ဝံပုလွေစစ်သည်တော်နှင့် မြန်မာဘောလ်ကန်နိုက်ဇေးရှင်း


မကြာမီ ရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်း မြို့တော်တဝ်၀ှိုက် ပြင်းထန် ထိတွေ့မှု သတင်းများ ကြားရလောက်ပါတယ်။
..
နမ္မတူ ဘက်မှာ TNLA က အင်အားစုဖွဲ့နေပြီး  မိုင်းယော်ဘက်မှာ ကိုးကန့် MNDAA ကလည်း စုဖွဲ့ ပြင်ဆင်လာတယ်၊ လားရှိုးကိုတိုက်မယ် သတင်းထွက်နေတာ တစ်ပတ်လောက်ရှိပြီ။ လွန်ခဲ့တဲ့ရက် တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်တဲ့ ကချင်တောင်ပိုင်း ကန်ပိုက်တည် ကျသွားတယ်။ တကယ်တော့ ကန်ပိုက်တည်ဘက်ကနေပြီး မြန်မာဘက်က သစ်၊ မြေရှားတင် ၀န်တင်ကားများ နေ့စဉ် အစီး ၅၀ ထက်မနည်း တရားမ၀င် ခိုးထုတ်နေတာ ကြာပါပြီ။
..
ဆိုတော့ကာ မြန်မာပြည် အရှေ့မြောက်ပိုင်း အချင်းချင်း မသင့်မြတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်များဟာ မလွန်ဆန်နိ်ုင်တဲ့ အမိန့်တစ်ခုကို နာခံရသလိုမျိုး ဒီနေရာမှာ ရည်မှန်းချက် လာတူနေပါတယ်။ ဒါဆို 1027 စတင်ပြီး တစ်လခန့်အကြာ သတင်းထွက်ဖူးတဲ့အတိုင်း
..
လားရှိုးမှ ကျောက်ဖြူအထိ ဒါးလွယ်ခုတ် ကန့်လန့်ဖြတ် ဧရိယာအတွင်း မြန်မာပြည်အထက်ပိုင်းကို ကိုယ်စားပြု EAOs များနဲ့ သိမ်းယူရေး ထောင်ကဲရဲ့ ရည်မှန်းချက် အပြည့်အ၀ အကောင်အထည်ဖော်ပြီလို့ ထင်မှတ်ရပါတယ်
..

တကယ်လို့ လားရှိုးကို တိုက်မယ်ဆိုရင် နောင်ချို ကျောက်မဲ သီပေါ တို့ကလည်း တစ်ပြိုင်နက်တည်း အတိုက်ခံရနိုင်တယ်
..
တကယ်တော့ ကျွန်တော်တို့ဆီက #Proxy_War ကြီးဟာ အနောက်ဘက်ကြောင့် ဖြစ်ပါတယ်။
..
ပြည်တွင်း ပြည်ပ လေ့လာသူအများစုက #ထိုင်၀မ်ရေလက်ကြား_တင်းမာမှု တရုတ်_အမေရိကန် #စစ်ရေးပြိုင်ဆိ်ုင်မှုကိုသာ စိတ်၀င်စားကြပြီး
..
မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ #အိန္ဒိယ_အာရူနာချယ်ပရာဒက်ရ်ှပြည်နယ်မှာ နယူးဒေလီ-ပေကျင်း နယ်ခြားစောင့်တပ်အချင်းချင်း ရန်စောင်ရင်း စစ်ရေးအပြိုင်အဆိုင် တည်ဆောက်နေခြင်းကို ထည့်သွင်းသုံးသပ်သူ အရမ်းနည်းပါတယ်။
..
အိန္ဒိယ #ဝေးလံခေါင်ဖျား_ညီအမခုနစ်ဖော်ပြည်နယ်များအနက် အရှေ့မြောက်အစွန်ဆုံး မြန်မာနယ်စပ်မှာ ကူကီး-ဇို တို့ကလည်း မေထေး( ကသည်း) တို့နဲ့ လူမျိုးရေး အဓိကရုန်း ဖြစ်ရင်း အာသံရိုင်ဖယ်တပ်ကို ခြုံခို- မြို့ကို ဝိုင်းပတ်တိုက်ခိုက်တဲ့အထိ အင်အားကြီးထွားလာတယ်။ ခေတ်မီ စစ်လက်နက်များကိုင်ဆောင်လာနိုင်ပြီး ကျည်အား ဖောဖောသီသီ သုံးစွဲနိုင်လာတယ်။

