ဗမာအရပ်သားပြည်သူမိသားစုတစုကို TNLAမှနယ်နှင်မောင်းထုတ်


ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့၊ မြို့မရပ် ကွက်တွင် ကုန်မာဆိုင်
ဖွင့်ထားသော ဦးလင်းဇော်(ခ)ကိုလင်းနှင့်၎င်း၏ မိသားစုကို မန်တုံမြို့မှ ဇွန်၂၂ ရက် နေ့ နောက်ဆုံးထားထွက် ခွာရန် မန်တုံမြို့ PSLF/TNLA အုပ်ချုပ်ရေးရုံး က သတိပေးစာပေးပို့ကာ နယ်နှင်ဒဏ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

ဦးလင်းဇော် (ခ) ကိုလင်းသည် မန်တုံမြို့၌ အခြေချနေထိုင်ခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ် ကျော်ရှိနေပြီဖြစ်ပြီး ဘဝကို ကုန်တင်ကုန်ချ လုပ်ရင်း ခက်ခက်ခဲခဲရုန်းကန်ခဲ့ရာမှ နောင် တွင် မန်တုံမြို့၌ ကုန်မာဆိုင် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပြီး ကြီးမားသည့်မည်သည့် ပြစ်ချက်မှ မရွိပဲ PSLF/TNLA တပ်ဖွဲ့က နယ်နှင်ဒဏ်ပေး ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးက ယခုကဲ့သို့ပြောဆို သတင်း ပေးပို့ခဲ့သည်။

"ကိုလင်းကိုယ်စား ကျွန်တော်တို့ မခံမရပ်နိုင် ဖြစ်ရလွန်းလို့ပါ။ ခုလို မတရားခံရတာကို ဘယ်မှာ သွားတိုင်လို့ရမှာလဲ။ ကိုလင်းဆိုတာ ကျွန်တော်တို့မျက်စိအောက်မှာပဲ မန္တုံမွာ တဖြည်းဖြည်းချင်းကြီးပွားလာတဲ့ လုပ်ငန်းရှင် လို့ပြောလို့ရတယ်။ သူ မန္တုံကို ရောက်ခါစ ကုန်တင်ကုန်ချ အလုပ်သမားလုပ်ခဲ့တာ။ နှစ် မနည်းဘူး။ နောက် အရင်းအနှီးနည်းနည်းရ လာတော့ စျေးသည်အလုပ်လုပ်တယ်။ နောက် ပိုင်း ဆိုင်ကယ်အပိုပစ္စည်းတွေရောင်းရာကနေ ဆိုင်ကို တိုးချဲ့လာနိုင်တယ်။ တဖြည်းဖြည်း ကြိုးစားရင်းနဲ့ အိမ်ဆောက်ပစ္စည်းတွေပါ ရောင်းရာကနေ မန်တုံမြို့မှာ အကြီးဆုံး ကုန္မာ ဆိုင်ဖွင့်နိုင်တဲ့အထိ သူအောင်မြင်လာခဲ့တယ်။

သမာအာဇီဝ သက်သက်လုပ်ကိုင်ရင်း ဆယ္စု နှစ် သုံးခုစာ ရုန်းကန်ရာကနေအောင်မြင်မှုရခဲ့ တာပါ။ ခု မန်တုံမြို့အုပ်ချုပ်နေတဲ့ PSLF/TNLA အဖွဲ့က ကိုလင်းတို့မိသားစုကို ဘာပြစ်ချက်မှမရှိပဲ နယ်နှင်ဒဏ်ပေးလိုက်ကြ တယ်။ ဒီနေ့ ဇွန် ၂၂ ရက်နေ့ မထွက်ဘူးဆိုရင် ပိုင်ဆိုင်မှုတွေအားလုံးသိမ်းမယ် ဆိုပြီးခြိမ်း ခြောက်ထားတာ။ ဒီမနက် မန်တုံကမထွက်ခင် ကိုလင်းရဲ့ အမျိုးသမီးက အိမ်ဆိုင်ရှေ့တခါး ကိုကိုင်ရင်း အော်ငိုနေတာ ကျွန်တော်တို့ ရင်ထဲ မချိဘူးဗျ။ ဟု ဆိုသည်။

