ထိုင်းနိုင်ငံ မဲဆောက်မြိုနယ် မယ်ပကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်တွင် ဘတ်တစ်သန်းခန့်တန်ဖိုးရှိ စစ်အသုံးအဆောင်ပစ္စည်းများ ဖမ်းဆီးရမိ


ပူးပေါင်းအဖွဲက ဖမ်းဆီးရမိသည့် စစ်အသုံးအဆောင်ပစ္စည်းများမှာ စစ်ဘက်သုံးကျည်ကာအကျႌ၊ စစ်ဘက်သုံးကျည်ကာဦးထုပ်၊ UV 8000 D အမျိုးအစား ဆက်သွယ်ရေးစကားပြောစက်၊ M -16 ကျည်ဆံ၊ စစ်ဝတ်စုံ၊ စစ်သုံးဖိနပ်အစရှိသည့် ပစ္စည်းများဖြစ်ကြောင်းနှင့် ယင်းပစ္စည်းများ၏ ကာလတန်ဖိုးမှာ ဘတ်တစ်သန်းခန့်တန်ဖိုးရှိကြောင်း သိရပါတယ်။

အဆိုပါစစ်အသုံးအဆောင်ပစ္စည်းများ ထုပ်ပိုးထားသည့် အထုပ်များပေါ်တွင် မယ်ဟောင့်ဆောင်ခရိုင်၊ မယ်စလီယန်မြိုနယ်ဘက်သို ပိုဆောင်ရန် လိပ်စာရေးသားထားထားကြောင်းနှင့် မြန်မာနိုင်ငံဘက်သို ပိုဆောင်မည့် ပစ္စည်းများဖြစ်ကြောင်းကို ဖော်ပြထားခြင်းမရှိသော်လည်း ကျည်ကာအကျႌများအတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF အမှတ်တံဆိပ် အနီရောင်နောက်ခံ၊ ကြယ်ဖြူဘတ်တံဆိပ်များ တပ်ဆင်ထားသည်ကို တွေ့ရကြောင်း ထိုင်းသတင်းများက ဆိုပါတယ်။
Crd#

Post a Comment

Previous Post Next Post