ရခိုင်ပြည်နယ်ပြိုပျက်ရုံသာမက ပြည်ထောင်စုကိုပါဖြိုဖျက်လာမယ့် အာရက္ခနိုင်ငံအိပ်မက်


Bullet Journal အတွဲ၆အမှတ်၁၆

ရခိုင်မှာရခိုင်တပ်ပဲရှိရမယ်ပြောပြီး
ချင်းမှာချင်းတပ်ပဲရှိရမှာကိုလက်မခံတဲ့AA

VOAက ဇွန်၅ရက်နေ့ထုတ်လွှင့်တဲ့ AA ခေါင်းဆောင်ထွန်းမြတ်နိုင် အင်တာဗျူးမှာ "ချင်း နဲ့ ကျွန်တော်တို့တော်တော်လေးကောင်းတဲ့ဆက်ဆံရေးတည်ဆောက်ထားပါတယ်၊လက်တွေ့မြေပြင်မှာပူးပေါင်းဆောင်ရွက်မှုလည်း ကောင်း ပါတယ်"လို့ ဖြေကြားသွားပေမယ့် ချင်းအဖွဲ့အစည်းများက AAကိုဆန့်ကျင်ကန့်ကွက်မှုတွေ ပိုများလာနေပါတယ်။AAအနေနဲ့ ချင်းပြည်နယ်ပလက်ဝ မြို့နယ် အတွင်းရှိ ဒေသခံချင်းလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေမှုကိုရပ်တန့်ဖို့
ကမ္ဘာလုံးဆိုင်ရာခူမီးအမျိုးသားအဖွဲ့ အစည်း(GKO)က ဇွန်၄ရက်နေ့ ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။AAဟာ ပလက်ဝနယ် ရှိဒေသခံချင်းလူမျိုးတွေအပေါ်မတရားဖမ်းဆီးရိုက်နှက်ညှင်းပန်းခြင်း၊သတ်ဖြတ်ခြင်း၊သက်ငယ်မုဒိန်းကျူးလွန်ခြင်း၊မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးခြင်းတွေလုပ်ဆောင်နေတယ်လို့ ခူမီးအဖွဲ့အစည်းကြေညာချက်မှာဖော်ပြထားပါတယ်။Chinland Councilကလည်းAA အနေနဲ့ ချင်းပြည်နယ်အတွင်းမှာ အဓမ္မလူသစ်စုဆောင်းမှု ၊အုပ်ချုပ်ရေးဖော်ဆောင်မှုနဲ့စစ်ရေးလှုပ်ရှားမှုတွေ ရှောင်ရှားပေးဖို့ ဇွန်၁၀ရက်နေ့က ကြေညာချက်ထုတ်တောင်းဆိုလိုက်ပါတယ်။"ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း မိမိတို့ပြည်သူလူ ထု များ၏သဘောထားဆန္ဒမပါဘဲ အတင်းအကြပ်အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၊လူ့အခွင့်အရေးချိုးဖောက်ခြင်းများ လုပ်ဆောင်နေမှုများသည် တိုင်းရင်းသားလူမျိုးနွယ်စုများ အချင်းချင်း ကြား မလိုလားအပ်သော လူမျိုးရေးပဋိပက္ခ၊စစ်ရေးပဋိပက္ခများဖြစ်ပေါ်လာစေနိုင်သည့်အတွက်  