စိတ်ပျက်စရာ အလွန်ကောင်း


--------------------------------------

သာသနာပြုမယ်ဆိုရင်လည်း သကျဓိတာစာသင်တိုက်တို့ တို့ မြန်အောင်စာသင်တိုက် တို့လို ပရိယတ္တိစာပေသင်တာမျိုးတွေ လုပ်ကြစမ်းပါ တရားအားထုတ်မယ်ဆိုလည်း ရိပ်သာတခုခုမှာ ဆရာတော် တွေရဲ့ အဆုံးအမနဲ့အညီ တရားအားထုတ်ကြစမ်းပါ။

အဲဒီလိုဆိုရင် ကြည်ညိုပါတယ်
လေးစားပါတယ်

ဝိနည်းလည်းမလေ့လာ တရားလည်းမကျင့်ပဲနဲ့ ကိုယ်လုပ်ချင်တာလုပ်နေရင် သာသနာသိက္ခာကျတယ်

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘိက္ခုနီသာသနာအတွက် သုံးကြိမ်သုံးခါတားခဲ့တာ ဒီလိုတွေ ကြိုမြင်လို့ပဲထင်ပါရဲ့

ဥပစ္ဇျေယ်ဆရာတွေကလည်း ဘယ်လိုအကြောင်းနဲ့များ ဒီလိုအရောင်ကို ခွင့်ပြုခဲ့လဲ ဆိုတာ နားကိုမလည်တော့ဘူး။

တာဝန်ရှိသူတွေကလည်း မတားမြသ် ဘူးဆိုရင် ရှေ့လျှောက်မလွယ်တော့ဘူး
တဖြည်းဖြည်းနဲ့ ရင်ဘောင်တန်းလာကြပြီ

သီလ ရှင်ဆိုတာ ရှစ်ပါးသီလနဲ့ပြည့်စုံတဲ့ယောဂီမျှသာပါပဲ။
ဆွမ်းကွမ်းလည်း အကပ်ခံစရာမလ်ုပါဘူး အခုတွေ့နေရတာက ရဟန်းတွေလိုအကပ်ခံတာတွေ့နေရတယ် ဘဝင်မကျလှဘူး။

ကိုယ်ထင်တာကိုယ်မလုပ်ကြပါနဲ့

သာသနာတော်ဟာ အပေါစားသာသနာမဟုတ်ဘူး

ဝိနည်းတွေ စည်းကမ်းတွေနဲ့ ထိမ်းချုပ်ထားတာ

ကိုယ်ထင်တာကိုယ်မလုပ်ကြပါနဲ့။

ပရိယတ္တိစာပေသင်ရင်သင်
မသင်ရင် တရားအားထုတ်ကြပါ

သာသနာမပြုရင်နေပါ သာသနာမှေးမိန်အောင်တော့မလုပ်ကြပါနဲ့။

သီလရှင်ဟာ ရဟန်းမဟုတ်ဘူး သင်္ကန်းအရောင်ဝတ်လို့မရဘူး အကပ်ခံစရာမလိုဘူး
အဲဒါအသွင်ခိုးယူခြင်းပဲ အပြစ်ကြီးတယ်

ဦးမြင့်ခိုင်

Post a Comment

Previous Post Next Post