လိင်ပိုင်းဆိုင်ရာကျုးလွန်စော်ကားတဲ့ NUG အိန္ဒိယကိုယ်စားလှယ် ဆလိုင်းအိုင်ဇက်ခင်ကို တာဝန်က ယာယီရပ်ဆိုင်း


NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးမှယ၂ဝ၂၃ ခုနှစ်၊ ဧပြီလက စတင်ပြီး အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တဲ့ CDM ချင်းအမျိုးသမီးကို အိန္ဒိယကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်က အကြိမ်ကြိမ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် အမြတ်ထုတ်ခဲ့တာကို ကျုးလွန်ခံရသူက ဒေါ်ဇင်မာအောင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန တိုင်ကြားပေမဲ့ ဆလိုင်းအိုင်ဇက်ခင်ကို နှုတ်နဲ့သတိပေးပြီး လိင်စော်ကားခံရသူနဲ့သက်သေထွက်ဆိုသူနှစ်ဦးကို အလုပ်ထုတ်မှုကြောင့် ဝိုင်းဝန်းဝေဖန်ရှုတ်ချခံနေရတဲ့ NUG ဟာ လိင်စော်ကားတဲ့ ဆလိုင်းအိုင်ဇက်ခင်ကို တာဝန်က ယာယီရပ်ဆိုင်းထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားသူ ဒေါ်ဇင်မာအောင်က လက်မှတ်ရေးထိုးထုတ်ပြန်လာပါတယ်။

ချင်းအမျိုးသမီးအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေဟာ လိင်စော်ကားတဲ့ဆလိုင်းအိုင်ဇက်ခင်နဲ့ အရေးမယူဘဲဖုံးဖိထားတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို ရှုတ်ချဝေဖန်ကာမှ ယာယီအရေးယူပြခဲ့တဲ့ ဒီထုတ်ပြန်ချက်မှာ  တိုင်ကြားစာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတယ်ဆိုတာ ကနဦးထုတ်ပြန်ထားပြီး ဌာနတွင်းကြားနာစစ်ဆေးနေချိန်မှာ ဆလိုင်းအိုင်ဇက်ခင်ကို တာဝန်ကယာယီရပ်ဆိုင်းထားတယ်ပြောပါတယ်။ ဒါ့အပြင် ဌာနတွင်း စစ်ဆေးကြားနာမှုအစီရင်ခံစာနဲ့ ဆက်စပ်စာရွက်စာတမ်းတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော်ရေး ဗဟိုကော်မတီထံ လွှဲပြောင်းပေးအပ်ထားပြီး ဗဟိုကော်မတီရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG ရဲ့ အိန္ဒိယကိုယ်စားလှယ်ဆလိုင်းအိုင်ဇက်ခင်ဟာ NLD အစိုးရဟောင်းကာလတုန်းက ချင်းပြည်နယ် စည်ပင်နဲ့စက်မှုဝန်ကြီးတာဝန်ယူခဲ့ပေမဲ့ လာဘ်စားမှုတွေရှိတယ်ဆိုတဲ့ဝေဖန်သူတွေကြောင့် တာဝန်ကနုတ်ထွက်ခဲ့ရပါသူပါ။ သူဟာ ချင်းပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်မယူခင်က အရပ်ဘက်အဖွဲ့အစည်းတွေမှာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး အဲဒီအရပ်ဘက်အဖွဲ့အစည်းတွေမှာ ကျင်လည်စဥ်ကလည်း လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ဗီဇမှတ်တမ်းရှိပြီး ကချင်ပြည်နယ်မှာ ပုန်းအောင်းခိုလှုံစဥ်ကလည်း လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့စစ်ဆေးခံရတဲ့မှတ်တမ်းရှိသူဖြစ်တယ်လို့ လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ တက်ကြွလှုပ်ရှားသူခွန်ဂျာက ဖော်ထုတ်ထားပါတယ်။

#ဆလိုင်းအိုင်ဇက်ခင် #လိင်စော်ကားမှု #NUG #ဖုံးကွယ် #ဇင်မာအောင် #ချင်း #ကချင် #အတွင်းရေးမှူး #mtnews

Post a Comment

Previous Post Next Post