အထက်ပါလုပ်ဆောင်နေမှုများကို ရပ်တန့်ပေးပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်"လို့ လည်း ကြေညာချက်နိဂုံးမှာဖော်ပြထားပါတယ်။ ချင်းပြည်နယ်မှာချင်းလက်နက်ကိုင်အဖွဲ့ ပေါင်း များစွာ ရှိနေပေမယ့် Chinland Councal (ချင်းပြည်အစိုးရ) ကိုဦးဆောင်ဖွဲ့စည်းထားတဲ့ချင်းအမျိုးသားတပ်ဦး (CNF)က အင်အားအကြီးမားဆုံး ဖြစ်ပြီးCNFဟာ  AAက ချင်း​ပြည်နယ်ပလက်ဝမြို့ကိုသိမ်းယူမှု၊ချင်းပြည်နယ်အတွင်းAAတည်ရှိနေမှုကို လက်မခံတဲ့ အဖွဲ့ဖြစ်ပါတယ်။AAခေါင်းဆောင်ပြောတဲ့ "ချင်းနဲ့ကျွန်တော်တို့ တော်တော်လေးကောင်းတဲ့ဆက်ဆံရေးတည်ဆောက်ထားပါတယ်"ဆိုတာ AAအမိန့်နာခံတဲ့ချင်းလက်နက်ကိုင်အဖွဲ့ငယ်တချို့ကိုသာ ပြောတာဖြစ်လို့ အင်အားကြီးတဲ့ချင်းလက်နက် ကိုင်အဖွဲ့နဲ့ ချင်းလူထု ကိုကိုယ်စားမပြုတာ သေချာနေပါတယ်။
ပလက်ဝမြို့နယ်အတွင်းAAနဲ့CNF အပါအဝင်လက်နက်ကိုင်အဖွဲ့၅ ဖွဲ့ရှိနေရာမှာ  AAဘက်မှာချင်းအဖွဲ့တစ်ဖွဲ့သာရှိပြီးကျန်ချင်းနှစ်ဖွဲ့က CNFဘက်ကဖြစ်နေတဲ့အတွက် လည်း ချင်းနဲ့ဆက်ဆံရေးကောင်း မွန် ပါတယ်ဆိုတဲ့စကားမှန်မမှန်ချင့်ချိန်လို့ရပါတယ်။ AAခေါင်းဆောင်နဲ့ပြောရေးဆိုခွင့်ရှိသူတို့က ချင်းပြည်နယ်ပလက်ဝကိုသိမ်းပိုက်ထားရခြင်းကိစ္စ အကြောင်းအမျိုးမျိုးပြပြီးချင်းလူထုက သဘောကျ ထောက် ခံ နေသယောင် လှည့်ပတ်ပြောဆို နေပေမယ့် ပလက်ဝဒေသခံချင်းလူမျိုးတွေမကျေနပ်မှုက ပိုပြင်းထန်လာတဲ့အတွက် Chinland Council CNA/CNF နဲ့AAတို့စစ်ရေးအရထိပ်တိုက်ရင်ဆိုင်လာရဖွယ် ရှိပါတယ်။ ရခိုင်ပြည်နယ်မှာရခိုင်တပ်(AA)ပဲရှိရမယ်လို့ ခံယူကြွေးကြော်နေတဲ့AAဟာ ချင်းပြည်နယ်မှာလည်းချင်းတပ်ပဲရှိရမယ်ဆိုတဲ့အပြန်အလှန် စဥ်းစားမှုမျိုး မရှိဘဲ ချင်းပြည်နယ်မှာရခိုင်တပ်လည်းရှိရမယ် လုပ်နေတာဟာ AAရဲ့ အစွန်းရောက် အတ္တဝါဒကို ဖော်ပြနေတာ ဖြစ်ပါတယ်။