ယခုနှစ်ဆန်းပိုင်း ပလက်ဝမြို့ကို တရုတ်နဲ့ နီးကပ်ဆက်ဆံရေးရှိတဲ့ AA ရက္ခိုင့်တပ်က တိုက်ခိုက်သိမ်းယူလိုက်ပါတယ်။ ဒီနေရာမှာ ပလက်၀ဟာ သူတို့အတွက် စစ်ရေးအချက်အချာဖြစ်လို့ သိမ်းယူရခြင်းဖြစ်ကြောင်း AA ရဲ့ ပြောဆိုချက်ဟာ အလွန် မှတ်သားစရာ ကောင်းပါတယ်။
..
တကယ်တော့ ပလက်၀ဟာ အိန္ဒိယရဲ့ အရှေ့မြောက်ဖျားပြည်နယ်များနဲ့ ဆက်သွယ်ထောက်ပံ့ရေး #ကုလားတန်စီမံကိန်းမှာ အသည်းနှလုံးသာ ဖြစ်ပါတယ်။ ၁၉-ရာစုစောစောပိုင်း အိန္ဒိယနဲ့ မြန်မာပြည် ရခိုင်ကမ်းရိုးတန်းကို ဗြိတိသျှတို့ သိမ်းယူပြီးနောက် သိပ်မကြာခင်မှာပဲ အိန္ဒိယ မီဇိုရမ်ပြည်နယ်ဟာ ကုန်းခေါင်ခေါင် အထီးကျန်ဖြစ်သွားခဲ့တာ ကြာပါပြီ။
..
အိန္ဒိယသမုဒ္ဒရာအတွင်း မင်းမူနေတဲ့ နေတိုးရေတပ်ကို ထောင်ကဲက ရင်ဆိုင်ဖို့ ပြင်ဆင်လာခဲ့တာ ၂၀၀၅-ခုနှစ် လောက်ကစပါလိမ့်မယ်။ နောက်ပိုင်း ရှီကျင့်ဖျင်ရဲ့ BRI စီမံကိန်း နဲ့ အတူ တရုတ်-ပါကစ္စတန် #CPEC ၊ တရုတ်-မြန်မာ #CMPC စီးပွားရေးစင်္ကြံများနဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ရှာဖွေလာခဲ့တယ်။
.
ဟိမ၀န္တာ တောင်တန်းတလျောက် ပေကျင်း-နယူးဒေလီ ထိပ်တိုက်တွေ့မှုကလည်း သိသာလာပြီး အိန္ဒိယသမုဒ္ဒရာအတွင်း နယူးဒေလီ ရေတပ်စိုးမိုးမှု အားကောင်းလာတယ်။ အက်ဒမန်ကျွန်းမှာ အမေရိကန် ထောက်လှမ်းရေးလေယာဉ်များ ဆီဖြည့် ရိက္ခာဖြည့်ဖို့၊
ဘင်္ဂလားပင်လယ်အော် အနောက်ဘက်ခြမ်း ကမ်းရိုးတန်းမြို့များရှိ ဆိပ်ကမ်းနဲ့ သင်္ဘောကျင်းများကို ဗြိတိန်-အမေရိကန်သင်္ဘောများ ဆိုက်ကပ်သုံးစွဲဖို့ နာရင်ဒြာမိုဒီအစိုးရက ခွင့်ပြုလာပါတယ်။
..
အိန္ဒိယသမုဒ္ဒရာ ပေကျင်းနဲ့ ဘာဘူ ငပွကြီးအုပ်စု အားပြိုင်မှုဟာ ၂၀၂၀ ခုနှစ် ၀န်းကျင်လောက်မှာ ထင်ရှားလာတယ်။ ဒီလိုအချိန်မှာ ထောင်ကဲအနေနဲ့ ကမ္ဘောဒီးယားနည်းတူ ကိုကိုးကျွန်း သို့မဟုတ် ကျောက်ဖြူမှာ စစ်သင်္ဘော အနည်းငယ် လောက်တော့ ဆိုက်ကပ်ထားချင်ရှာပါလိမ့်မယ်။
..
ပါကစ္စတန် ဂွာဒါဆိပ်ကမ်းဟာ အာရေဗျ ကမ္ဘာ့ရေနံပင်လယ်ရေလမ်းထွက်ပေါက်ဖြစ်လို့ အရေးကြီးပါတယ်။ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံဟာ မော်တော်ယာဉ်များ သွားလာနိုင်တဲ့အထိ ပြီးစီးနေပေမယ့် ပေကျင်း ဆန့်ကျင်ရေး တိုင်းရင်းသား ပြည်သူ့စစ်များ၊ မွတ်စလင် စစ်သွေးကြွများ မင်းမူရာ နေရာဖြစ်ပြီ ရင်းနှီးမြှုပ်နှံ သူများကို ဆွဲဆောင်မှု ကျဆင်း၊ အလုပ်မဖြစ်ပဲ ရှိနေပါတယ်။
..
အဲ့ဒီအချိန်မှာ ကူမင်း-ကျောက်ဖြူ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်းကတော့ ရေနံ-ဓါတ်ငွေ့ပိုက်လိုင်းသာ ရှိနေပြီး ကားလမ်း-မီးရထားလမ်းဝေးလို့ မြေကြီးတစ်နေရာရာမှာတောင် ဘူဒိုဇာနဲ့ မကလော်ရသေးပါ။

