Eid Al-Adha ပွဲကျင်းပဖို့ ရှိနေတဲ့ မွတ်ဆလင်တွေကို ULA/AA အကြမ်းဖက်အဖွဲ့က နေအိမ်ကနေ ချက်ခြင်းထွက်ခွာကြဖို့ သတိပေးချက် ထုတ်ပြန်

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်မှာ ဇွန် ၁၇ ရက် Eid Al-Adha ပွဲကျင်းပဖို့ ရှိနေတဲ့ မွတ်ဆလင်တွေကို  ULA/AA အကြမ်းဖက်အဖွဲ့က နေအိမ်ကနေ ချက်ခြင်းထွက်ခွာကြဖို့ သတိပေးချက် ထုတ်ပြန်ထားပြီး အစီအစဉ်တကျမရှိဘဲ ထွက်ခွာဖို့ ညွှန်ကြားထားကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းထံမှ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင် ၂၀၀,၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး AA အကြမ်းဖက်အဖွဲ့က မေလ ၁၇ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ မွတ်ဆလင်များ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်ကတည်းက AA အကြမ်းဖက်အဖွဲ့သည် မြန်မာ့တပ်မတော်ကို တိုက်ခိုက်ရန် အကြောင်းပြ၍ မွတ်ဆလင်များကို နေရာတိုင်းတွင် အတင်းအကျပ်ရွှေ့ပြောင်းနေသည်ဟု ဒေသခံမွတ်ဆလင်များပြောစကားအရ သိရသည်။

AA အကြမ်းဖက်အဖွဲ့ဟာ မွတ်ဆလင်များကို အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများအပြင် ထင်ရှားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများလည်း ရှိခဲ့ပြီး ယခုနှစ် မတ်လ နောက်ဆုံးပတ်မှစတင်၍ ULA/AA အကြမ်းဖက်မှမွတ်ဆလင်ဦးရေ အနည်းဆုံးခန့်မှန်း ၁၂၀၀ မှ ၁၅၀၀ အထိ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

#crd

Post a Comment

Previous Post Next Post