AAရဲ့နိုင်ငံရေးမျှော်မှန်းချက်

VOAအင်တာဗျူးမှာပဲ AAရဲ့နိုင်ငံရေးမျှော်မှန်းချက် က ကွန်ဖက်ဒရိတ်အဆင့်ထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်း

မျှော်မှန်းပြီးတိုက်ပွဲဝင်နေတာဖြစ်တယ်၊ဒီအတွက်တောင်းဆိုနေမှာမဟုတ်ဘဲ မရရအောင် တိုက်သင့်ရင်တိုက်မယ် လို့ ပြောသွားပါတယ်။ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့ ဆိုတဲ့အတွက် ကွန်ဖက်ဒရိတ်ဆိုတာအနိမ့်ဆုံးအဆင့်ဖြစ်ပြီး ဒိထက်ပိုမြင့်တဲ့ သီးခြားလွတ်လပ်တဲ့နိုင်ငံအဆင့်ကိုအမြင့်ဆုံးမျှော်မှန်းထားတယ်လို့ ဆိုရာလည်းရောက်ပါတယ်။AAတာဝန်ရှိသူများယခင် ပြောကြားချက်များမှားလည်း အာရက္ခ နိုင်ငံ ရည်မှန်းချက်တွေ မကြာခနပါနေပြီးဖြစ်လို့ AAရဲ့အနိမ့်ဆုံးနိုင်ငံရေးရည်မှန်းချက်က ကွန်ဖက်ဒရိတ်၊အမြင့်ဆုံးရည်မှန်းချက်က သီးခြားနိုင်ငံဆိုတာထင်ရှားနေပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ ထဲမှာ ကွန်ဖက်ဒရိတ်လို ရနေပြီဖြစ်တဲ့ UWSAကတောင် ပြည်ထောင်စုထဲက ခွဲမထွက်ဘူးလို့ ကတိပြုထားတာဖြစ်သလို ရှမ်းမြောက် လက်နက်ကိုင်အဖွဲ့တွေက အိမ်ကြီး ပေါ်အိမ်ငယ်ဆောက် တဲ့အဆင့်လောက်သာရည်မှန်းကြတာဖြစ်ပေမယ့်AAက သီးခြားခွဲထွက်စင်ပြိုင်အိမ်ဆောက်ဖို့ အထိရည်မှန်း နေတာ ဖြစ်လို့ တိုင်းပြည်အတွက်အန္တရာယ်အရှိဆုံးလက်နက်ကိုင်အဖွဲ့ ဖြစ် လာပါတယ်။ရှမ်းမြောက်မှာ တရုပ်နိုင်ငံတစ်နိုင်ငံတည်းနဲ့ ပြည်ပဆက်နွယ်နွယ်မှုရှိပေမယ့် ရခိုင်ဒေသမှာ ဘင်္ဂလားဒေ့ရ် တစ်နိုင်ငံတည်းမဟုတ်ဘဲ အမေရိကန် အိုအိုင်စီ သာမက ကုလသမဂ္ဂနဲ့ပါဆက်နွယ်နေတဲ့အဖွဲ့ပေါင်းစုံပါဝင်လာမယ့် ဘင်္ဂါလီပြဿနာ ရှိနေပါတယ်။ပြည်ထောင်စုထဲက ခွဲထွက်သွားတာနဲ့ ရခိုင်ပြည်ပေါ်လာမှာထက် အာရကန်နစ္စတန်ပြည် ဖြစ်သွားမယ် ဆိုတာ နိုင်ငံရေးလေ့လာသူတိုင်း သိနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။ မေ၁၇ ကစလိုက်တဲ့ ဘူးသီးတောင်မြို့ မီးရှို့မှုကနေ စပြီးဘင်္ဂါလီအရေးကိစ္စ ကုလသမဂ္ဂအပါအဝင် အဖွဲ့ပေါင်းစုံ က နည်းမျိုးစုံထိုးနှက် တိုက်ခိုက်လာတာကို AAဘက်က အလူးအလဲ တုံ့ပြန်ဖြေရှင်းနေရတာဟာ AAကို ဘင်္ဂါလီပြဿနာ ထောင်ချောက်ထဲ မောင်းသွင်းလိုက်တဲ့ နိဒါန်းမျှသာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အိုအိုင်စီလိုလားချက်အတိုင်းဘင်္ဂါလီပြဿနာကို လိုက်လုပ်ပေးမလား၊ARSA,RSO စတဲ့ဘင်္ဂါလီအရေးအမည်ခံအကြမ်းဖက်အဖွဲ့တွေ နဲ့ စစ်ခင်းပြီး လူမျိုးသုဥ်းသတ်ဖြတ်မှုတရားခံတွေအဖြစ် ခံမလားဆိုတာ AA ခေါင်းဆောင်တွေ ရွေးရတော့မှာ ဖြစ်ပါတယ်။ အနိမ့်ဆုံးကွန်ဖက်ဒရိတ် အမြင့်ဆုံး အာရက္ခနိုင်ငံ ဆိုတဲ့ AA မျှော်မှန်းချက်ဟာ အာရကန်နစ္စတန် နိုင်ငံအဖြစ်အဆုံးသတ်သွားမှာ ဖြစ်လို့ ရခိုင်ပြည်နယ်သာမက ပြည် ထောင်စုအတွက်ပါ အကြီးမားဆုံး အန္တ ရာယ် ဖြစ်နေတယ်ဆိုတာ သတိပြုကြဖို့လိုပါတယ်။

