Congratulations ပါ နှာခေါင်းတို


AA အဖွဲ့၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် နှာခေါင်းတိုကမ်းခြေတွင် ခွာစစ်ဆင်ရင် ရောက်ရှိနေသော မောင်တောမြို့နေရာစုံဆုတ်ခွာထားသည့် နခခ ၄/၆/၉ မှ  ကျန်ရှိ ရဲတပ်ဖွဲ့ဝင်များအား တပ်မတော် စစ်ကြောင်းမှ ရန်သူအပြင်းအထန်တိုက်ခိုက်နေသည့်ကြားမှာ အတင်းထိုးဖောက် တိုက်ခိုက်၍ ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ထပ်မံဆုတ်စရာပင်လယ်ပြင်ပဲရှိတော့တဲ့ အနေအထားမှာ ရအောင် ဆွဲထုတ်ခဲ့ရတာပါ။
-
AA အကြမ်းဖက်အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့က လက်နက်မပါသည့် ရဲတပ်ဖွဲ့ဝင်များ၊ ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များ အများစုပါရှိသည့် အင်အား ၂၀၀ မှ ၃၀၀ ကြားအား ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့၍ အရှင်ဖမ်းရန်လုပ်ဆောင်‌နေစဉ် တပ်မတော်မှ ကမ်းထိုးရေယာဉ်ဖြင့် စစ်ကြောင်းတစ်ကြောင်းအား နှာခေါင်းတို ကမ်းခြေမှကမ်းတက်၍ အတင်းထိုးဖောက် တိုက်ခိုက်စေခဲ့ပါတယ်၊
-
ယနေ့နံနက်ပိုင်းအထိ ၃ ရက်တိုင်တိုင် တိုက်ပွဲများပြင်းထန်ခဲ့ရာ တပ်စစ်ကြောင်းများမှ ပိတ်ဆို့ထားသည့် AA အကြမ်းဖက်အဖွဲ့အား လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူပေးရန်မရနိုင်သည့် အခက်အခဲတွေကြားမှ ဒရကြမ်းလိုက်လံတိုက်ခိုက် ရှင်းလင်းခဲ့တာဖြစ်ပြီး ယခင်ရန်သူရှိနေသည့်နေရာမှ အနောက်ဘက်မီတာ ၁၀၀၀ ကျော်အထိ လိုက်ခံရှင်းလင်းခဲ့ရာ ရန်သူ့ထံမှ အလောင်းလက်နက်များ များစွာရရှိခဲ့တယ်လို့လည်း ကြားသိရပါတယ်၊ အဖွဲ့တွေဆီက ကြားသိရသလောက် ပြောရမယ်ဆိုရင် သူတို့အတင်းထိုးဖောက် တိုက်ခိုက်မှု၊ ယနေ့နံနက်ပိုင်း လေကြောင်းမှ ဗုံးကြဲမှုတို့ကြောင့် ရန်သူ့အလောင်း/ လက်နက်များ မရေတွက် နိုင်လောက်ရရှိခဲ့ပြီး ဆုတ်ခွာရန်သူများအား ၎င်းတို့ထံမှာ ကျည်ကုန်သည်အထိ လိုက်လံတိုက်ခိုက်ခဲ့ကာ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ကမ်းထိုးယာဉ်ပေါ်တက်နေချိန်မှာ ရန်သူပြန်လည်တိုက်ခိုက်မှုအား ကြံ့ကြံ့ခံ၍ ခုခံတိုက်ခိုက်ပေးခဲ့သေးတယ်လို့လည်း သိရပါတယ်။
-
လက်ရှိအချိန်မှာတော့ စစ်ကြောင်းပြန်လည်ကယ်ထုတ်လာသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မောင်တောမှ နေရာစုံမှ ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များ၊ ရဲမိသားစုဝင် စုစုပေါင်း အင်အား ၂၀၀ မှ ၃၀၀ ကြားအား တပ်မတော် ကမ်းထိုးရေယဉ်ဖြင့်တင်ဆောင်၍ လုံခြုံစိတ်ချရသောနေရာသို့ ပြန်လည်ခေါ်ဆောင်လာနေပြီဖြစ်ကြောင်း သတင်းကောင်းတင်ပြအပ်ပါတယ်။
-
ရန်သူအများအပြားကြားမှ ထိုးဖောက်ကယ်ထုတ်လာတဲ့ တပ်မတော်စစ်ကြောင်းမှ အရာရှိ/စစ်သည်များကို လည်း ဂုဏ်ယူပါတယ်။ မကြာခင် သူတို့အတွက် ဂုဏ်ထူးဆောင် သတင်းကောင်းလေးတွေ ကြားရပါလိမ့်မယ်။ စစ်ကြောင်းကတော့ စစ်သည် ၁ ယောက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

https://t.me/kyawswar49111

Post a Comment

Previous Post Next Post