၁၀၂၇ Vs ၀၆၁၅


==========
ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ၁၀၂၇ တိုက်ပွဲဖော်ဆောင်မှုက နွေဦးတော်လှန်ရေးကိုအမှီပြုပြီး အညာပဒက်တွေကို ရှေ့တန်းတင်ပြီး လုပ်စားသွားပြီး တပ်မတော်ဘက်မှလည်း အမှုမဲ့ အမှတ်မဲ့ အငိုက်မိသွားချိန်နဲ့ တိုက်ဆိုင်သွားပြီး နယ်မြေအချို့လက်လွှတ်ခဲ့ရတယ်။
လက်လွှတ်ခဲ့ရတဲ့ နယ်မြေမှာ အခြေပြုနေထိုင်ကြတဲ့ မြန်မာလူမျိုးတွေ အိမ်ခြေယာမဲ့ စစ်ရှောင်ဘဝနဲ့ ပိုင်ဆိုင်မှု အားလုံး လက်လွှတ်ခဲ့ရတယ်/ မတရား နှင်ထုတ်ခံခဲ့ရတယ် အဲ့ဒီလို နှင်ထုတ်ခံခဲ့ရတဲ့ အထဲမှာ နွေဦးတော်လှန်ရေး ထောက်ခံသူ ၇၀ %ပါဝင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ ပြည်သူလူထု ထောက်ခံမှု ၈၀ % လောက် ရရှိခဲ့တဲ့ MNDAA/TNLA/AA/ အညာပဒက်တွေဟာ သူတို့ကိုယ်သူတို့ အဟုတ်ကြီးထင် စိတ်ကြီးဝင်ကြတော့တာပေါ့ဗျာ။
အခုလက်ရှိအချိန် ရှမ်းမြောက်ဒေသမှာ သောင်းကျန်းသူများအနေနှင့် အင်အားဖြည့်တင်းပြီး ၀၆၁၅ ဆိုတဲ့ နံမည်နဲ့ ပြန်လည် တိုက်ကွက်ဖော်ဖို့ စီစဉ်နေချိန်မှာတော့ အခြေအနေဖန်တီးနိုင်ခွင့် ပြောင်းပြန် ဖြစ်လို့ သွားခဲ့ ပြပြီ သူတို့ ရဲ့ ခေတ္တထိမ်းချုပ်နယ်မြေတွေမှာ နေထိုင်နေကြတဲ့ ပြည်သူတွေဟာ ၎င်းတို့ရဲ့ နွေဦးတော်လှန်ရေးအပေါ် ယောင်ပြရပ်တည်မှု တိုင်းရင်းသား အချင်းချင်း ဖိနှိပ်မှုတွေကို လက်တွေ့ မြေပြင်မှာ ခံစားကြရတဲံ့ ပြည်သူတွေအနေနဲ့ တပ်မတော်ကပဲ အရင်အတိုင်း နယ်မြေတွေကို တရားဥပဒေအတိုင်း ဆက်လက် အုပ်ချုပ်စေချင်တဲ့ ဆန္ဓ တွေ/ ကလေးသူငယ်တွေကို ပညာရေး နောက်မကျစေချင်ကြပဲ တရားဥပဒေအောက်မှာသာ နေချင်ကြတဲ့ စိတ်တွေဟာ တပ်မတော်အပေါ်ကို သွယ်ဝှိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ထောက်ခံအားပေးလာကြဖို့ ဖြစ်ပေါ်လာတာပါပဲ။
လမ်းပန်းဆက်သွယ်ရေး ပညာရေး လူမှုစီးပွားရေး စတဲ့ အချက်လက်တွေပေါ်မူတည်ပြီး စဉ်းစားလာကြတဲ့ အခါမှာတော့ သောင်းကျန်းသူကို အားပေးဖို့ဆိုတာ သုညရာခိုင်နှုန်း ဖြစ်ပေါ်လို့ လာပါတယ်။ တဘက်ကလည်း တပ်မတော်အနေနဲ့ ၂၀၁၅ လောက်ကိုင်တိုက်ပွဲစဉ်တွေ စစခြင်းမှာ တပ်မတော်က MNDAA ရဲ့ စနိုက်ပါနဲ့ တပ်မတော်သားတွေ တော်တော် ပေးဆပ်ခဲ့ကြရပါတယ် ချက်ခြင်းဆိုသလိုပဲ တပ်မတော်က စနိုက်ပါ အားနည်းချက် အားသာချက်တွေကို အားသာချက် အားနည်းချက်တွေကို သင်ခန်းစာဖော်ထုတ်ပြီး တန်ပြန် စနိုက်ပါနဲ့ပြန်လည်တိုက်ခိုက်ခဲ့ချိန်မှာတော့ လောက်ကိုင်တိုက်ပွဲမှာ တပ်မတော်က ပြန်လည် အနိုင်ရရှိခဲ့ပြီး အောင်ပွဲဆင်နိုင်ခဲ့ကြပါတယ်။
အခုခေတ်သစ်၁၀၂၇ ရဲ့ ဒရုန်း နည်းပညာ အားနည်းချက် အားသာချက် များ ကို အကောင်အထည်ဖော်ခဲ့ပြီး အဆင်သင့်ဖြစ်နေတဲ့ တပ်မတော် ဒရုန်း တပ်ရင်းတွေရဲ့ တန်ပြန် ဒရုန်း စစ်ဆင်ရေး တွေကိုတော့သောင်းကျန်းသူတွေရဲ့ ၀၆၁၅ စစ်ဆင်ရေး တိုက်ပွဲစဉ်တွေမှာ အားရဖွယ် ပြန်လည်တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ရန်သူတွေရဲ့ ဒရုန်းစစ်ဆင်ရေးဆိုတာတွေဟာ တပ်မတော်အတွက် မှတ်ကျောက်တင်တော့မယ့် ပြင်ဆင်မှုတွေအောက်မှာ ပြားပြားဝပ် တော့မယ်ဆိုတာကြိုတင်အသိပေးအပ်ပါတယ်။
ဆိုတော့ အခုလက်ရှိအချိန် မြောက်သုံးကောင်ရဲ့ ၀၆၁၅ စစ်ဆင်ရေးသည် လုံးဝ(လုံးဝ) အောင်မြင်စရာမရှိတော့ဘူးဆိုတာ သက်သေပြလာပါတော့မယ်။
"အောင်မြင်ပါစေ မြန်မာ့တပ်မတော်"
ထူးထက်အောင်

Post a Comment

Previous Post Next Post