KNU တပ်မဟာ (၁) တွင် အတင်းအကြပ် တပ်သားသစ်/လူသစ်စုဆောင်းနေ


ဒေသခံများ၏ သတင်းပေးပိုချက်အရ ၁၄-၆-၂၀၂၄ ရက်နေ့မှာ KNU တပ်မဟာ (၁) ဗိုလ်အဆင့်ရှိသူတစ်ဦးမှ မဲပလီ၊ နတ်ကြီး၊ ဝင်းမောင်၊ ပဒါးတော၊ အစုချောင်း အစရှိတဲ့ မဲပလီ တစ်ဝန်းရှိ ရွာလူကြီး ၁၅ ဦးလောက်ကို ခေါ်ပြီး တွေ့ဆုံခဲ့ကြောင်း သိရပါတယ်.. 
ရွာလူကြီးများကို တောင်ကလေးမှာ ခေါ်ယူတွေ့ဆုံခဲ့ပြီး-
* တပ်မတော်၏ ရိက္ခာ၊ ပစ္စည်းများကို သယ်ယူပိုဆောင်ပေးခြင်းများ မပြုလုပ်ရန်၊ တပ်မတော်၏ လှုပ်ရှားသွားလာမှုများအား သတင်းပေးရန်၊ သတင်းမပေးပိုပါက သတ်ပစ်မည်ဖြစ်ကြောင်း၊
* အဓိကလိုအပ်ချက်အနေဖြင့် KNU တပ်မဟာတိုင်းတွင် စစ်သည်လူအင်အား လျော့နည်းလာသည့်အတွက် တပ်မဟာအားလုံး တပ်သားသစ်ခေါ်ယူရမည် ဖြစ်သည့်အတွက် ရွာလူကြီးများအနေဖြင့် ရွာ ၁ ရွာလျှင် တပ်သားသစ် ၁၀ ဦးစီပေးရမည်ဖြစ်ကြောင်း၊
တပ်သားသစ်များ ထွက်ပြေးပါက အဖေ၊ အမေ၊ ညီအစ်ကို မောင်နှမများအား သတ်ပစ်ခြင်း (သို) အစားထိုး လိုက်ပါခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊
* တပ်သားသစ်လူသစ်များအား သင်တန်း ၁ လပေးပြီးပါက ဖာပွန်တွင် စစ်မှုထမ်းရမည်ဟု အမိန့်ရာဇသံပေးခဲ့ကြောင်း သိရပါတယ် ခင်ဗျာ....
လူသစ်စုဆောင်းခံရခြင်းမှ ကင်းဝေးကြပါစေ..

Saw Ba Maung

Post a Comment

Previous Post Next Post