..
တကယ်တော့ ကျွန်တော်တို့ဟာ #မသင့်မြတ်တဲ့_နျူကလီယာလက်နက်ပိုင် #ကမ္ဘာ့လူဦးရေအများဆုံး_နိုင်ငံကြီး နှစ်ခုအကြား #ပထဝီနိုင်ငံရေး အရေးပါမှုနဲ့ #သယံဇာတ_ကျိန်စာသင့်နေခြင်းဖြစ်ပါတယ်။
..
ထောင်ကဲဘက်ကို အပြတ်အသတ်ယိမ်းရင် ဘာဘူကြီးက ထိပ်တိုက်တွေ့ရမှာဖြစ်ပြီး ငပွကြီးအုပ်စုက ပြည်တွင်းမှာ ယခုထက် ပိုမို မွှေနှောက်ပါလိမ့်မယ်။
..
ဘာဘူကြီး ငပွကြီးဘက် အပြတ်အသတ် ယိမ်းရင်လည်း
သံလွင်မြစ်ဖျားမှာ တြုတ်မတွေချည့်စုပြီး ရှူရှူပေါက်ထာနဲ့ မြန်မာပြည် ရေကြီး ရေလျှံဖြစ်သွားနိုင်တယ်။
..
ဆိုတော့ သူဘက်မှာ ပြတ်ပြတ်သားသား မရပ်တည်ရကောင်းလားလို့
ကျားဖြန့် အကြောင်းပြီး 1027 ဆိုတာ ဖြစ်လာတယ်။ အပြင်ပန်းမှာတော့ ချစ်ကြည်ရေး-ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးရေးတွေ တွင်တွင် ပြောပြီး နောက်ကျော ဒါးနဲ့ထိုးတတ်တဲ့ ထောင်ကဲရဲ့ #ဝံပုလွေစစ်သည်တော်_လူမှုဆက်ဆံရေး #Wolf_worrier_diplomacy သာဖြစ်ပါတယ်။
..
ဘော်လကန်နိုက်ဇေးရှင်း Balkanization ဆိုတာ ပြည်ထောင်စုအသွင်ရှိခဲ့တဲ့ တိုင်းပြည်တစ်ခုဟာ အချင်းချင်း မသင့်မြတ်တဲ့ လူမျိုးစုများ- ဘာသာ၀င်များက သီးခြားနယ်မြေ ခွဲထွက်ပြီး အပြန်အလှန် ရန်စောင်နေခြင်းကို ခေါ်ဆိုပါတယ်။ တိုင်းပြည်တစ်ခု ပြိုကွဲသွားတိုင်း ဘော်လ်ကန်နိုက်ဇေးရှင်း မဟုတ်ပါ
..
နှစ် ၇၀ ကျော် မြန်မာပြည်တွင်းစစ်ဟာ တိုင်းရင်းသားလူမျိုးစုများ ကိုယ်ပိုင်နယ်မြေရရှိရေးဖြစ်လို့ လူမျိုးအလိုက် နယ်မြေခွဲဝေသတ်မှတ်ပေးလိုက်ရင် ကိစ္စပြတ်ရောလို့ ကမ္ဘာ့နိ်ုင်ငံရေး စစ်ရေး မျက်စိကြီး နားကြီးများက အကြံပြုခဲ့ကြဖူးတယ်။
.
ခုတော့ ရခိုင်နဲ့ ချင်း၊ ပလောင်နဲ့ ကချင်၊ ရှမ်းနဲ့ ပလောင်၊ ရှမ်းတောင်နဲ့ ရှမ်းမြောက် ကချင်နဲ့ မြောက် ၃-ဖွဲ့အချင်းချင်း အပြန်အလှန်ပွတ်တိုက်မှုတွေကို ကြည့်ပြီး ပါးစပ်တွေ ပိတ်ကုန်တယ်။ အာဆီယံကအစ မြန်မာဘောလ်ကန် နိုက်ဇေးရှင်းကို အော်နေကြပါပြီ။ စစ်အာဏာရှင် ဖယ်ရှားရေး- ဖက်ဒရယ်နိုင်ငံတော်ထူထောင်ရေး အသံတွေ တိုးသွားတယ်။
..
၁၉၉၂-ခုနှစ် ဘောလ်ကန်ဒေသ ယူဂိုဆလားဗီးယားနိုင်ငံပြိုကွဲပြီး အချင်းချင်းရန်စောင်နေတဲ့ နိုင်ငံငယ် ၇-ခုခန့်သာ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ နိုင်ငံငယ် ၁၂-ခုထက်မနည်းနဲ့ ကိုယ့်ဖာသာ သီးခြား အုပ်ချုပ်နေတဲ့ နယ်မြေ ၂၀၀ ကျော် ပေါ်ထွန်းလာဖွယ်ရှိပြီး အချင်းချင်း စားမာန်ခုတ်နေကြပါလိမ့်မယ်။
..
#အဲ့ဒီအခါ #ဝံပုလွေစစ်သည်တော်ကြီးလည်း_ဘာမှ_မတတ်နိုင်ပဲ
#ကျွန်တော်တို့_ခင်ဗျားတို့အားလုံး #နင့်မေ_ဆပ_လို့ #အော်ကြယုံရှိပါလိမ့်မယ်။
..
..
အစဉ်လေးစားစွာဖြင့်
..
#HtayOung, #OungMarine
===

Post a Comment

Previous Post Next Post