သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်စီစဉ်ခဲ့သူ ရန်ကုန် UG အဖွဲ့ဝင်ကိုးဦးအား ရှော့တိုက်ဒုံးသုံး လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်စီစဉ်ခဲ့သူ ရန်ကုန် UG အဖွဲ့ဝင်ကိုးဦးအား ရှော့တိုက်ဒုံးသုံး လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်UG အဖွဲ့ဝင်များသည် ဇွန် ၈ ရက်တွင် သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းပို့ချက်အရ ၎င်းတို့အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဇွန် ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ရန်ကုန် UG အဖွဲ့ဝင်များဖြစ်သော စိန်ကြီး(ခ)အောင်ထွေး အသက် (၂၆နှစ်)၊ ချိုကြီး (ခ)ဟိန်းထက်အောင် အသက် (၁၈နှစ်)၊ မင်းသူ အသက် (၃ဝနှစ်)၊ မောင်ဟိန်း အသက် (၂၄နှစ်)၊ အောင်သူရထွန်း အသက် (၂၅နှစ်)၊ ပြည့်ဖြိုးဇော် အသက်(၁၈နှစ်)နှင့် ထက်အာကာလင်း အသက်(၂၆နှစ်)တို့ ခုနှစ်ဦးအား ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံး၊ ဖြူးစ်နှစ်ခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘတ္ထရီအိုး နှစ်လုံး၊ ဝါယာကြိုးခွေ လေးခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇွန် ၉ ရက် နံနက်ပိုင်းတွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင် အသက် (၃၈နှစ်)အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၇၂ ရပ်ကွက်၊ သဇင်လမ်း၊ အမှတ် (၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင်(ခ)ကိုဇာ အသက်(၃၂နှစ်)အား  ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၇၂ ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အမှတ်(၁၁၁)နေအိမ်မှ ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံး၊ ဖြူးစ် တစ်ခုတို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ကိုးဦးတို့အား ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံး၊ ဖြူးစ်သုံးခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘတ္ထရီအိုး နှစ်လုံး၊ ဝါယာကြိုးခွေ လေးခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

■ Read More - - - >>>https://news-eleven.com/article/292510

►► (Zawgyi ဖြင့်ဖတ်ရန်)

သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်စီစဉ်ခဲ့သူရန်ကုန် UG အဖွဲ့၀င် ကိုးဦးအား ရှော့တိုက်ဒုံးသုံး လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်စီစဉ်ခဲ့သူ ရန်ကုန် UG အဖွဲ့၀င်ကိုးဦးအား ရှော့တိုက်ဒုံးသုံး လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်UG အဖွဲ့ဝင်များသည် ဇွန် ၈ ရက်တွင် သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းပို့ချက်အရ ၎င်းတို့အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဇွန် ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ရန်ကုန် UG အဖွဲ့ဝင်များဖြစ်သော စိန်ကြီး(ခ)အောင်ထွေး အသက် (၂၆နှစ်)၊ ချိုကြီး (ခ)ဟိန်းထက်အောင် အသက် (၁၈နှစ်)၊ မင်းသူ အသက် (၃ဝနှစ်)၊ မောင်ဟိန်း အသက် (၂၄နှစ်)၊ အောင်သူရထွန်း အသက် (၂၅နှစ်)၊ ပြည့်ဖြိုးဇော် အသက်(၁၈နှစ်)နှင့် ထက်အာကာလင်း အသက်(၂၆နှစ်)တို့ ခုနှစ်ဦးအား ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံး၊ ဖြူးစ်နှစ်ခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘတ္ထရီအိုး နှစ်လုံး၊ ဝါယာကြိုးခွေ လေးခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇွန် ၉ ရက် နံနက်ပိုင်းတွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင် အသက် (၃၈နှစ်)အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၇၂ ရပ်ကွက်၊ သဇင်လမ်း၊ အမှတ် (၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင်(ခ)ကိုဇာ အသက်(၃၂နှစ်)အား  ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၇၂ ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အမှတ်(၁၁၁)နေအိမ်မှ ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံး၊ ဖြူးစ် တစ်ခုတို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ကိုးဦးတို့အား ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံး၊ ဖြူးစ်သုံးခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘတ္ထရီအိုး နှစ်လုံး၊ ဝါယာကြိုးခွေ လေးခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကက ထုတ်ပြန်သည်။

■ Read More - - - >>>https://news-eleven.com/article/292510

Post a Comment

Previous Post Next Post