ရဟန်းရှင်လူအပေါင်း သိသာနိုင်စေဖို့ ဖြေရှင်းလိုက်ပါတယ်

သီတဂူဆရာတော်ဘုရားကြီးကို...

ဝေဖန်ပုတ်ခတ်နေတဲ့ ပိုစ့်တွေမှာ တစ်ခုချင်းလိုက်ဖြေရှင်းနေရင်...

တိုးမပေါက်မှာစိုးလို့... ပိုစ့်တင်ပြီး ရဟန်းရှင်လူအပေါင်း သိသာနိုင်စေဖို့ ဖြေရှင်းလိုက်ပါတယ် ။

၁ ။ တရားပွဲတစ်ပွဲကို ဘယ်လောက်ရမှ ဟောတယ်ဆိုပြီး အပုတ်ချတယ် ။

ကျနော်ကိုယ်တိုင် ကြည့်မြင်တိုင်မြို့နယ်မှာ သီတဂူဆရာတော်ကြီးရဲ့ တရားပွဲ ဆယ်ပွဲထက်မနည်း ... ကိုယ်တိုင်ကိုယ်ကျ အတွင်းကျကျ ကမကထပြုစီစဉ်ကျင်းပခဲ့ဖူးတယ် 

အလှူငွေဘယ်လောက်ရမှ လိုက်ဟောတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး...

 ကျုပ်အသက်နဲ့ လောင်းကြေးထပ်ရဲတယ်

ဆရာတော်ကြီးအနားက ကပ္ပိယတွေထဲက လာပင့်တဲ့ ပွဲစီစဉ်သူကို ဆရာတော်ကြီးတော့ 

စစ်ကိုင်းရေအလှူအတွက် ဒီဇယ်ဖိုးတွေ လိုနေတယ်လို့သိရတယ် (သို့)

အခမဲ့မျက်စေ့ဆေးရုံအတွက် ဆေးအလှူလိုနေတယ် လို့

အလှူကိုဆော်ဩတာမျိုး... စကားစပ်လို့ ရင်းနှီးသူချင်း အလာပသလာပ ပြောတာမျိုးတော့ရှိမယ် ... ဒါကလည်း တကယ်လိုအပ်နေတာကို ဆော်ဩပေးတဲ့သဘောပဲ

ဘယ်လောက်ရမှ လိုက်ဟောတယ်ဆိုတာ လုံးဝမဟုတ်ဖူးဆိုတာ... ကျုပ်အသက်နဲ့ လောင်းကြေးထပ်ရဲတယ် ။

၂ ။ အသံချဲ့စက်ကောင်းကောင်းသုံးခိုင်းတယ်... မိုက်ကောင်းကောင်း သုံးခိုင်းတယ် 

အဲဒါကတော့ ဟုတ်တယ်

ဆရာတော်ဘုရားကြီးဟာ အသံနဲ့ ပတ်သက်ရင် ဂရုဓမ္မပြုတော်မူတယ် ။

နောက်ပြီး မိုက်ကို stand မှာတပ်ပြီး မဟောဘူး...လက်နဲ့ကိုင်ပြီး အားရပါးရ ဟောလေ့ရှိတယ် ။

( က)  တရားနာပရိသတ်ကို သာယာနာပျော်ဖွယ်သော သောတအာရုံဖြစ်စေလိုတာ

အဟိတ်တိရိစ္ဆာန်ဖြစ်တဲ့ လင်းနို့သားငါးရာတောင်...

ရဟန်းတော်များရွတ်ဖတ်ပူဇော်တဲ့ ပဌာန်းတရားရဲ့ သာယာတဲ့သောတအာရုံကိုခံစားပြီး 

နောင်ဘဝမှာ ရဟန်းငါးရာဖြစ်...  ရဟန္တာအဖြစ်ကျွတ်တန်းဝင်ခဲ့တဲ့ သာဓကရှိတယ်

( ခ)  မိုက်မကောင်းရင် ပြောတဲ့သူ အရမ်းပင်ပန်းတယ် 

အဲဒါကိုတော့ လူတစ်ရာပြည့်အောင် စကားမပြောဖူးတဲ့သူတွေ ၊ လော်စကာတပ်ပြီး အသံကျယ်ပြီးရော အက်ကွဲကွဲအသံဆိုးကြီးနဲ့ အော်တတ်သူတွေကတော့ နားလည်မယ်မထင်... ။

(ဂ )ဆရာတော်ကြီးက... သက်တော် ၈၀ ကျော်ပြီ ။

သီလဂုဏ် သမာဓိဂုဏ်နဲ့ပြည့်စုံလွန်းလို့သာ ဒီလောက်ထိ ကျန်းမာသွက်လက်နေတာ ။

ရပ်ကွက်ထဲက ဖားရှာငါးရှာ အဆင့်လောက်ဆို...  ခါးကိုင်း သွားကျိုး သတိမေ့ သူငယ်ပြန်အရွယ်