ဘင်္ဂါလီတွေနေတဲ့ ရခိုင်မြေ

​​ဗြိတိသျှလက်အောက် ကျွန်ထက်ဆိုးတဲ့
သဘောက်ဘဝနဲ့ အိန္ဒိယနိုင်ငံရဲ့ပြည်နယ်တစ်ခုအဖြစ် မြန်မာပြည် ကို အုပ်ချုပ်ခဲ့ရာကစလို့ ရခိုင်နယ်အတွင်းအလုံးအရင်းနဲ့ဝင်ရောက်လာခဲ့ကြတဲ့ ဘင်္ဂါလီလူမျိုးများအရေးဟာ အခုအချိန်မှာ လူ့အခွင့်အရေးပြဿနာကြီးအဖြစ် ရှေ့တန်းတင်ခံနေရပါတယ်။ရိုးရိုးသားသား လူ့အခွင့်အရေးပြဿနာအဖြစ် ဖြေရှင်းရင် ရှင်းလို့ရပေမယ့် လူ့အခွင့်အရေးပြဿနာအကြောင်းပြပြီး ရခိုင်မြေကိုဘင်္ဂါလီမြေ အဖြစ်အပိုင်သိမ်းပိုက်ရေးဖြစ်နေတဲ့အတွက် ရှင်းမရဖြစ်နေတာ သမိုင်းကြောင်းနဲ့ချီ့ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။အင်္ဂလိပ်အုပ်ချုပ်စဥ်က ရှိနေတဲ့ ဘင်္ဂါလီတွေကို လွတ်လပ်ရေးရပြီးနောက်အစိုးရအဆက်ဆက် ပြန်မောင်းထုတ်တာ မရှိခဲ့ဘဲ တရားမဝင်ခိုးဝင်လာနေမှုကို တားဆီးရေးသာ လုပ်ဆောင်ခဲ့ပေမယ့် ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရ်ဘက်ထွက်ပြေးအောင်ပြဿနာဖန်တီးပြီး လူ့အခွင့်အရေးအကြောင်းပြ ပြန်လက်ခံရေးဖိအားပေးရာမှာထွက်ပြေးသူထက် ပိုများတဲ့အရေ အတွက် တွေပြန်သွင်းခြင်း၊တရားမဝင်ခိုးဝင်ခြင်း၊မူလနေထိုင်သူများမျိုးဆက်ပေါက်ဖွားနှုန်းမြင့်မားခြင်း တွေကြောင့်ရခိုင်မြောက်ပိုင်းမှာ ဘင်္ဂါလီက လူဦးရေအရဝါးမြိုသွားခဲ့ပြီဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကာလ၁၉၄၂ခုနှစ်ကတည်းကကုလားရခိုင်အရေးအခင်းနဲ့ ဘူးသီးတောင်မောင်တောနယ်ကရခိုင်ရွာတွေကို သိမ်းယူပြီးဘင်္ဂါလီတွေအခြေချ ခဲ့ပြီဖြစ်လို့၊ပါကစ္စတန်နိုင်ငံလွတ်လပ်ရေးယူရာမှာ ဘူးသီးတောင်မောင်တောနယ်ကိုပါပါကစ္စတန်နိုင်ငံထဲထည့်သွင်းရေးတောင်းဆိုခဲ့ကြခြင်း၊မြန်မာပြည်မှာအစောဆုံးသူပုန်အဖြစ်မူဂျာဟစ်သူပုန်လက်နက်ကိုင်ပုန်ကန်ခြင်းတွေဟာ ဘင်္ဂါလီပြည်အဖြစ်ရခိုင်မြေကိုရယူဖို့ ကြိုးစားခဲ့ကြတဲ့သမိုင်းတွေဖြစ်ပါတယ်။ယနေ့ကာလမှာဘင်္ဂလားဒေ့ရ်နိုင်ငံရဲ့လူဦးရေပေါက်ကွဲမှု၊အိုအိုင်စီရဲ့အစ္စလာမ်မစ်ခါးပတ် လမ်း ကြောင်း စီမံချက်များပေါင်းစုံပြီး ကုလသ မဂ္ဂကို အိုအိုင်စီအိတ်ထဲထည့် လို့ ရခိုင်မြေကို ဘင်္ဂါလီမြေအဖြစ်တရားဝင်သိမ်းယူရေး ရရှိရေးလူ့အခွင့်အရေးခေါင်းစဥ်တပ် လုပ်ဆောင်နေချိန်ဖြစ်ပါတယ်။ စစ်ကြောင့်တိုင်းရင်းသားမြို့ရွာတွေမီးရှို့ခံရတာ ဘာသံမှမကြားရပေမယ့် ဘင်္ဂါလီအိမ်တွေမီးရှို့ခံရတာနဲ့ ရက်ပိုင်းအတွင်းတစ်ကမ္ဘာလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားအောင်ဖန်တီးနိုင်တဲ့ အုပ်စုကြီးရဲ့စွမ်းရည်ကို လျှော့တွက်လို့မရပါဘူး။ရက္ခိတ နိုင်ငံတည်ထောင်ရေး ဆိုပြီး ရခိုင်လူငယ်အများအပြား အသက်စွန့်သေဆုံးတိုက်ပွဲဝင်နေမှုဟာ လူဦးရေအရဝါးမြိုထားပြီးဖြစ်တဲ့ရခိုင်မြေကို တရားဝင် ဘင်္ဂါလီနိုင်ငံဖြစ်အောင် လုပ်ပေးနေတာဖြစ်ကြောင်းAA ခေါင်းဆောင်တွေ သိကြဖို့လိုပါတယ်။

