နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်ရေး အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ပြောကြား


==============================
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသိုတာဝန်ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်သားတစ်ဦးချင်းစီအလိုက် ရှိသင့်ရမည့် အရည်အချင်းများနှင့် တပ်ဖွဲတစ်ခုချင်းစီအလိုက် အရည် အချင်းများ ရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲများအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များအနေဖြင့် ကွဲပြားခြားနားသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရသော်လည်း အားလုံးသည်တပ်မတော်သားများပင်ဖြစ်ကြောင်း၊ ရှေ့တန်းစစ်မြေပြင်တွင် ရှေ့တန်းကျကျ တာဝန်ထမ်းဆောင်ရသည့် ခြေလျင်၊ ခြေမြန်တပ်ဖွဲများတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ လက်ရုံးတပ်ဖွဲများတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးတာဝန်များ ကို ထမ်းဆောင်ရန်အတွက် တစ်ဦးချင်းကျန်းမာကြံ့ခိုင်မှုရှိနေရမည်ဖြစ်ပြီး အမြဲတမ်း တိုက်ပွဲဝင် အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ အသက်အရွယ်အလိုက် လုပ်သင့်လုပ်ထိုက်သည့်၊ ရှိသင့်ရှိထိုက်သည့် ကျန်းမာကြံ့ခိုင်မှုရှိစေရေး လေ့ကျင့်ခန်းများကိုဆောင်ရွက်နေရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post