မိုက်ကောင်းမှ စက်ကောင်းမှ... ဟောရ ပြောရတာ သက်တောင့်သက်သာရှိတယ်ဆိုတာကို

ပရိသတ်ထောင်ချီ သောင်းချီ ဟောဖူးပြောဖူးတဲ့သူပဲ သိနိုင်လိမ့်မယ် ။

၃ ။ ဆရာတော်ကြီး ကားအကောင်းစားစီးလို့ ဝေဖန်တယ်

ဗုဒ္ဓဘာသာနိုင်ငံမှာ နေတစ်ဆူ လတစ်ဆူလို ထင်ရှားတဲ့ ဆရာတော်တစ်ပါးကို သိန်းသုံးထောင်တန် ကားစီးလို့.... မဖြစ်သင့်ဘူးလို့ ဝေဖန်တယ် ။

ပုတ်ရဟန်းမင်းကြီး ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားတာကိုကျ...စောက်နလပိန်းတုံးတွေက စာမဖတ်ကြဘူး ။

နောက်တစ်ချက်...

အဲဒီကားက ဆရာတော်ကြီးရတဲ့ အလှူငွေတွေနဲ့ ဝယ်စီးတာမဟုတ်ဘူး...

ဆရာတော်ဘုရားရဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ကို ကြည်ညိုတဲ့ ဒကာတစ်ဦးက လှူထားတာ ( နာမည်တော့ မပြောတော့ပါဘူး )

ဆရာတော်ကြီးခမျာ... 

ရေအလှူ၊ ဇီဝိတဒါနဆေးရုံအလှူ၊ ဗုဒ္ဓတက္ကသိုလ်အလှုတွေနဲ့...

မပိုလျံတဲ့အပြင် မနည်းရုန်းကန်ပြီး... သာသနာတော် စည်ပင်ပြန့်ပွားရေးကို ကြိုးစားတော်မူနေရတာ 

အလှူငွေကို ကားဝယ်စီးဖို့စဉ်းစားတယ်ဆိုတာ...

လူယုတ်မာတွေ တွေးတဲ့အတွေးသာဖြစ်လိမ့်မယ် ။

* ဘုန်းရှင် ကံရှင် ပုဂ္ဂိုလ်တွေအတွက် အဆောင်အယောင် ယာဉ်ရထားဆိုတာ အလိုလိုပေါ်လာတယ်ဆိုတာ...

ဆိုက်ကားတောင်စီးဖို့ နပ်မမှန်တဲ့ကောင်တွေ နားလည်နိုင်မယ်မထင်ဘူး။

၄ ။ ဆရာတော်ကြီးအနားမှာ...

ကပ္ပိယကာရက အဖြစ် ဝတ်ကြီးဝတ်ငယ်ပြုနေတဲ့သူ ၈၀ ကျော်ဟာ...

ငွေကြေးပြည့်စုံချမ်းသာတဲ့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေချည့်ပဲ 

ဘုန်းကြီးကျောင်းက ဆွမ်းကျန်ကွမ်းကျန်စားချင်လို့ လာနေတဲ့သူတစ်ယောက်မှမရှိဘူး 

ဆရာတော်ကြီးရဲ့ ပရဟိတလုပ်ငန်းတွေမှာ လိုအပ်တွေတာတွေ့ရင်.. .တရားပွဲတွေက ရတဲ့အလှူငွေနဲ့ မလုံလောက်တော့ရင်

သူတို့က ဝိုင်းဝန်းလှူဒါန်းနေကြတဲ့သူတွေ...

အဲဒီတော့...

အနှစ်ချုပ်ပြောရရင်...

" သမ္မတလုပ်ဖူးသူမှ...  သမ္မတဘယ်လိုတွေးသလဲ သိနိုင်တယ် " ဆိုတဲ့ presidential thought လိုပဲ

ကိုယ့်နေတဲ့လမ်းထဲ... ရပ်ကွက်ထဲမှာတောင်

လူရာမဝင်ပဲ အကျဉ်ခံထားရတဲ့ လူ့အန္တ လူ့ဂွစာတွေကတော့

မဟာပုရိသ တစ်ယောက်ရဲ့...  ဘုန်းကံကို နားလည်နိုင်မှာ မဟုတ်တာသေချာပါတယ် ။

#သံဃံသရဏံဂစျဆာမိ ...ပါဘုရား

#ဦးတင်ပါတယ်ဘုရား

#pandora

Post a Comment

Previous Post Next Post