ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာသဖြင့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်း


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ အရပ်သားများကို ထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ရန် ကန့်သတ်ချက်များစွာရှိနေခြင်းကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း ဇွန် ၂၇ ရက်တွင် ထုတ်ပြန်သည်။

ပဋိပက္ခများကြောင့် မဖြစ်မနေ နေရပ်ရွေ့ပြောင်းလာခဲ့ရသည့် ဘူးသီးတောင်မှ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) တစ်ဦးက “ကျွန်တော်တို့အားလုံး ဗုံးကွဲပြီး သေသွားရင်ကောင်းမယ်လို့တောင် ထင်မိတယ်။ အဲဒါဆို ဒီလိုဆင်းရဲဒုက္ခတွေ ဆက်ပြီး ခံစားနေစရာမလိုတော့ဘူး။ ဒုက္ခတွေခံနေရတာထက်တူတူ သေသွားတာက ပိုကောင်းဦးမယ်” ဟု ပြောကြားကြောင်း MSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Post a Comment

Previous Post Next Post