AA အဖွဲ့မှ မောင်တောက မွတ်ဆလင်တွေပိုင် အိမ်မွေးတိရိစ္ဆာန်များ/ အိမ်အသုံးအဆောင်ပစ္စည်းများအား ခိုးယူပြီး၊ ဖုန်းတွေသိမ်းကာ သတင်းအမှောင်ချနေ


မောင်တောတွင် စစ်ဘေးရှောင်ရတဲ့ မွတ်ဆလင်ကျေးရွာသားတချို့ နေရပ်ပြန်ခွင့်ရခဲ့သော်လည်း ထားခဲ့ရတဲ့ ဆန်အိတ်၊ကျွဲများ၊ နွားများ၊ကြက်များ၊ဆိတ်များ အပြင် အိမ်တွင်းအသုံးအဆောင်များ အကုန်လုံးနီးပါး ပျောက်ဆုံးနေပါတယ်။ ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင်ချရန်နဲ့ သက်သေတွေ ဖျောက်ဖျက်ရန်အတွက် စစ်ဘေးရှောင်ပြည်သူတွေထဲက ရခိုင်တွေရဲ့ ဖုန်းတွေကိုမသိမ်းဘဲ မွတ်ဆလင်တွေရဲ့ဖုန်းတွေ ကိုသာ  သိမ်းနေတယ်လို့လည်း ဒေသခံများထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက AA မောင်းထုတ်ခံရမှုကြောင့် တိမ်းရှောင်ပေးခဲ့ရတဲ့ မောင်တောမြို့နယ်က ပေါင်းဇားကျေးရွာ၊ လှဘော်ဇားကျေးရွာ၊ ပန်းတောပြင်ကျေးရွာ၊ ညောင်းချောင်းကျေးရွာ၊ သိဟိုဌ်ကျွန်းကျေးရွာ၊ မြို့ဦးရပ်ကွက်နဲ့ လသာရပ်ကွက်အပိုင် ဂုံးနားရွာ၊ ဘာဆူဖာရွာ၊ လသာအောက်ရွာ တို့အနက် ပေါင်းဇားနဲ့လှဘော်ဇားကျေးရွာ (၂) ခုမှ ဒေသခံ မွတ်ဆလင်တွေကို ပြီးခဲ့တဲ့အပတ်တွင် AA က မူလနေထိုင်ရာ ရွာတွေကို ပြန်ခွင့်ပြုခဲ့ပြီး ကျန် ရပ်ကွက်ကျေးရွာသားတွေကို ရွာတွေကို ပြန်ခွင့် မပြုသေးဘူးလို့သိရပါတယ်။

အထက်ပါ ရပ်ကွက်ကျေးရွာတွေ အားလုံးမှာ AA က စစ်စခန်းချပြီး စစ်တပ်ကိုတိုက်ခိုက်ဖို့ မွတ်ဆလင် ရွာသားတွေ ရွာကို စွန့်ခွာနေစဉ်မှာပဲ AA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်နေရာယူခဲ့တာ ဖြစ်ပါတယ်။

ဒေသခံမွတ်ဆလင်တစ်ဦးမှ "AA က မွတ်ဆလင်ရွာတွေကို (၂)လကျော်ကြာ ထိန်းချုပ်ထားခဲ့ပြီး ပေါင်းဇားနဲ့လှဘော်ဇားကျေးရွာသားတွေကို ရွာပြန်ခွင့်ပြုလိုက်လို့ ပြန်တဲ့အခါ ကျနော်တို့ ထားရစ်ခဲ့ရတဲ့ ဆန်အိတ်၊ ဆိုလာပြား၊ဘတ္တရီ၊ ဆိုက်ကယ်၊ ကား၊ ကျွဲ၊ နွား၊ ကြက်၊ဆိတ်များအပြင် အိမ်သုံးပစ္စည်းတွေ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်တွေကအစ ဘာဆိုဘာမှ မရှိတော့ပါဘူး။ အားလုံးနီးပါး ပျောက်ဆုံးနေပါတယ်။ကျွန်တော်တို့ ထွက်မသွားခင်က ဘာမှမဖြစ်ပါဘူး အားလုံး သူတို့ ကြည့်ရှုပေးထားမယ်လို့ ပြောခဲ့ပါတယ်။ အခု ပြန်ရောက်တော့ ဘာမှ မကျန်တော့ပါဘူး။ ဒါအပြင် ကျန်ရပ်ကွက်ကျေးရွာတွေ ဖြစ်တဲ့ ပန်းတောပြင် ကျေးရွာ၊ ညောင်းချောင်းကျေးရွာ၊ သိဟိုဌ်ကျွန်းကျေးရွာ၊ မြို့ဦးရပ်ကွက်နဲ့ လသာရပ်ကွက်အပိုင် ဂုံးနားရွာ၊ ဘာဆူဖာရွာ တို့က မွတ်ဆလင်ရွာသားတွေ အဝတ်တစ်ထည်နဲ့ အသက်လုထွက်ပြေးရပြီး ရွာမှာ ထားခဲ့ရတဲ့ ကျွဲ၊ နွား၊ ဆိတ်များအပြင် အိမ်တွင်း အသုံးအဆောင်များ အကုန်လုံးနီးပါး ပျောက်ဆုံးနေပါတယ်။အချို့ စပါးတွေထားခဲ့တယ်၊ ဆန်တွေ ထားခဲ့တယ်၊ ကျွဲ၊ နွား၊ ဆိတ် ထားခဲ့ရတယ်၊ အဲ့တာတွေ ဘာတခုတော့မှ မရှိတော့တဲ့အပြင် အိမ်သုံးပစ္စည်းတွေ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်တွေကအစ ဘာဆိုဘာမှ မရှိတော့ပါဘူး။ AA က ၄ မိုင်ရပ်ကွက်ကသူတွေနဲ့ပေါင်းပြီး ပိုင်ဆိုင်မှု အားလုံးနီးပါးကို ဖောက်ထွင်းခိုးယူဆောင်သွားပါတယ်"ဟု ပြောသည်။

