“ ကိုယ် မွှေး တဲ့ မီး ကိုယ် ပြန် ငြိမ်း “

တ ရုတ် ကိုယ် စား လှယ် တိန့် ရှီ ကျွန်း နိုင် ငံ ခြား ရေး ဝန် ကြီး ဦး သန်း ဆွေ နဲ့ နေ ပြည် တော် မှာ ဇွန် လ ၁၈ ရက် နေ့ က လာ တွေ့ တယ် ။ 
နယ် စပ် ဒေ သ ငြိမ်း ချမ်း ရေး နဲ့ တည် ငြိမ် ရေး ပို မို မြင့် တင် ရန် ဆက် လက် ပူး ပေါင်း ဆောင် ရွက် ရေး ၊ နှစ် နိုင် ငံ ဆက် ဆံ ရေး နဲ့ နှစ် ဖက် အ ပြန် အ လှန် အ ကျိုး ဖြစ် ထွန်း စေ မယ့် ပူး ပေါင်း ဆောင် ရွက် မှု များ အ ရှိန် အ ဟုန် မြှင့် တင် ဆောင် ရွက် ရေး တို့ ကို ဆွေး နွေး ခဲ့ တယ် လို့ ဆို တယ် ။ 

အ မှန် တော့ ရှမ်း မြောက် မှာ TNLA က လား ရှိုး ကို လာ ဝိုင်း ပြီး စစ် ရေး ပြန် တင်း မာ လာ တယ် ။ ရ ခိုင် မှာ လည်း စစ် ရေး တွေ ပို ကျယ် ပြန့် လာ ပြီး တ ရုတ် ရဲ့ ဓာတ် ငွေ့ ပိုက် လိုင်း အ တွက် အ န္တ ရယ် ဖြစ် နိုင် တဲ့ အ ထိ ဖြစ် လာ တယ် ။ 

ဒါ ကြောင့် လာ တွေ့ တာ ပါ ။ မြောက် ပိုင်း ကုန် သွယ် ရေး လမ်း ကြောင်း ပြန် မ ပွင့် သေး တာ လည်း ပါ တာ ပေါ့ ။ လက် ရှိ အ ခြေ အ နေ က တ ရုတ် ရဲ BRI လမ်း ကြောင်း ပေါ် မှာ မ ငြိမ်း ချမ်း တဲ့ အ နေ အ ထား ဖြစ် နေ ပြီး ဘာ မှ ဆက် လုပ် လို့ မ ရ ဖြစ် နေ တယ် ။ 

လုပ် ခဲ့ တာ သူ့ လူ တွေ ကို ထိမ်း ခိုင်း ထား ပြီး စိတ် ကြိုက် လုပ် ဖို့ ၊ ဖြစ် လာ တာ က ဘာ မှ လုပ် မ ရ တော့ တဲ့ အ ခြေ အ နေ ။ 

၁၀၂၇ ကျား ဖြန့် ဆို တာ တ ရုတ် လုပ် ခဲ့ တာ ။ အဲ့ ဒါ ရဲ့ နောက် ဆက် တွဲ တွေ မြန် မာ နိုင် ငံ ခံ နေ ရ တာ ။ ဒါ ကို ဘယ် လို ငြင်း ငြင်း မြန် မာ အား လုံး အဲ့ လို ပဲ လက် ခံ ထား ကြ တယ် ။ 

အ ခု ဖြစ် နေ တဲ့ ရှမ်း မြောက် နဲ့ ရ ခိုင် ပြ ဿ နာ က တ ရုတ် မွှေး ခဲ့ တဲ့ ၁၀၂၇ ရဲ့ နောက် ဆက် တွဲ မီး ပဲ ။ ရှမ်း မြောက် သူ ပုန် နဲ့ ရ ခိုင် သူ ပုန် ဆို တာ လည်း တ ရုတ် လက် ဝေ ခံ တွေ ပဲ ။ 