NUG,NLDနဲ့ဘင်္ဂါလီ

AAဘင်္ဂါလီပြဿနာမှာNUGက ဘင်္ဂါလီဘက်က ရပ်တည်ပြီးAAကို ဆန့်ကျင်ပါတယ်။NUGဆိုတာNLDက ပေါက်ဖွားလာတာဖြစ်ပါတယ်။NLDခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အာဏာမရမီ ဥရောပနိုင်ငံများခရီးစဥ် မှာပင် (ဘင်္ဂါလီများနိုင်ငံသားဖြစ်ရေးအတားအဆီးဖြစ်နေတဲ့ )နိုင်ငံသားဥပဒေကို နိုင်ငံတကာစံနှုန်းနဲ့အညီပြန်လည်သုံးသပ်ပြင်ဆင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။အာဏာရတာနဲ့ ကိုဖီအာနန်ကော်မရှင်ချက်ချင်းဖွဲ့ပြီးကော်မ ရှင် အကြံပြုချက်(၈၈)ချက်မှာ(ဒေါ်အောင်ဆန်းစုကြည်ဥရောပခရီးစဥ်မှာပြောခဲ့တဲ့အတိုင်း) မြန်မာနိုင်ငံသား ဖြစ်မှုဥပ​ဒေကို နိုင်ငံတကာစံနှုန်းနဲ့အညီပြင်ဆင်သင့်တယ်လို့ အကြံပြုပါတယ်။ ကိုဖီအာနန်ကော်မရှင်အကြံပြုချက်တွေကို လမ်းညွှန်မြေပုံအဖြစ် လိုက်နာလုပ်ဆောင်သွားမယ်လို့ ကုလသ မဂ္ဂစင်မြင့်ပေါ်ကနေNLDအစိုးရက ကမ္ဘာကိုကြေညာပါတယ်။နိုင်ငံသားဥပဒေပြင်ဆင်ရေးလူထုအများစုက မလိုလားကြဘူးဆို
တာ သိတဲ့အတွက်ဘင်္ဂါလီများနိုင်ငံသားဖြစ်နိုင်တဲ့  အခြားဥပဒေများကိုလှည့်ပတ်ပြင်ဆင်ပါတယ်။လွှတ်တော်မှာ အတိုက်အခံများတပ်မတော်သားကိုယ်စားလှယ်များက အကြောင်းအကျိုးထောက်ပြဝေဖန်ကန့်ကွက်ကြပေမယ့် မဲအသာစီးနဲ့ အနိုင်ယူဆုံးဖြတ် ချက်ချပါတယ်။ဘင်္ဂါလီပြဿနာဆိုရင်ဘင်္ဂါလီလူမျိုးနဲ့သာဆိုင်မှာဖြစ်တာကို ကမ္ဘာတစ်ဝှန်းက မွတ်စလင်တွေပါလာအောင် ပြဿနာမကြီးကြီးအောင် ဘင်္ဂါလီလို့မခေါ်ရ၊မွတ်စလင်အသိုင်းအဝန်းလို့ခေါ်ဖို့ နိုင်ငံတကာအထိ တင်ပြပြီး ဘင်္ဂါလီပြဿနာကို မွတ်စလင်ပြဿနာ ဖြစ်အောင်ချဲ့ထွှင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပြောကြားခဲ့တဲ့ တရားဝင်မိန့်ခွန်းများမှာ "ကုလား"လို့ အကြိမ်ကြိမ် ပြောဆိုခဲ့တဲ့မှတ်တမ်းတွေ အခိုင်အမာရှိနေပါရက်နဲ့"ကုလား"လို့ခေါ်တာရိုင်းတယ်၊အဲဒါမိဘတွေကမဆုံးမတာ လို့ပြောတဲ့အတွက်ဗိုလ်ချုပ်အောင်ဆန်းတောင်မိမဆုံးမ၊ဖမဆုံးမ သားလိုဖြစ်သွားရပါတယ်။ နိုင်ငံ့ဘဏ္ဍာကျပ်သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲပြီးfacebookမှာ  "ကုလား"လို့ရေးရင် ပိတ်ပင်ပါတယ်။အာနန်အကြံပြုချက်ကန့်ကွက်သူတွေကို ဒီမိုကရေစီမလိုလားသူအစွန်း ရောက်အကြမ်းဖက်သမားတွေအဖြစ် ဖမ်းဆီးအရေးယူပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ လျှောက်ထား ချက်ပေးတော့ ရခိုင်ဘင်္ဂါလီပြဿနာဟာ ရာစုနှစ်များစွာကတည်းက အစပြုခဲ့တယ်လို့ ပုဂံခေတ်မတိုင်မီကတည်းကဘင်္ဂါလီတွေ ရခိုင်မှာရောက်နေသယောင်လျှောက် လဲ ချက်တလွဲ စ ပေးပါတယ်။ အင်းဒင်ရွာအကြမ်းဖက်ဘင်္ဂါလီ(၁၀)ဦးသတ်ဖြတ်ခံရမှုကိုအကြမ်းဖက်လို့မသုံးဘဲ ရွာသားမွတ်စလင် (၁၀)ဦးလို့ပဲပြောပြီးစစ်တရားရုံးက ပြစ်ဒဏ် စီရင်ခံရတဲ့ အရာရှိစစ်သည်တွေကိုတပ်မတော်ကလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့လို့ မြန်မာနိုင်ငံမှာလည်းလူအတော်များများက စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်လို့ ကိုယ့်လူသူ့ဘက်သားလုပ်ပြီး၊တပ်မတော်ကလုပ်တာသူလည်းစိတ်မသက်မသာဖြစ်နေရသယောင် ၊ တပ်မတော်ကိုချောက်ချခဲ့ပါတယ်။NLDအစိုးရငါးနှစ်သက်တမ်းအတွင်း စွမ်းစွမ်းတမံအားထည့်လုပ်ကိုင်သွားတာ ဘင်္ဂါလီများနိုင်ငံသားဖြစ်ရေးသာ ဖြစ်ပါတယ်။ NLDရဲ့မပြီးဆုံးသေးတဲ့တာဝန်ထမ်းဆောင်မယ့် NUGကလည်း၈၂နိုင်ငံသားဥပဒေဖျက်မယ်၊ ဘင်္ဂါလီ ကိုနိုင်ငံသားပေးမယ်လို့ ကြေညာပါတယ်။NLDလက်ထက်က မခေါ်ခဲ့ရတဲ့ "ရိုဟင်ဂျာ"ဆိုတဲ့အမည်ကို NUGက တွင်တွင် ကျယ်ကျယ်သုံးလာပါတယ်။NLDအစိုးရလက်ထက်က လူကယ်ပြန်ဝန်ကြီးလုပ်ခဲ့ပြီး ၊ အခုNUG လူကယ်ပြန်ဝန်ကြီးဆိုသူ က "ရိုဟင်ဂျာတွေကို တောင်း ပန်ပါတယ်"လို့  ဆိုပါတယ်။ဘင်္ဂါလီကို NUGလူ့အခွင့်အရေးဒုဝန်ကြီးခန့်ပါတယ်။မေ၁၇ ရက်နေ့ည ဘူးသီးတောင်မြို့ ကိုAA က မီးရှို့မှု ကိစ္စ လူမှုကွန်ရက်ပေါ်အရင်ဆုံးတင်ပြီး ဖွတာအဲဒီ NUGလူ့အခွင့်အရေးဒုဝန်ကြီး ဆိုသူပဲ ဖြစ်ပါတယ်။ ရှေ့ဆက်ကြရမယ့် AAဘင်္ဂါလီပြဿနာမှာ(ဘယ်နိုင်ငံကမှ အသိအမှတ်မပြုပေမယ့်) ပြည်ထောင် စု အစိုးရလို့ ကိုယ့်ဖာသာကိုယ် အမည်တပ်ထားတဲ့ NUGက ဘင်္ဂါလီဘက်ကသာရပ်တည်ထောက်ခံသွားမှာဖြစ်လို့ AAဘက်ကကောက်ရိုးတစ်မျှင်လိုသွားဆွဲလို့ မရဘူးဆိုတာ သဘောပေါက်ထားဖို့လိုပါတယ်။

