နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား


=====================================
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား နယ်မြေခံလေတပ်စခန်းဌာနချုပ်၊ သူရအုန်းခိုင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါတယ်။
မိတ္ထီလာဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရေး ဆောင်ရွက်သင့်သည်များနှင့် ဆောင်ရွက်နိုင်သည်များကို ဆွေးနွေးပြောကြားနိုင်ရန်လာရောက်စဉ်မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များအား တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိတ္ထီလာဒေသအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင်ရှိပြီး လမ်းပန်းဆက်သွယ်မှုတွင် အချက်အခြာကျသည့် ထူးခြားသည့်ဒေသတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနှံ့သို့ သွားရောက်နိုင်သည့် လမ်းဆုံနေရာဖြစ်သည့်အတွက် အသွားအလာများပြားသည့် ဒေသတစ်ခုလည်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍လည်း အောင်မြင်စွာဆောင်ရွက်နိုင်သည့် ဒေသတစ်ခုဖြစ်သကဲ့သို့ ပညာရေးနှင့်ပတ်သက်၍လည်း တက္ကသိုလ်များ၊ ကောလိပ်များ၊ ကျောင်းများ ပြည့်စုံစွာရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ မိတ္ထီလာကိုဗဟိုပြု၍ စံပြုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံတိုးတက်ရေးကိုလည်း များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Post a Comment

Previous Post Next Post