တ ရုတ် တို့ က သူ့ လက် ဝေ ခံ တွေ ကို နယ် မြေ တွေ သိမ်း ခိုင်း ပြီး မြန် မာ ဗ ဟို အ စိုး ရ နဲ့ နား လည် မှု ယူ ခွဲ စား ပြီး ငြိမ် ငြိမ် နေ ဖို့ လုပ် ခဲ့ တာ ။ အဲ့ လို ဖြစ် အောင် လည်း တ ရုတ် နိုင် ငံ မှာ စ ဆွေး နွေး တော့ ၃၀  ၇၀ ဆို တဲ့ အ သံ ထွက် ခဲ့ တယ် ။ မြန် မာ ဗ ဟို အ စိုး ရ က ခေါင်း ငြိမ့် ခဲ့ ရင် အ ခု အ ချိန် မြောက် ပိုင်း လမ်း ကြောင်း ပုံ မှန် ပြန် ဖွင့် နေ ပြီ ။ 

ရ ခိုင် ဖက် ကို လည်း အဲ့ ဒီ ပုံ လုပ် ဖို့ AA ကို တိုက် စစ် ဖွင့် စေ ပြီး သူ ( တ ရုတ် ) က ဘ င်္ဂ လား ဒေ့ရှ် ဖက် က နေ ဒု က္ခ သည် ဘ င်္ဂါ လီ တွေ အ ရေး ကူ ညီ ပေး မယ် လို့ ထိုင် စောင့် နေ တယ် ။ 

အောင် မြင် ခဲ့ ရင် အ နှောက် အ ယှက် ပေး နိုင် တဲ့ သူ ပုန် လည်း ငြိမ် ၊ တ ရုတ် တို့ လည်း သူ အ လုပ် လုပ် မယ့် လမ်း ကြောင်း တစ် လျောက် က မြန် မာ နိုင် ငံ ကို proxy နည်း နဲ့ သိမ်း လိုက် နိုင် ပြီ ပေါ့ ။ င တက် ပြား ကို ဘ ဏ္ဍာ စိုး ခန့် သ လို ပေါ့ ။ 

မြန် မာ ဗ ဟို အ စိုး ရ ဖက် က ၃၀  ၇၀ လည်း လက် မ ခံ ဘူး ၊ မြောက် ပိုင်း ကုန် သွယ် ရေး လမ်း ကြောင်း လည်း ပြန် မ ဖွင့် တော့ ဘူး ဆို ပြီး ကျိုင်း တုံ မိုင်း လား ဖက် ကို ကုန် သွယ် ရေး လမ်း ကြောင်း ပြောင်း တော့ မယ် လုပ် လို့ တ ရုတ် တို့ အ ကြပ် ရိုက် ကုန် တာ ။ 

လက် ရှိ အ ခြေ အ နေ က မြန် မာ နိုင် ငံ အ တွက် ဘာ မှ မ ထူး ခြား ဘူး ။ မြန် မာ တွေ က နိုင် ငံ ကြီး တွေ က စား သ မျှ ခံ နေ ကြ ရ လို့ စီး ပွါး ရေး ပိတ် ခံ နေ ရ တာ ဆယ် စု နှစ် သုံး ခု ကျော် လောက် ရှိ ပြီ ။ တ ရုတ် ရဲ့ မူ ဆယ် အ ပါ အ ဝင် မြောက် ပိုင်း ကုန် သွယ် ရေး ရပ် သွား လည်း ဘာ မှ ပို ထူး မ သွား တော့ ဘူး ။ 

တ ရုတ် က တော့ BRI ဆို တဲ့ ပိုး လမ်း မ ကြီး ရဲ့ အ ဓိ က ဝင် ထွက် ပေါက် တံ ခါး တစ် ချပ် ပိတ် သွား ရ လိမ့် မယ် ။ 