ရခိုင်ပြည်နယ် လူထုဒုက္ခ

AAမပေါ်လာခင်က ကာလရှည်ကြာငြိမ်းချမ်းစွာနေလာခဲ့ကြတဲ့ရခိုင်ပြည်နယ်မှာအခု ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ရခိုင်လူထုစစ်ဘေးဒုက္ခအကြီး အကျယ်ကြုံတွေ့နေကြရပြီဖြစ်ပါတယ်။စစ်ဘေးဒုက္ခဆိုတာ ဘယ် လောက် ဆိုးဝါးတယ်ဆိုတာလက်တွေ့ကြုံဖူးသူတိုင်းသိကြပါတယ်။ရခိုင်မှာစစ်မဖြစ်ရေး နစကဘက်က AAအပေါ်အစွမ်းကုန်သည်းခံ ခဲ့ပေမယ့် အလျှော့ပေးလေရောင့်တက်လေဖြစ်လာတဲ့ AAက စတင်တိုက် ခိုက်လာလို့သာ ရခိုင်ဒေသစစ်ပွဲတွေ ဖြစ်လာရတာဖြစ်ပါတယ်။နစကနိုင်ငံတော်အာဏာရပြီးနောက် AAနဲ့အပစ်ရပ်သဘော တူချက်ရအောင်ယူပြီးAAကိုအကြမ်းဖက်အဖွဲ့စာရင်းက ပယ်ဖျက်ပေးခဲ့ပါတယ်။အပစ်ရပ်သဘောတူချက်ကိုအခွင့်ကောင်းယူပြီးAAက အင်အားစုဆောင်း၊အုပ်ချုပ်ရေးနယ်မြေတည်ဆောက်တဲ့အပြင် နစကရဲ့အုပ်ချုပ်ရေး၊တရားစီရင်ရေးတွေကိုပါဝင်ရောက်နှောက်ယှက်ပေမယ့် နစကဘက်ကငြိမ်းချမ်းရေးအတွက် သည်းခံခဲ့ပါတယ်။ရခိုင်မှာရှိတဲ့ AAခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့ယောက္ခမ က သူ့သမီးရှိရာဆွဇ်ဇာလန်နိုင်ငံသွားနေချင်တာကိုလည်း နစက ကသဘောထားကြီးစွာနဲ့ ကြည်ဖြူခွင့်ပြုပေးခဲ့ပါတယ်။သတင်းစာရှင်းလင်း ပွဲတစ်ခုမှာ AAရဲ့ ရန်စစော်ကားမှုတွေကို သည်းခံနေရတဲ့ကိစ္စမေးမြန်းမှုအပေါ်ဗိုလ်ချုပ်ဇော်မင်းထွန်းဖြေတာက "ရခိုင်လူထု ဒုက္ခရောက်မှာစိုးလို့ "လို့ဖြေကြားသွားပါတယ်။ ဖြစ်လာရင်တော့ တပ်မတော်ကိုအဆိုးမဆိုနဲ့လို့လည်း​ပြောကြားသွားပါတယ်။ ရခိုင်ပြည်နယ်အတွင်းရခိုင်လူထုဒုက္ခရောက်မှာစိုးလို့ တိုက်ပွဲတွေမဖြစ်ရအောင် တပ်မတော်က အစွမ်းကုန်သည်းခံနေတယ်၊သည်းခံနေတဲ့ကြားက ဖြစ်လာရင်တော့ အဆိုးမဆိုနဲ့လို့ ပြောခဲ့ပြီးဖြစ်လို့ အခုရခိုင်ပြည်နယ်အတွင်းရခိုင်လူထု ရင်ဆိုင်နေရတဲ့စစ်ဘေးဒုက္ခတွေကို ဖန်တီးတဲ့တရားခံအစစ်ဟာAAသာဖြစ်ပါတယ်။

