THE KEY


"ရုံးမတက်နဲ့ရုန်းထွက်"
ဆိုတဲ့ဒကာကြီးရဲ့သားကရာထူးတစ်ဆင့်တိုးသွားသတဲ့။
"ကျောင်းမတက်နဲ့ကျောင်းပျက်"
ဆိုတဲ့ဒကာမကြီးရဲ့သမီးက
ဂုဏ်ထူးငါးဘာသာပါသတဲ့။

လက်ထဲမှာတစ်ပြားမှမပါဘဲပြေးကြတဲ့ခွက်ခေါက်အဖွဲ့က ဒေါ်လာသန်းချီတန်တဲ့အိမ်တွေဝယ်နိုင်၊ဆိုင်တွေတည်နိုင်ကြပြီး

ခေါင်းထဲမှာဦးနှောက်မပါဘဲပြေးကြတဲ့အသက်ပျောက်အဖွဲ့ကမျောက်ပြဆန်တောင်းခံနေရလေရဲ့။

ငါတို့မြို့ကို လာပါ
ငါတို့မြို့ကို ဝင်ပါ
ထမင်းပူပူလေးချက်ထားမယ်ဆိုတဲ့ကောင်မလေးခမျာတော့ပြာပုံထဲမှာဖြဲရဲရှာ၊ငါ့ရဲ့အိမ်ကလေးဘယ်မှာလဲတဲ့။

(သိရိနန္ဒ)

Post a Comment

Previous Post Next Post