သီတဂူဆရာတော်ကြီးရဲ့ မိန့်ကြားချက်

ဆရာတော်ကြီးရဲ့ ပြောစကားဖြစ်တဲ့ သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ပေးပါဆိုတဲ့ စကားလုံးအပေါ် ပြင်ပ မီဒီယာတွေက အဓိက ကုတ်ယူပြီး ရေးသားလာကြတာ တွေ့ရတယ်။ အဓိက သူတို့ ဖြစ်စေချင်တဲ့ ဦးတည်ချက်က သံဃာထုက ဒီအရေးနဲ့ပတ်သက်ပြီး တော်လှန်ရေးကို ပါလာစေချင်ပုံပဲ။ ခက်တာက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အားလုံးလက်ခံကြတဲ့ အမှန်တရားက ၂ ချက်ပဲ ရှိတာ တွေ့ရတယ်။

နံပါတ်(၁) အချက်က ဒီဖြစ်ရပ်ဟာ နှစ်ဖက်စလုံး အမှားရှိတယ်ဆိုတဲ့ လက်ခံချက်ပဲ။ ဒီနယ်မြေဟာ ပဒက်ပေါတယ်။ ဆရာတော်မကြွခင်ကတည်းက ငါန်းဇွန်ဟာ Alphard တစီး ကို ဝိုင်းပစ်ခဲ့တဲ့ ဖြစ်စဉ်က ပူပူနွေးနွေး ရှိထားပြီးသား။ ဒီအရပ်ဟာ ခရီးမသွားသင့်တဲ့ အရပ်ဖြစ်သလို မှန်မချပဲ အတင်းမောင်းတဲ့ ကိစ္စ အပေါ်မှာ အားလုံးက ယူကျိုးမရ ဖြစ်ထားကြတယ်။

နံပတ်(၂) အချက်က လုံခြုံရေးဆိုင်ရာ ရှု့ထောင့်ပဲ။ ချောင်းမြောင်းလုံကြံ ခံရတဲ့ ပြဿနာဟာ စစ်ဆင်ရေးမှာ ကြိုတင်ပြင်ဆင်ခွင့် မရတဲ့ ကိစ္စကြီး တခုဖြစ်တယ်။ ဆုံးရှုံးမှုလည်း ပိုများတယ်။ ဒါကို အရေးယူစေချင်ရင်တော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မှာ ထိခိုက်မှု ဖြစ်စေနိုင်တယ်။


သံဃာအပါး ၁၀၀ ကျော် အသတ်ခံရချိန်တောင် လမ်းပေါ်မထွက်၊ တုပ်တုပ်မလှုပ်ရဲ၊ အသံမထွက်ရဲခဲ့ကြတဲ့ သံဃာအတုတွေက ခုချိန်မှ ဆရာတော်ဘုရားက သည်းခံ၊ ခွင့်လွှတ်မေ့ပျောက်ဖို့ပြောတဲ့အပေါ်မှာ ရင်ထုမနာ ဖြစ်နေကြတာကလည်း ထူးဆန်းတယ်။

မသိရင် ....မကျေနပ်တဲ့ သံဃာတွေအားလုံး လမ်းပေါ်ထွက် ဆန္ဒပြကြကွာလို့ ပြောစေချင်ပုံပဲ။ ဘယ်အစိုးရ လက်ထက်မှာမှ ဒီလို ထေကြီး ဝါကြီးဆရာတော်ကြီးတွေက တိုင်းပြည်ညီညွှတ်ရေးပျက်ပြားစေတဲ့ အဆိုအမိန့်တွေကို မိန့်မှာ မဟုတ်တာသိသိနဲ့ သူတို့ဖြစ်စေချင်သလို ဖြစ်မလာတဲ့အပေါ် မှာ တရားခံ ရှာလိုက်ပုံလို့ပဲ တွေးပါတယ်။


သူတို့ကိုးကွယ်ယုံကြည်လက်ခံတဲ့ ဆရာတော်ရဲ့ မိန်းမကိစ္စ အရှုပ်အထုပ်ပေါ်ချိန်မှာ တိတ်တိတ်နေပြီး ပြဿနာမကြီးထွားအောင် သည်းခံဖို့ ပြောတဲ့သူကိုမှ လက်ညိုးထိုးပြတာကတော့ ....လူရယ်စရာ ဖြစ်တာပေါ့။


(နရီမိုး)

Post a Comment

Previous Post Next Post