ကိုလင်းမိသားစု နယ်နင်ဒဏ်ပေးခံရမှုနှင့်ပတ် သက်ပြီး မန်တုံမြို့ ရပ်မိရပ်ဖများနှင့် အရပ် ဘက်လူမှုအဖွဲ့အစည်းများကလည်း PSLF/TNLA မန်တုံအုပ်ချုပ်ရေးအဖွဲ့ထံ အသနားခံ တောင်းပန်ခဲ့သော်လည်း ခွင့်ပြု ခြင်းမရှိကြောင်း မန္တုံရပ္မိရပ္ဖ တစ်ဦးက လည်း ယခုကဲ့သို့ ပြောဆိုခဲ့သည်။

"ကိုလင်း မိသားစုကို နယ်နှင်ဒဏ်ပေးတယ်ဆို တဲ့ သတင်းကြားလို့ အတော့ကိုအံ့သွားတယ်။
သူတို့မိသားစုက ရိုးရိုးသားသားနဲ့ အလုပ်အ ရမ်းကြိုးစားတဲ့ မိသားစုပါ။ မိမိရဲ့ မြို့၊ ရပ် ကွက်နဲ့ပတ်သက်သမျှ သာရေး၊ နာရေးတွေ လူမှုရေးကိစ္စတွေ၊ ရပ်ရွာအရေးတွေမှာ အင် တိုက်အားတိုက်နဲ့ ပါဝင်တတ်တယ်။ ပြီးတော့ အလှူအတန်းဆိုလည်း လက်နဲ့မကွာပါပဲ။

ဒါကို စကစ တပ်ထဲကလူတွေနဲ့ စကားပြော လို့ဆိုပြီး အပြစ်ရှာကြတာ။ အဲ့ဒီတစ်ချက် တည်းနဲ့ နယ်နှင်ဒဏ်ပေးတယ်ဆိုလို့ ပိုအံ့သြ သြားတာ။ သူတို့ကစျေးရောင်းတာလေ။ တပ် ထဲကလူတွေနဲ့လည်း ပြောဆိုရမှာပဲ။ တပ်ထဲ ပစ္စည်းတွေလည်းသွားပို့ရမှာပဲ။ ဒါကိုတော့ အပြစ်လို့ပြောလို့မရဘူးလေ။ ဒါကြောင့် ကျွန်တော်တို့မြို့က ရပ္မိရပ္ဖေတြ နဲ့ မြို့ထဲက လူမှုအဖွဲ့အစည်းတွေစုဖွဲ့ပြီး PSLF အုပ်ချုပ် ရေးရုံးအထိသွားပြီး ကိုလင်းတို့မိသားစုကို နယ်နှင်ဒဏ်မပေးဖို့နဲ့ ရိုးသားကြိုးစားတဲ့ မိသားစုဖြစ်တဲ့အကြောင်းတွေ သွားပြီးအာမခံ ထောက်ခံပေးပြီး ဆွေးနွေးခဲ့ပေမယ့် သူတို့က အမိန့်ကို မရုတ်သိမ်းနိုင်ဘူးလို့ပဲ ဘူးခံနေကြ တယ်။ ဒီနေ့မနက်မှာတော့ ကိုလင်းတို့မိသားစု တွေ မျက်ရည်အရွှဲသားနဲ့ မန်တုံမြို့ထဲက ထွက်ခွာသွားကြပါပြီ။ ဟု ပြောဆိုသည်။

မန်တုံမြို့တွင် ကိုလင်းတို့ မိသားစုမှပိုင်ဆိုင် သော အိမ်ခြံမြေများ၊ တိုက်နှစ်လုံးနှင့် ကုန္မာ ဆိုင်၊ ကုန်ပစ္စည်းအမြောက်အမြားထားရစ်ခဲ့ ကြရကြောင်းကိုလည်း ဆက်လက်ကြားသိရ သည်။

ကိုလင်းတို့မိသားစုအား နယ်နှင်ဒဏ်ပေးခဲ့သူ PSLF/TNLA မန်တုံမြို့နယ်မှူးဦးအောင်သိန်း သည် လွန်ခဲ့သော ၂၀၂၂ ခုနှစ်၌ တိုက်နယ်မှူး တာဝန်ထမ်းဆောင်စဉ်၌လည်း အပြစ်မဲ့ပြည် သူ ဦးမာထဲ့ ကိုသေနတ်ဖြင့်ပစ်သတ်ရန် အမိန့်ပေး စေခိုင်းခဲ့သည့် စစ်ရာဇဝတ်မှုကျူး လွန်ခဲ့ဖူးသည်။

Credit:Shan State Voice

Post a Comment

Previous Post Next Post