၁၀၂၇ နဲ့ တ ရုတ် တို့ မြန် မာ ကို က စား ခဲ့ တယ် ။ ဒီ အ တွက် လည်း မြန် မာ နိုင် ငံ အ များ ကြီး ပေး ဆပ် လိုက် ရ တယ် ။ အ ခု အ ချိန် မှ မျက် နှာ ချို သွေး လာ လုပ် ရင် ပြ ဿ နာ အား လုံး ကို ပြန် ရှင်း ပေး လို့ တောင်း ဆို သင့် တယ် ။ 

ပြ ဿ နာ အား လုံး ဆို တာ မြောက် ပိုင်း သူ ပုန် တွေ အား လုံး ပြန် ရှင်း ပေး ဆို တာ မျိုး ပါ ။ နောက် ဘယ် တော့ မှ ခေါင်း မ ထောင် နိုင် အောင် ၊ ဘယ် တော့ မှ ထပ် မ လုပ် နိုင် အောင် အ ထိ တ ရုတ် တာ ဝန် ယူ ဖြေ ရှင်း ပေး ဖို့ တောင်း ဆို သင့် တယ် ။ 

မြောက် ပိုင်း နဲ့ AA လက် နက် ကိုင် သူ ပုန် လုံး ဝ ချုပ် ငြိမ်း ပ ပျောက် သွား ရေး အ ထိ တောင်း ဆို လုပ် ကိုင် ဆောင် ရွက် သင့် တယ် ။ ဒါ မှ သေ ချာ တဲ့ ငြိမ်း ချမ်း ရေး ရ ပြီး တိုး တက် လိမ့် မယ် ။ 

တ ရုတ် တို့ သူ တို့ လုပ် ငန်း တွေ အေး အေး ဆေး ဆေး လုပ် ချင် တယ် ဆို ရင် နယ် စပ် မှာ သူ ပုန် မွေး ပြီး ဖိ အား ပေး တဲ့ မူ ကို လုံး ဝ စွန့် လွှတ် ဖို့ လို တယ် ဆို တာ သ ဘော ပေါက် ဖို့ လို တယ် ။

မြန် မာ နိုင် ငံ ထဲ မှာ တ ရုတ် တို့ နယ် စပ် မှာ သူ ပုန် မွေး ပြီး အ နိုင် ကျင့် နေ တယ် လို့ ယူ ဆ နေ တဲ့ သူ တွေ ချည်း ပဲ ။ အဲ့ ဒီ ကိ စ္စ ကို မြန် မာ ပြည် သူ အား လုံး မ ကြိုက် ကြ ဘူး ။ 

အ စိုး ရ တွေ ကို တ ရုတ် တို့ လွှမ်း မိုး လို့ ရ နိုင် ပေ မယ့် တစ် နိုင် ငံ လုံး မှာ ရှိ တဲ့ ပြည် သူ တွေ ကို လွှမ်း မိုး ဖို့ တော့ မ လွယ် ဘူး ။ 

ဒါ ကြောင့် ရေ ရှည် အေး အေး ချမ်း ချမ်း အ လုပ် လုပ် ချင် တယ် ဆို ရင် မြန် မာ ပြည် နဲ့ မြန် မာ အ စိုး ရ တွေ ကို ဖိ အား ပေး ဆက် ဆံ တဲ့ နည်း စွန့် လွှတ် ပြီး Win Win ဆို တဲ့ အ တူ တူ အ ကျိုး ခံ စား ရ မယ့် ငြိမ်း ချမ်း ရေး လမ်း ကို ရွေး ဖို့ တ ရုတ် ကို တိုက် တွန်း ချင် တယ် ။ 

လျော့ မ ပေး ပါ နဲ့ ။ 

မိုး တင့် ( ရန် ကုန် တ က္က သိုလ် ) 

                                          မိုး တင့် ဆွေ 
                                      ၂၀ ၊ ၆ ၊ ၂၀၂၄ 
                                    ကြာ သ ပ တေး ။

Post a Comment

Previous Post Next Post