တိုင်းပြည်နဲ့ အတ္တ ဘယ်အရာက အရေးကြီးသလဲ


တပ်မတော်က တောင်းဆိုခဲ့တာ USDP ကို အနိုင်ပေး
ဖို့တောင်းဆိုခဲ့တာ မဟုတ်သလို  NLD အနိုင်ရတာကို
အသိအမှတ်မပြုတာလည်း မဟုတ်ပါဘူး။

တပ်မတော်ဘက်က တောင်းဆိုတာ မဲဆန္ဒနယ်အနည်း
ငယ်က အငြင်းပွားဖယ်ွရာ  မဲရလဒ်တချို့ကို ပြန်လည်စိ
စစ်ပေးဖို့သာ တောင်းဆိုခဲ့တာပါ။

ဆိုလိုတာ မဲဆန္ဒနယ်တချို့မှာ USDP အမတ်တချို့နဲ့
တခြားပါတီတွေက  အမတ်တချို့ နိုင်ကို နိုင်ရဲ့သားနဲ့
NLD အဖွဲ့ဝင်တွေ မဲတွေကိုဗြဲလရမ်းလုပ်ချင်သလိုလုပ်
ပြီး အနိုင်ယူသွားတာကို   ပြန်စိစစ်ပေးဖို့ တောင်းဆိုခဲ့
တာဖြစ်ပါတယ်။

တပ်မတော်ဟာ NLD အနိုင်ရတာကို လက်ခံပြီးသား
ဖြစ်လို USDP မနိုင်နိုင်ဘူးဆိုတာကိုလည်း သိပြီးသား
ဖြစ်ပါတယ်။

တောင်းဆိုထားတဲ့ မဲဆန္ဒနယ်မြေတချို့မှာ ပြန်လည်စိ
စစ်လို့ NLD ဘက်က နောက်ဆုတ်ပေးလိုက်ရတယ်ဆို
ရင်တောင် NLD   အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲရလဒ်က
ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

NLD ဟာရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့အတွက် အ
စိုးရဖြွဲ့့ပီး တိုင်းပြည်ကို   ဆက်လက်အုပ်ချုပ်သွားနိုင်မှာ
ဖြစ်ပါတယ်။

ဒါကိုသိရဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် အဲဒီ
လောက် ခေါင်းမာခဲ့ရတာလဲ။

ကျွန်တော်တော့ အံ့သြမိတယ်။

သူ့အနေနဲ့ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နဲ့ နေ
ခဲ့ရသလို အခုလည်း ထောင်ထဲမှာ အချိန်တွေကုန်ဆုံး
နေရတယ်။

သူ့အတွက် အကျိုးမရှိသလို ပြည်သူအတွက်လည်း အ
ကျိုးမရှိဘူုးလို့ပဲ မြင်ပါတယ်။

ခေါင်းမာတယ်ဆိုတာ ပြည်သူ့အကျိုးကိုကြည့်ပြီးမှ မာ
သင့်မှ မာတာ ကောင်းပါတယ်။

အနီအစွန်းရောက်တွေကတော့ ဒေါ်စုဆုံးဖြတ်တာမှန်
တယ်၊ ဒါဟာ  စစ်တပ်အောက်ကို ဦးမညွတ်တာ ဘာ
ညာနဲ့ ပြောနေကြတယ်။

ကျွန်တော်ကတော့ နှစ်ပေါင်းများစွာ တည်ဆောက်လာ
ခဲ့ရတဲ့  နိုင်ငံရေးလမ်းကြောင်းတစ်ခုကို အဓိပ္ပါယ်မဲ့  အ
ချည်းနှီးဖြစ်သွားအောင်   ဖျက်ဆီးလိုက်တာလို့ပဲ မြင်ပါ
တယ်။

အခုတော့ တိုင်းပြည်က ဘယ်ခေတ်နဲ့မှ မတူအောင်ကို
ပျက်စီးသွားပြီ။

ဘာအမြတ်ရလိုက်သလဲ။

ဘာအမြတ်မှမရတဲ့အပြင် တိုင်းပြည်အတွက် ဆုံးရှုံးမှု
ပေါင်း မြောက်မြားစွာနဲ့ ရင်ဆိုင်နေရတယ်။

လက်ရှိအခြေအနေအထိ  ရောက်လာအောင် ဆိုးရွားစွာ
ပျက်စီးဆုံးရှုံးတာကို တပ်မတော်ကြောင့်လို့လက်ညှိုးထိုး
မယ်ဆိုရင် မှားတယ်လို့ မပြောနိုင်သည့်တိုင်အောင် မပြည့်
စုံဘူးလို့ ပြောချင်တယ်။

