၄ယောက်ပေါင်းလို့ ဘွဲ့မရတဲ့ TNLA 💢❗️



ပလောင်လူမျိုး အများစုက စစ်ကိုင်း၊ မန္တလေး
စတဲ့မြို့ကြီးတွေက ဘုန်းကြီးကျောင်းတွေမှာ
ငယ်ငယ်လေးထဲက လာနေကြပြီး
အစိုးရကျောင်းတွေမှာ စာလာသင်ကြတယ်..

မြန်မာနဲ့ အင်္ဂလိပ်စာကို မြင်ဘူး ကြားဖူးရုံလောက်ဘဲ
သင်ကြတယ်..
၄တန်းလောက်ထိကျောင်းနေပြီးတာနဲ့
ကျောင်းဆက်မနေကြတော့ဘူး...ရွာပြန်ကြတယ်

ဘာလို့လဲဆိုတော့ မြန်မာစာလေးလောက်
ရေးနိုင်ဖတ်နိုင်ရင် TNLA သောင်းကျန်းသူအဖွဲ့ထဲကို
ဝင်ကိုဝင်ရတယ်...

ကျောင်းဆက်တက်ချင်တဲ့ ပလောင်လေးတွေ
ဆိုရင်လည်း ကျောင်းဆက်တက်ဖို့
အခွင့်အရေးမရှိကြဘူး....(ကျောင်းဆက်မတက်နိုင်အောင်လည်း ရွာတွေမှာကျန်ခဲ့တဲ့ မိဘတွေကို ရန်ပြုကြတယ်)

ကျောင်းဆက်တက်လို့ အသိပညာရလာတဲ့အခါမှာ
ပြည်ပလက်ဝေခံသောင်းကျန်းသူ TNLA ထဲ
ဘယ်သူမှဝင်ကြမှာမဟုတ်တော့ဘူးဆိုတာ
TNLA က သဘောပေါက်တယ်..

ဒါကြောင့် TNLA က လူသစ်စုရာမှာ
ကလေးတွေကို  ပညာဆုံးခန်းတိုင်တောင်
မသင်ခိုင်းဘဲ အသက် ၁၈နှစ် ပြည့်သည်ဖြစ်စေ
မပြည့်သည်ဖြစ်စေ TNLA အဖွဲ့ထဲဝင်ဖို့ ဖိအားပေး ဆောင်ရွက်ကြတယ်..

TNLA စိုးမိုးနယ်မြေတွေမှာရှိတဲ့ကလေးတွေ
ပညာတတ်ဖြစ်သွားရင် လူသစ်စုရမှာခက်တဲ့အတွက် ကျောင်းတွေဖွင့်စာသင်မှာကိုမလိုလားဖြစ်နေကြတာဘဲဖြစ်တယ် ..
#Sniper

Post a Comment

Previous Post Next Post