AAရဲ့ယုတ်မာမှုတွေကို ကမ္ဘာကသိအောင်လုပ်ကြမယ်

AA သောင်းကျန်းသူအဖွဲ့ဟာ မောင်တောမြို့နယ်ရှိ ကျေးရွာများမှ ဘင်္ဂါလီ ၂၂ ဦးကို လူသားဒိုင်းကာ ပြုလုပ်ရန်အတွက် ဇွန်လ ၂၄ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထွက်ပြေးလာသူ ၃ ဦးမှလွဲ၍ ကျန်သူများဟာ ယနေ့အချိန်အထိ ပြန်လွတ်လာခြင်း မရှိဘူးလို့ သိရပါတယ်...ဖမ်းဆီးခံရတဲ့ ဘင်္ဂါလီတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေပါ ပါဝင်နေပြီး ဇွန်လ ၂၆ ရက်နေ့မှာ ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးဟာ AA ရဲ့ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်...
ဒါ့အပြင် AA အဖွဲ့ဟာ ဖမ်းဆီးထားတဲ့ ဘင်္ဂါလီတွေကို နေ့ညမရွေး နှိပ်စက်ညှဉ်းပန်းမှုတွေ၊ သံချောင်း၊ တုတ်ချောင်းများနဲ့ ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်နေတဲ့အပြင် အစားအစာမကျွေး ရေမတိုက်မှုတွေကြောင့် အဖမ်းခံထားရတဲ့ ဘင်္ဂါလီတွေ ကျန်းမာရေးချို့တဲ့နေပြီး အသက်ဆုံးပါးနိုင်တဲ့အခြေအနေရောက်နေပြီလို့ ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်...ဒီလိုမျိုး လူ့အခွင့်အရေးတွေချိုးဖောက်ပြီး ဘင်္ဂါလီတွေကို လူမျိုးရေးအငြိုးအတေးထားကာ လူမျိုးတုံး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ AA အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို ဘင်္ဂါလီတွေအနေနဲ့ ကမ္ဘာသိအောင် လုပ်သင့်တယ်လို့ ပြောချင်ပါတယ်...

Post a Comment

Previous Post Next Post