ဆင်ချောင်းပြည်သူ့စစ်ကျေးရွာတွင် PDF က ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့် ဒုတိယတန်းကျောင်းသူ သေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိ


မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ်၊ ဆင်ချောင်းပြည်သူ့စစ်ကျေးရွာတွင် PDF အဖွဲဝင်များက ဒရုန်းဗုံးဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဒုတိယတန်းကျောင်းသူ သေဆုံးပြီး မိသားစုဝင် (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ဇွန်လ (၂၇)ရက်က ရေစကြိုမြိုနယ် ဆင်ချောင်းပြည်သူ့စစ်ကျေးရွာတွင် ဒုတိယတန်းကျောင်းသူ မဇူးရတီနိုင် အပါအဝင် မိသားစုဝင်များသည် ၎င်းတို၏ နေအိမ် မီးဖိုချောင်ထဲတွင် ထမင်းစားနေစဉ် PDF အဖွဲဝင်များမှ ဒရုန်းဗုံးသီး (၂)လုံး ပစ်ချတိုက်ခိုက်ခဲ့သည်။

PDF အဖွဲဝင်များ ပစ်ချတိုက်ခိုက်ခဲ့သော ဒရုန်းဗုံးသီးတစ်လုံးသည် မိသားစုထမင်းစားနေသည့် မီးဖို ချောင်အတွင်းသို တိုက်ရိုက်ကျရောက်ခဲ့ပြီး သမီးငယ်လေး မဇူးရတီနိုင်၏ ဦးခေါင်းကို ထိမှန်သဖြင့် သေဆုံးသွားကာ ၎င်း၏ မိသားစုဝင် (၃)ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Post a Comment

Previous Post Next Post