စဉ်းစားကြရမည့်အချက်များ


❖ဆရာတော်ဘုရာကြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုယ်ကြုံခဲ့ရတဲ့ အကြောင်းအရာလေး တခုကို ပြန်ပြီး သတိရစေတယ်။ အဲ့တုန်းက အဖြစ်အပျက်က ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်။  ခုလောက်ကြီး စစ်ရေးပြင်းထန်တာ မရှိသေးပေမယ့် KIA နဲ့တော့ မကြာခဏ ထိတွေ့မှုဖြစ်တာ၊ စခန်းသိမ်းဖြစ်စဉ်တွေ ရှိနေခဲ့တဲ့ ကာလ တစ်ခု လည်းဖြစ်တယ်။
❖တစ်ရက်တော့ ...ရိက္ခာသွားယူရင်း လူနာကြိုပို့လုပ်တဲ့လမ်းမှာ ခရယာန်သင်းအုပ်ဆရာတော်နဲ့ ၅ နှစ်အရွယ်ရှိတဲ့ ကလေး တယောက်ကို လမ်းမှာ တွေ့ခဲ့ရတယ်။ သာမန်စကားလေးဘာလေးပြော၊ နှုတ်ဆက်ထွက်လာခဲ့အပြီး ၅ မိနစ်လောက်အကြာမှာ စစ်ကြောင်းဟာ မိုင်းဆွဲခံခဲ့ရတယ်။ စစ်သည် ၂ ဦး မသေပေမယ့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခဲ့ရတယ်။ ဒီဖြစ်စဉ် ဖြစ်ပြီးတဲ့နောက်မှာ ဒီနယ်မြေမှာ ဘယ်သူ့ကိုမှ မယုံဖို့နဲ့ ကျည်‌ဘောက်ဖြည့်ထားတဲ့ သေနတ်ကို Save ခလုတ် အမြဲဖွင့်ထားဖို့အထိ အမိန့်အပြတ်ပေးခဲ့ရတယ်။
❖ခုဖြစ်နေတဲ့ ပြဿနာကလည်း အဲ့လောက်မရိုးရှင်းပါဘူး။ ပိုဆိုးတာက ဆရာတော်တွေသွားတဲ့ နယ်မြေက အဖြူရောင်သပ်သပ် နယ်မြေ မဟုတ်နေတာပါ။  ဒီဖြစ်စဉ်နဲ့ မရှေ့မနှောင်းမှာပဲ ငါန်းဇွန်၊ မြို့သာရဲစခန်းကို PDF တွေ လာတိုက်လို့ ရဲတစ်ယောက်နဲ့ ပြည်သူ တစ်ယောက်သေတဲ့ ဖြစ်စဉ်ကလည်း လောလောလတ်လတ် ဖြစ်ထားတဲ့ နယ်မြေတခု ဖြစ်ပါတယ်။ ဆိုတော့....  ဒီနယ်မြေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ  လှုပ်ရှားနေတယ်ဆိုတာ ထင်ရှားပါတယ်။
❖နောက်တချက်က ဆရာတော်ပြောပြတဲ့ ကားဆရာရဲ့ အနေအထားပါ။ ဖောကားကို လမ်းဘေးချပြီး အတင်းမောင်းပါတယ်လို့ ဆိုတာက ကားဆရာဟာ တခုခုကို ပတ်သက်ထားလို့ စိုးရိမ်နေသလိုပါပဲ။ သာမန်ဆရာတော်တွေကို မောင်းပေးရတဲ့ ယာဉ်မောင်းတွေတောင် ကပ္ပိယ ဂုဏ်မောက်နေချိန်မှာ နိုင်ငံတော်အဆင့် ဆရာတော်ကိုမောင်းရတဲ့ ကားဆရာအနေနဲ့ ဒီလောက်အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်စရာ အကြောင်းမရှိပါဘူး။
❖ကံ၃ဆင့်ဆရာတော်ရဲ့ အပြောမှာလည်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုပဲ ဦးတည်ပြောပြနေတာ တွေ့ရတယ်။ ဒီဖြစ်စဉ်မတိုင်ခင် PDF တွေနဲ့ တပ်ရဲ့ ထိတွေ့မှု ဖြစ်စဉ်တွေကို သိလား၊မသိလားတောင် မသေချာဘူး။ ခင်ဗျားတို့ ရက်စက်လှချည်းလားဆိုတဲ့ ဆရာတော်စကားဟာ ကားမှန်မချဘဲ အတင်းမောင်းပြေးတဲ့ အနေအထားကို စိုးရိမ်ပူပန်ရတဲ့လုံခြုံရေး စစ်သည်တွေရဲ့ ရှု့ထောင့်ကို လစ်လျူရှုရာလည်း ရောက်နေတယ်။ ဒါကလည်း ဆရာတော်စကားကို မှီငြမ်းပြောတာပါ။ ခုတွေ့ရသလောက် ဖြစ်စဉ် အသေးစိတ်ကလည်း ဆက်ပြီး စုံစမ်းဖို့ ရှိနေတာ တွေ့ရတယ်။
❖တကယ်တော့ ဒီဖြစ်စဉ်ဟာ နာမည်ကြီး စာချဆရာတော် တစ်ပါး ဖြစ်နေလို့သာ ဆွမ်းကြီးဝိုင်းလောင်းကျတဲ့သဘောပါ။ ရုပ်အပေါက်ဆုံးကတော့ ....ဒီကနေ့အထိ သံဃာတော်အပါး ၉၀ ကျော်သတ်ထားတဲ့ NUG ရဲ့ MOD က ဝမ်းနည်းကြောင်း ထုတ်ပြန်မှုပါပဲ။  တကယ်လို့သာ ဒီဖြစ်စဉ်ဟာ ကိုယ်ကြုံခဲ့ရတဲ့ ကချင်ပြည်နယ်က ဖြစ်စဉ်လိုများ ကားပေါ်မှာ PDF တွေပါလာပြီး မိုင်းထောင်ပစ်ခတ်ခဲ့ရင် အဖြစ်အပျက်က ပြောင်းပြန်ဖြစ်သွားတော့မှာပါ။ ဒီနေရာမှာ PDF ပစ်ခဲ့တာမှန်ရင်  ရှေးက အသတ်ခံရလို့ ကွယ်လွန်သွားခဲ့ပြီး ဖြစ်တဲ့ ၉၂ ပါးထဲကို တပါး ပေါင်းထည့်လိုက်ရုံထက် မပိုပါဘူး။

