တစ်ဘက်ကစစ်နည်းဗျူဟာသိနေပြီးရင်တစ်ဘက်ကဘာလဲ ? ? ?



သောင်းကျန်းသူကို နယ်မြေတစ်ခု
ပေးလိုက်တာနဲ့ အဲ့ဒီနယ်မြေဟာ ငြိမ်းချမ်းမှာ
မဟုတ်သလို မြန်မာပြည်လည်း ငြိမ်းချမ်းသွား
မှာ မဟုတ်ဘူးလို့


မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဆိုတာက
စစ်တိုက် မှ ရမှာပါ။ အခြားနည်းမရှိပါ။
ရှိခဲ့ရင်လည်း အချိန်အတိုင်းအတာ တစ်ခုပါပဲလို့။


▫ ရလေ လိုလေ
စစ်ဆင်ရေးဆိုတာအနိုင်ရရင်အောင်မြေချဲ့ချင်စိတ်ဖြစ်လာစေပါတယ်။ ပြင်ဆင်ရမယ့်လွဲမှားတဲ့မူဝါဒ အကြောင်းပြချက်မျိုးစုံကြောင့်တပ်ရဲ့အား အကျဘက်ရောက်နေချိန်မှာနိုင်ရင်နိုင်သလောက်အမြတ်ထုတ်ကြမှာပါ။


ဒီတစ်ကြိမ်တိုက်ပွဲကာလကြာမယ်ဆိုရင် မြန်မာ့နှလုံးသားမြေပြန့်ဒေသဆီဆင်းလာဖို့စီမံချက်ထပ်တိုးလာနိုင်ပါတယ်။ သောင်းကျန်းသူတွေရဲ့ပိတ်ဆို့မှုစစ်နည်းဗျူဟာအရဆိုရင် ပထမအဆင့် လားရှိုးပိတ်ဆို့သိမ်းပိုက်ပြီးရင်၊ ဒုတိယအဆင့်မန္တလေး/ပြင်ဦးလွင်ဖြစ်လာနိုင်ပါလိမ့်မယ်။ နောက်အဆင့်တွေဆိုရင်မြေပြန့်အထိချဲ့ဖို့ကြိုးစားလာပါလိမ့်မယ်။

အရှိန်ရနေတဲ့လက်နက်ကိုင်တွေရဲ့စစ်ဦးကိုမှတ်လောက်သားလောက်ရိုက်ချိုးဖိနှိပ်နိုင်မှ ရန်သူဦးကျိုးပြီး မိမိတပ်သားတွေစိတ်ဓာတ်တက်ကြွလာနိုင်မှာဖြစ်ပါတယ်။

လွတ်လပ်ရေးကြိုးပမ်းစဥ်ကာလမှာ လွတ်လပ်ရေးသည်ပထမ၊ လွတ်လပ်ရေးသည်ဒုတိယ၊ လွတ်လပ်ရေးသည်တတိယဦးစားပေး ဆိုပြီး တိကျပြတ်သားတဲ့ရည်မှန်းချက်ထားခဲ့ကြလို့အောင်မြင်ခဲ့ရတာပါ။ ယခုလဲစစ်ပူကာလရောက်နေပြီမို့သွေးအေးလေးဖင့်နေတဲ့ ကြိုးနီစနစ်၊ စိုက်မွေး၊ စည်းကော်စနစ်တွေထက် တိကျပြတ်သားတဲ့ရည်မှန်းချက်ရှိရမယ့်အချိန်ပါ။

"စစ်တိုက်ရန်၊လေ့ကျင့်ရန်၊ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရန်" ဆောင်ပုဒ်နေရာမှာ

"စစ်တိုက်ရန်၊ စစ်တိုက်ရန်၊ စစ်တိုက်ရန်" လို့ဆောင်ပုဒ် ပြောင်းလဲဖို့လိုနေပါတယ်။

တစ်ဘက်ကစစ်နည်းဗျူဟာသိနေပြီးရင်
တစ်ဘက်ကဘာလဲ ? ? ?


Geopolitics Admin

1 Comments

  1. ရန်သူကို ရန်သူလို့မြင်ပါ
    သစ်ပင်ခုတ်ရင် သစ် စ တော့စင်မှာပဲ

    ReplyDelete

Post a Comment

Previous Post Next Post