AAအကျပ်အတည်း

စစ်အာဏာရှင်တော်လှန်ရေးလို့ AAကိုဝိုင်းမြှောက်ပေးကြတဲ့ အဖွဲ့တွေအားလုံး မေ၁၇ ဘူးသီးတောင်မီးရှို့မှုကနေစလိုက်တဲ့ ဘင်္ဂါလီ ပြဿနာတွေပေါ်လာပြီးနောက် AAကိုဆန့်ကျင်လာကြပါတယ်။ရက်ပိုင်းအတွင်း AAရဲ့အကြမ်းဖက်လုပ်ရပ်တွေ ကမ္ဘာအနှံ့ပြန်နှံ့သွားပြီးတော်လှန်ရေး သမားဘဝကနေ အကြမ်းဖက်သမားဘဝကို ပြောင်းလဲလိုက်ကြကာ အမေရိကန်ကုလသမဂ္ဂကပါ ဆန့်ကျင်လာကြတာ AA အတွက်အထိနာစေပါတယ်။အသုံးလိုရင်မြှောက်ပေးပြီးအသုံးမလိုတော့ရင်ကန်ချလိုက်တဲ့အမေရိကန် အကြောင်းမသိဘဲသွားပေါင်းရင်တော့ ခံရမှာဖြစ်ပါတယ်။ ပနားမားကနိုရေးဂါး၊အယ်ကိုင်ဒါဘင်လာဒင်၊ISISခေါင်းဆောင်တွေ ဟာ အမေရိကန်နဲ့ပေါင်းမယ့်သူတွေအတွက်သင်ခန်းစာယူစရာဖြစ်ပါတယ်။ AAက နယ်မြေတွေသိမ်းပြီးပြီဆိုတာနဲ့ အရင်ဆုံးရင်ဆိုင်ရမှာက ဘင်္ဂါလီပြဿနာ ဖြစ်ပါတယ်။အဲဒီအချိန်မှာ အိုအိုင်စီအမေရိကန်အကြိုက်လိုက်လုပ်ပေးရင်ပေး၊မပေးရင် နည်းမျိုးစုံနဲ့မွှေ နှောက် တော့မှာဖြစ်ပါတယ်။အိုအိုင်စီအမေရိကန်လိုချင်တာအကုန်လုပ်ပေးမယ်၊ရုပ်သအစိုးရလက်ကိုင်တုတ်အစိုးရပဲဖြစ်ဖြစ်အစိုးရလုပ်ရရင်တော်ပါပြီ ဆိုပြီး နေရင်လည်း ကျောက်ဖြူရေနက်ဆိပ်ကမ်း ပင်လယ် ထွက်ပေါက် လုံခြုံရေး အတွက်တရုပ်ကလည်း ဘာမှ မလုပ်ဘဲထိုင် ကြည့် နေမှာမဟုတ်တဲ့အတွက် AAကြားညပ်မှာဖြစ်ပါတယ်။ပြည်ထောင်စုအစိုးရ အာဏာ လစ်လပ်သွားတဲ့ လေဟာနယ်မှာ ရှမ်းမြောက် အာဏာလုပွဲတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ပေမယ့်ရခိုင်မှာပြည်ပလူမျိုးခြားအဖွဲ့တွေ နိုင်ငံတကာအဖွဲ့စုံတွေ ဖြစ်လာပါလိမ့်မယ်။AAရဲ့အာရက္ခနိုင်ငံအိပ်မက်ဟာ လက်တွေ့မှာ ရခိုင် ပြည်နယ် အစိတ်စိတ်အမြွှာမြွှာပြိုကွဲပျက်စီးရုံသာမက ပြည်ထောင်စုပြိုကွဲပျက်စီးရေးအထိကူးစက်လာနိုင်တဲ့အတွက် ရတဲ့နည်းလမ်းနဲ့ကာကွယ်တားဆီးကြရမယ့် အန္တရာယ်အကြီးဆုံးပြဿနာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။။

#စစ်ငြိမ်း
၁၄.၆.၂၀၂၄

Post a Comment

Previous Post Next Post