 
❖ရဟန်းရှင်လူ သံဃာ‌ တော်နဲ့ ထေကြီး ဝါကြီး ဆရာတော်အားလုံးကို သတိပြုစေချင်တာကတော့ တကယ်လို့များ ကံ ၃ ဆင့် ဆရာတော်ရုပ်သံထဲကလို ဖြစ်ခဲ့ရင်လည်း နယ်မြေအနေထား၊ ရန်သူအခြေအနေနဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ ရှု့ထောင့်ကို ပြန်သတိချပ်ဖို့ လိုအပ်တယ်ဆိုတာ ထောက်ပြချင်မိတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မုံရွာမှာ သံဃာတော်ကား အဆောင်ယောင်တဲ့ ဓားပြတိုက်မှု ဖြစ်စဉ်တခုလည်း ဖြစ်ခဲ့ပါသေးတယ်။ တပ်မတော်နဲ့ သံဃာ တွေဟာ ဆရာ၊တကာ ဆိုတဲ့ ညီညွှတ်မှုနဲ့ ဗုဒ္ဓဘာသာ ကို အခြားဘာသာတွေ  လွှမ်းမိုးဝါးမျိုမှု မဖြစ်အောင် အဓိက ကာကွယ်နေကြရတာပါ။ ကိုဗစ်ကာလမှာလည်း စာသင်တိုက်တွေကို အဓိက ပစ္စည်းလေးပါး ထောက်ပံ့တာကလည်း တပ်မတော်ဆိုတဲ့အဖွဲ့အစည်း ပဲ ဖြစ်ပါတယ်။ အင်းစိန်ရွာမ ဆရာတော်ဘုရားရဲ့ ကျောင်းတိုက် တခုလုံး ကိုဗစ်စကူးစက်ခံရချိန်မှာ ကိုယ်တွေ တပ်မတော်သားတွေကပဲ ဦးဆောင်မားမားမတ်မတ် ပြုစုခဲ့ကြရတာ တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းထဲက စစ်သင်တန်းပေးနေတဲ့ ဆရာတော်တွေကလည်း တပ်မတော်နဲ့ လက်တွဲ ပြီး အကြမ်းဖက်တွေကို ပူးပေါင်း တိုက်ဖျက်နေရတာပါ။
❖ပျံလွန်တော်မူခဲ့ရတဲ့ ဆရာတော်အတွက်လည်း စာတတ်ပေတတ်ကျမ်းပြုစာချဆရာတော်ဖြစ်လို့ ဝမ်းနည်းမဆုံးဖြစ်ရပါတယ်။ ဒါပေမယ့် ရှေးက ပျံလွန်တော်မူပြီးကျတဲ့ ဆရာတော် ၉၂ ပါးကလည်း ဆရာ်တော် ဘုရားတို့ရဲ့ နောင်တော်၊ ညီတော်တွေပါပဲ။ နာမည်ကြီး မဟုတ်ရင် လစ်လျူရှုပြီး နာမည်ကြီးမှ ပွဲပိုဆူတာမျိုး၊ ဆွမ်းကြီး လောင်းချင်တာမျိုး မဖြစ်ဖို့ သတိပြုရပါ့မယ်။
❖ခုလို ရှင်းပြတာကလည်း ဖြစ်စဉ်အပေါ်မှာ ဖုံးကွယ်တာမျိုး၊ ရှောင်လွဲတာမျိုးကို ဦးစားပေးတာ မဟုတ်ဘူး။ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေကို လစ်လျူရှုပြီး အီမိုးရှင်းနဲ့ လှည့်တိုက်မယ့် အကွက်ကို ကြိုမြင်နေလို့ သာ ပြောရခြင်း ဖြစ်တယ်။ ဒီနေရာမှာ အကွက်ရတုန်း ပြောလိုက်မယ်ဆိုတဲ့ စိမ်းပေါတချို့ကိုလည်း ကျည်ပေါက်ထွက်နိုင်တဲ့ အနေအထားကို Risk ယူပြီး Save ခလုတ်ဖွင့်သွားရတဲ့ အနေအထားကို ကျော်ဖြတ်ဖူးမှသာ ဝေဖန်ရေးဆရာတွေ လုပ်ကြပါလို့...

Post a Comment

Previous Post Next Post