မိုး‌မောက်၊မံစီဘက်တိုက်ပွဲတွေမှာ အလူးအလဲခံနေရတဲ့ KIA/PDF နဲ့ ‌ABSDF အကြမ်းဖက်များ

- မိုးမောက်၊မံစီတိုက်ပွဲ‌တွေမှာ အစကတည်းက လိုင်းပေါ်မှာပဲနိုင်ပြီး မြေပြင်မှာ အသာမရတဲ့ KIA/PDF နဲ့ (ရှမ်းမြောက်ဒေသမှလာ‌ရောက်၍ ပါဝင်တိုက်ပေးသည်ဟု အကြမ်းဖက်အား‌ ပေးမီဒီညာများတွင် ဖော်ပြထားသည့်) ABSDF အကြမ်းဖက်အဖွဲ့တွေဟာ တိုက်ပွဲရက်ကြာလာတဲ့အမျှ မရေတွက်နိုင်လောက်တဲ့ အထိအခိုက်၊ အကျအဆုံးများနဲ့အတူ ဆက်လက်တိုက်ခိုက်နိုင်လောက်တဲ့ လူအင်အား၊ လက်နက်၊ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးစသည့် လိုအပ်ချက်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရ‌ ကြောင်း-
- ပြည်နယ်တွင်းတစ်ဖက်သတ်တိုက်ပွဲတွေကို စတင်ဖန်တီးပြီး ဦးဆောင်စေခိုင်းသည့် KIA ကိုယ်တိုင်က လည်း တိုက်ပွဲလိုအပ်ချက်များအား ဖြည့်ဆည်းမပေးနိုင်တော့သည့်အပြင် KIA တပ်ဖွဲ့ဝင်များကိုယ်တိုင်က တိုက်ပွဲများအတွင်းမှ အကြောင်းအမျိုးမျိုးပြ စွန့်ခွာထွက်ပြေးနေကြကြောင်းများကို ဒေသတွင်းသတင်းများနှင့် တိုက်ပွဲများအတွင်း အဖိနှိပ်ခံPDF များ၏ ရင်ဖွင့်ပေါက်ကွဲသံများ ထပ်တူညီနေမှုက မိုးမောက်၊မံစီတိုက်ပွဲအတွင်း အကြမ်းဖက်သမားများ၏ လက်ရှိအ‌ခြေအနေကို‌ ဖော်ညွှန်းပြီး များမကြာမီ မိုးမောက်၊မံစီမြို့နယ်များမှ အကြမ်းဖက်သမားများ အပြီးတိုင်စွန့်ခွာထွက်‌‌ပြေးတော့မည်ဆိုသည်ကို ပြသနေခြင်းပင်ဖြစ်ကြောင်း-

- ယခုရက်ပိုင်းတွင်လည်း ဒေသခံများမှတိကျစွာပေးလာသည့် ‌၎င်းတို့ခို‌အောင်း‌နေရာများအား တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ထိရောက်စွာ ပစ်ခတ်ချေမှုန်းခြင်းများအပြင် မြေပြင်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားအလုံးအရင်းဖြင့် လိုက်လံ ရှင်းလင်းနေမှုများကြောင့် အကြမ်းဖက်သမားများမှာ ခိုအောင်းရန်နေရာပင်မရှိတော့ဘဲ ‌ဦးတည်ရာမဲ့ရှောင်ပုန်းနေကြောင်း-

 - ဦးဆောင်သူအကြီးပိုင်းများလည်း တိုက်ပွဲတွင်သေဆုံးသူများ၊ မသေဘဲထွက်ပြေးသူများကြောင့် အကြမ်းဖက်များမှာ ဦးဆောင်သူမရှိဘဲ ကစဉ့်ကလျားရှောင်ပုန်းနေရပြီး မျိုးစုံသော ဒုက္ခများနှင့် ကျန်းမာရေးဆိုးရွားလာနေမှု‌များ‌ကြောင့် စိတ်ဓါတ်ကျဆင်း‌နေကြသည်ကို တွေ့မြင်နေရကြောင်း မိုးမောက်၊မံစီဒေသခံများ၏ ပြောကြားချက်အရသိရှိရပါသည်။

Post a Comment

Previous Post Next Post