နှင့်MNDAAမျောက်တို့အကြားစစ်ရေးတင်းမာနေပြီးလမ်းကြောင်းအချိုပိတ်ထားလိုက်ပြီးမနက်ဖြန်ဇွန်၁၃ရက်နေ့တွင်လားရှိုး-မိုင်းလီ-သိန်းနီလမ်းကြောင်းခရီးမသွားသင့်ကြောင်းဒေသခံပြည်သူများထံမှသိရှိရသည်။

"ဒီညနေ(၄)နာရီနောက်ပိုင်းကစပြီး လားရှိုးနဲ့မိုင်းယော်ကြားမှာတပ်နဲ့ကိုးကန့်MNDAAမျောက်အဖွဲ့ကြား စစ်ရေးတင်းမာနေတယ်၊ကောင်း‌ဟုန်းရွာမှာတပ်ကအင်အားချထားတယ်၊ကိုးကန့်MNDAAအဖွဲ့တွေကကောင်းခမ်ရွာဘက်မှာအင်အားအလုံးအရင်းရောက်နေပြီ။မိုင်းလီလမ်းဘက်မှာMNDAAဒရုန်းအဖွဲ့များအပါအဝင်အင်အား(၄၀၀)ကျော်ရောက်နေပြီးဒီညနဲ့မနက်ဖြန်ဘာဆက်ဖြစ်လာမလဲမပြောတတ်ဘူး၊လားရှိုးအနီး
(၉)မိုင်၊တိမ်ဖြူဆီဆိုင်တစ်ဝိုက်တပ်အင်အား(၁၂၀၀)ကျော်နဲ့ဒရုန်းအဖွဲ့လုံခြုံရေးချထားတယ်၊ဘာပဲဖြစ်ဖြစ်မနက်ဖြန်လားရှိုး-မိုင်းလီ-သိန်းနီလမ်းကြောင်းခရီးမသွားတာကောင်းတယ်။ဖြစ်လာရင်ဘယ်အဖွဲ့မှမကယ်ပေးဘူး"
၂၀၂၄ဧပြီမှဇွန်လအတွင်းလားရှိုး (ရမခ)နှင့်မူဆယ်သို့ဒရုန်းများ၊လက်နက်ခဲယမ်းများနှင့်တပ်အင်အားဖြည့်ထားကြောင်းသိထားရသည်။၁၀၂၇စစ်ဆင်ရေးအပြီး ရှမ်းမြောက်တွင်လားရှိုး၊သီပေါ၊ကျောက်မဲနှင့်မူဆယ်မြို့များသာနောက်ဆုံးကျန်ရှိနေသည့်တပ်စခန်းများဖြစ်သည်။ 

ပြည်သူများဘေးကင်းကြပါစေ။

Post a Comment

Previous Post Next Post