အကြမ်းဖက််PDFတွေသစ္စာဆိုရဲလား

သံဃာ အရေးအခင်းကိစ္စကို တပည့်တော်ကတော့ စိတ်မပူပါဘူး ဘုရား။ အရှင်ဘုရားတို့ သံဃာတော်တွေဆိုတာ သာမန်ဉာဏ်ရည်နဲ့ ဖြစ်တာ မဟုတ်ပါဘူး။ အတိတ်ဘဝ ရင့်သန်တဲ့ ပညာဉာဏ် ပါရမီတွေကြောင့် ရဟန်းသံဃာတွေ ဖြစ်လာကြတာပါ။   

ဆရာတော်ကြီးတွေရဲ့ ဉာဏ်ရည်ဆိုရင် မြင့်မားလို့ ကမ္ဘာ့မှတ်တမ်းတင်ထား ရပါတယ်။ ခန္တီပါရမီမှာလဲ သာမန် ပုထုဇဉ်တွေထက် မြင့်မားကြပါတယ်။

ယနေ့ခေတ် စီးပွားရေး လူမှုရေး နိုင်ငံရေး ဖြစ်ပျက်တွေကို အသိပညာ မြင့်မားတဲ့ ဆရာတော်ကြီးတွေ တပည့်တော်တို့ထက် ဆင်ခြင် သိမြင်ကြပါတယ်။ 

သံဃာတော်တွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်၊ ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်နေကြတာ တပည့်တော်တို့ မဟုတ်ပါဘူး ဘုရား။ ဆွမ်းစားနေရင်း ကျောင်းပေါ်မှာ အသက်ပေးလိုက်ရတဲ့ သံဃာတွေရှိပါတယ်ဘုရား။ ဖမ်းသွားပြီး မီးရှို့သတ်ခံရတဲ့ ရဟန်းတွေရှိပါတယ်။ ကိုရင်တွေ ဆွမ်းခံကြွတဲ့ လမ်းကို မိုင်းထောင်ဖောက်ခွဲခဲ့လို့ ဒုက္ခိတ ဖြစ်ခဲ့ရတဲ့ ကိုရင်လေးတွေရှိပါတယ် ဘုရား။ 

ဆရာတော်သေဆုံးမှု အဖြစ်အပျက်မှာ လုံခြုံရေးတွေက ဆရာတော်ကြီးမို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာ လုံးဝမရှိပါဘူး ဘုရား။ ကားမောင်းသူရဲ့ စိုးရိမ်စိတ်အမှား ၊ နှစ်ဖက် အထင်မှား အမှတ်မှားတွေကြောင့်သာ မတော်တဆ ဖြစ်ခဲ့တာပါ ဘုရား။

လုံခြုံရေးတွေ အရှင်ဘုရားတို့ သံဃာတော်တွေကို စစ်ဆေးရတယ် ဆိုတာကလဲ စစ်ဆေးချင်လို့မဟုတ်ပါဘူး ဘုရား။ အရှင်ဘုရားတို့ ဝတ်ဆင်တဲ့ သင်္ကန်းကို ခုတုံးလုပ်ခဲ့ကြလို့ပါ ။ သံဃာ အယောင်ဆောင်ပြီး သင်္ကန်းကြားထဲ လက်နက်ဖွက်လာပြီး သေနတ်နဲ့ ထုတ်ပစ်ကြလို့ အသက်ပေးလိုက်ရတဲ့ လုံခြုံရေး တပ်သားတွေ အများအပြားရှိပါတယ် ဘုရား။ တပည့်တော်ဘတင်ထားတဲ့ သင်္ကန်းကြားထဲက ထုတ်ပစ်တဲ့ vdo သက်သေလဲ ရှိပါတယ် ဘုရား။
အနီတွေ အနိုင်ရခဲ့ရင် ဘာသာမဲ့တွေ ပိုများလာမယ် ဆိုတာကို ယနေ့ခေတ် လိုင်းပေါ် ဆဲဆိုနေကြတာကို ထောက်ရှု့ခြင်းဖြင့် အရှင်ဘုရားတို့ တပည့်တော်ထက် ပိုပြီး ဝေဖန်ဆင်ခြင်နိုင်မှာပါ။ 

အရေးအခင်းမဖြစ်ခင်က တပ်မတော်သားတွေနဲ့ အရာရှိတွေ fb အကောင့်တွေမှာ ဦးအောင်ဇေယျရဲ့ စစ်ထွက် သစ္စာကို တင်ပြီး သစ္စာ ဆိုခဲ့ကြပါတယ် ဘုရား။ သစ္စာရဲ့ အစွမ်းထက်မြက်မှုကို အရှင်ဘုရားတို့ တပည့်တော်တို့ ထက်ပိုသိမှာပါ ဘုရား။

တပ်မတော်သားတွေ ၂၀၂၀ ထဲက ဆိုခဲ့တဲ့ ဦးအောင်ဇေယျရဲ့ စစ်ထွက်သစ္စာက

"ငါသည်လည်းကောင်း
ငါ့ရန်သူသည်လည်းကောင်း
အမျိုးဘာသာ သာသနာ့ကို 
အဓွန့်ရှည်အောင် 
စောင့်ရှောက်နိုင်သူသာလျှင် စစ်နိုင်ပါစေ"

Post a Comment

Previous Post Next Post