အခွင့်အရေးကို လက်လွတ်မခံသင့်ပါ

၂၅-၆ - ၂၀၂၄   ရက်နေ့ကစလို့ ရှမ်းမြောက်မှာ TNLA နဲ့ PDF ပေါင်းစုံဝိုင်း
တိုက်နေတာ  ဒီကနေ့ ဆို   ၅  ရက်ရှိပါပြီ။

 
နောင်ချို ခမရ ၁၁၅ နဲ့ စခန်းငယ်၂၀ ကျော် ကျသွားတယ်။
၂၇ ရက်နေ့ကစလို့  မိုးမိတ်လည်း အတိုက်ခံရတယ်
၂၉ ရက်နေ့ မနက် ၈ နာရီမှာတော့ မိုးမိတ်ကို အပြင်းအထန် ထပ်တိုက်ပါတယ်။

တိုက်ပွဲပြင်းထန်တဲ့ မြို့တွေကတော့
မိုးမိတ်  မိုးကုတ် ကျောက်မဲ နောင်ချို

မိုးမိတ်  
TNLA နဲ့ PDF  သူပုန်တွေဟာ  မိုးမိတ်ကို ၂၇ ရက်နေ့က
စတိုက်ပြီး ၂၉ ရက်နေ့မှာ မြို့ကို ပိတ်ဆို့ပြီး ပြင်းပြင်း
ထန်ထန် ဝင်တိုက်ကြတယ်။
မိုးမိတ်ဟာ TNLA တပ်မဟာ ၃ ရဲ့ဂွင်ပါ။
ထူးခြားတာက ဒီတခါဖြစ်တဲ့ မိုးမိတ်တိုက်ပွဲမှာ KIA ဟာ
TNLA ပူးပေါင်းတာမျိုး မတွေ့ရပါ။
တပ်မတော်ဖက်က စကခ ၂၁ လက်အောက်ခံတပ်ရင်း
ခလရ ၂၂၃ နဲ့ ခမရ ၃၄၈  တို့က ကြံ့ကြံ့ခံပြန်  တိုက်
ကြတယ်။

မိုးကုတ်
မိုးကုတ် အနောက်ပိုင်းတခွင်တိုက်ပွဲပြင်းထန်ပါတယ်
ရဲးစခန်း ရွာတွေမှာ တပ်စွဲထားတဲ့ စခန်းငယ် နှစ်ခု
ကျတယ်။
တပ်မတော်  ခလရ ၁၄၈ ကို ဝင်တိုက်ပေမဲ့ မရပါဘူး
မိုးကုတ်ကိုလည်း တပ်မတော်က ပြန်ထိန်းနိုင်ခဲ့တယ်။

ကျောက်မဲ
တိုက်ပွဲမှာ ဒုတိယ အထိအနာဆုံးမြို့ပါ
ကျောက်မဲမြို့တွင်းနေရာအတော်များများကို TNLA
က ဝင်ရောက်ထိန်းချုပ်နိုင်ပေမဲ့
တပ်မတော်တပ်ရင်းတွေဖြစ်တဲ့စကခ  ၁  လက်အောက်ခံ
၅၀၁ နဲ့ ၅၀၂ ကို ဝင်တိုက်တဲ့နေရာမှာတော့
တပ်မတော်က ခုခံနိုင်ခဲ့တယ်။

နောင်ချို
TNLA  တပ်မဟာ  ၂   ဂွင်ဖြစ်တယ်။
အထိအနာဆုံးမြို့လို့ပြောရင်ရတယ်
ခမရ ၁၁၅ အပါအဝင် တပ်မ ၃၃ ကျောက်ကြမ်းစခန်းနဲ့
စခန်းငယ်တွေလက်လွှတ်ခဲ့ရတဲ့အပြင်
မြို့တွင်းကိုပါ TNLA က ထိန်းချုပ်နိုင်ခဲ့တယ်။
ခမရ ၁၁၄  တပ်နဲ့  ၆၀၆  ဒတရ ကို အပြင်းအထန် တိုက်
ကြပေမဲ့ မရပဲ ပြန်ဆုတ်သွားကြရတယ်။
တပ်မ ၃၃ လက်အောက်ခံ တပ်ကလည်း
ကျောက်ကြမ်းစခန်းကိုပြန်တိုက်ယူနိုင် ခဲ့ တယ်။

အချုပ်ပြောရရင်   တပ်မတော်ရဲ့ တိုက်ရည်ခိုက်ရည်
တိုးတက်လာပြီးအမြှောက်ပစ်ချက်တွေ ကောင်းလာ
ပါတယ်။
ပထမ ရက်မှာ လေတပ်ပစ်ကူကို အားမရခဲ့ပါ။
လာရှိုးမှာ စုဖွဲ့ထားပေမဲ့ အရံတပ်ကို ဆွဲထုတ်သွားလို့
ခံရတာဟာ ဒီတကြိမ်နဲ့ဆို ၃ ကြိမ်ရှိပြီ။

အထက်ဌါန မအေပေးများကိုလဲ ဆဲရတာမောလှပြီ။

အကြံပေးလိုတာက
ရခိုင်  နဲ့ ကယား က  တပ်ကို အလွယ်တကူ မထုတ်မိ
ပါစေနဲ့။
အရံတပ်တွေကို ပို့တဲ့အခါ ကပ်ခွာဘက်တွေကိုသုံးပါ
ဒေသခံတပ်ရင်းဘတ်တွေ
ကိုအသုံးပြုရင်ပိုကောင်းတယ်။
TNLA  ရဲ့ထိုးစစ်အရှိန် ဟာ လက်ရှိအတိုင်းအတာ
မိုင်ကုန်ပဲမို့  တပ်မတော်အနေနဲ့
လေကြောင်းနဲ့ အရံတပ်အကူ အင်အားကို အသုံးပြုပြီး
ပြင်းပြင်းထန်ထန်  ထိုးစစ်ဆင်ပြန်တိုက်ရင်
ကျိန်းသေ ပြန်ပြီး အနိုင်ယူနိုင်မှာ   ဖြစ်တယ်။

ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ပါ။

Min  Lwin

Post a Comment

Previous Post Next Post