ပြီးခဲ့တဲ့ မေလ ၁၈ရက်နေ့ ဘူးသီးတောင်ဖြစ်စဉ်ကြောင့် ထွက်ပြေးရတဲ့ မွတ်ဆလင် စစ်ဘေးရှောင်တွေဆီက ရာနဲ့ချီတဲ့ လက်ကိုင်ဖုန်းတွေ၊‌ေရွှများကို AA က သိမ်းဆည်ထားသလို ဇွန်လ ၂၆ရက်နေ့ မောင်တော ရွှေဇားရွာက ထွက်ပြေးရတဲ့ စစ်ဘေးရှောင် မွတ်ဆလင်တွေဆီကလည်း ရာနဲ့ချီတဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းထားပါတယ်။AA ထိန်းချုပ်ထားတဲ့နေရာတွေက မွတ်ဆလင်တွေအနေနဲ့လည်း လက်ကိုင်ဖုန်း သုံးစွဲလို့ မရသလို ဖုန်းတွေတွေ့ရင် ဖုန်းဆက်တာမိရင် ဖုန်းသိမ်းတာအပြင် AA တပ်ဖွဲ့ဝင်တွေက အော်ဟစ် ကြိမ်းမောင်းတာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေပါတယ်။

"လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင်ချဖို့ သက်သေတွေ ဖျောက်ဖျက်ဖို့ အတွက် AA ဖုန်းသိမ်းနေတာပါ။ ဖုန်းရှိရင် အခြေအနေအမှန်တွေကို သတင်းမီဒီယာဆီ ပြောလို့ရမယ်။ လက်ကိုင်ဖုန်းတွေမှာပါတဲ့ ကင်မရာတွေနဲ့ အခင်းဖြစ်အခြေအနေတွေကို မှတ်တမ်းတင်နိုင်တယ်။ ဒါမျိုးတွေကို ရှောင်လွှဲဖို့ လက်ဦးမှုအနေနဲ့ ဖုန်းတွေကို သိမ်းပစ်နေတာဖြစ်တယ်။ AA စစ်ဆင်ရေးလုပ်ခဲ့တယ် ရခိုင်ပြည်နယ်ထဲက အခြားနေရာတွေက မွတ်ဆလင် မဟုတ်တဲ့ အခြားလူမျိုးတွေဆီကနေ AA ဖုန်းသိမ်းတဲ့ ဖြစ်စဉ် မတွေ့ရပါဘူး။ စစ်ဘေးရှောင်မွတ်ဆလင်တွေအနေနဲ့ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဆက်သွယ်ပြောဆိုဖို့ ဖုန်းတွေ သိမ်းဆည်းခံထားရတာကြောင့် အခက်အခဲဖြစ်နေတယ်။ AA ဒီမှာလုပ်နေတာတွေရဲ့ အဖြစ်အမှန်တွေကို ပြင်ပက မသိနိုင်အောင်လို့ စစ်ဘေးရှောင်ပြည်သူတွေထဲ မွတ်ဆလင်တွေရဲ့ဖုန်းတွေကိုသာ AA သိမ်းပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင် ချရန်နဲ့ သက်သေတွေ ဖျောက်ဖျက်ရန်အတွက် ဒီလိုလုပ်နေတာ"လို့ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

Post a Comment

Previous Post Next Post