တိုင်းပြည်ပျက်စီးရတဲ့ တရားခံထဲမှာ  ဒေါ်အောင်ဆန်းစု
ကြည်လည်း ပါပါတယ်။

တကယ်တော့ NLD မှာ ဒေါ်စုက အခရာပါ။ အခေါင်အ
ချုပ် ဥသျှောင်ပါ။

ဒေါ်စုက သေဆိုသေ၊ ရှင်ဆိုရှင်ပါ။

တပ်မတော်ဘက်က မေတ္တာရပ်ခံလာတဲ့ ညှိနှိုင်းချက်တွေ
ကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ရင် တိုင်းပြည်အခြေ
အနေဟာ အပြုသဘောဆောင်တဲ့  လမ်းကြောင်းအတိုင်း
သာ ဆက်လက်ချီတက်နိုင်မယ့် အခြေအနေပါ။

အရာအားလုံးပျက်စီးခဲ့တာ ပြည်သူကို မငဲ့ညှာဘဲ ငါတ
ကောကောချင်တဲ့ အတ္တကြောင့်လည်း ပါပါတယ်။

စစ်တပ်အာဏာသိမ်းတာကို ကျွန်တော်လည်း မကြိုက်
သလို ထောက်လည်း မထောက်ခံပါဘူး။

အာဏာသိမ်းတာ မကောင်းမှန်း လူတိုင်းသိနေတာပဲ။

သို့သော် ပြောချင်တာက အာဏာမသိမ်းသိမ်းအောင်လုပ်
တဲ့သူတွေမှာလည်း တာဝန်ရှိတယ်ဆိုတာကို ပြောချင်တာ။

တစ်ချိန်တုန်းက "တိုင်းပြည်နဲ့ လူထုအတွက် အကျိုးရှိမယ်
ဆိုရင် ကျွန်မကို အသုံးချရင်လည်း ကျေကျေနပ်နပ်ကြီး အ
သုံးချခံပါ့မယ်။" ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကျွန်တော်ဒေါ်
အောင်ဆန်းစုကြည်ကို ကြွေ ခဲ့တာ့ပါ။

သို့သော် ၂၀၁၅ ခုနှစ်ကနေ  ၂၀၂၁ ခုနှစ်အထိ ကြီးမား
လှတဲ့ အတ္တတွေကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်တော်
အတော့်ကို စိတ်ပျက်သွားမိပါတယ်။

သူသာ အဲဒီလောက် အတ္တမကြီးခဲ့ရင် ကျွန်တော်တို့တွေ
အခုလို ငရဲတွင်းထဲကို ရောက်လာမှာမဟုတ်ဘူး။

အနီကြိုက်ဖို့၊ အစိမ်းကြိုက်ဖို့ ရေးသားနေတာမဟုတ်ပါဘူး။

ကိုယ်ခံစားရတဲ့အတိုင်း ကိုယ်ယုံကြည်တဲ့အတိုင်းသာ
ရေးပါတယ်။

ကျွန်တော်က ဒေါ်စုကိုရော NLD ကိုပါ ထောက်ခံခဲ့တဲ့
သူပါ။

ဒါပေမဲ့ ၂၀၂၁ ဖြစ်စဉ်နောက်ပိုင်း တော်တော်စိတ်ပျက်
သွားမိပါတယ်။

ပြည်သူတွေက NLD ကို ပုံအောပြီး မဲပေးခဲ့တာ အားလုံး
အသိပါပဲ။ ပြည်သူတွေ တာဝန်ကျေသွားပါပြီ။

ဘာမဲမှ ခိုးစရာမလိုသလိုတဲ့အပြင် တရေးနိုးထပြိုင်လည်း
နိုင်နေတာပါပဲ။

မဲခိုးစရာမလိုသလို ဗြဲလရမ်းလည်း လုပ်စရာမလိုပါဘူး။

ဘယ်လောက်ကောင်းတဲ့ ပါတီဖြစ်ဖြစ် အစိုးရဖြစ်ဖြစ်
၁၀၀% ထောက်ခံမှု ဘယ်မှာမှ မရနိုင်ပါဘူး။

၁၀၀% ထောက်ခံမှုရတယ်ဆိုတာ အာဏာရှင်နိုင်ငံတွေ
မှာပဲရှိပါတယ်။

ပါးစပ်ကဒီမိုကရေစီတတွင်တွင်ပြောပြီး အတိုက်အခံတစ်
ဖွဲ့မှမထားဘဲကန်ထုတ်ချင်တာ ဒီမိုကရေစီစိတ်ဓာတ်လား
လို့ မေးရမှာပါပဲ။

အခု တိုင်းပြည်ရော လူထုပါ ဒုက္ခရောက်နေပါပြီ။

ကျွန်တော်တို့ ပြည်သူတွေမှာ အားကိုးစရာမရှိပါဘူး။

ဘယ်သူ့အပြစ်လဲ ..... ။

#ရဲကျော်သူရ

Post a Comment

Previous Post Next Post