ဩဂုတ်လလယ်တွင် ဒုတိယအကြိမ်လေလံပစ်မည့် ခြံအမှတ်(၅၄)နေအိမ်ကို ခြိမ်းခြောက်မှုများကြောင့် ဝယ်ယူသူပေါ်ပေါက်ဖွယ်မရှိဖြစ်နေ


ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သော ခြံအမှတ် ၅၄ နေအိမ်ကို ဈေးနှုန်းသစ် ပြင်ဆင်သတ်မှတ်ကာ ဩဂုတ်လလယ်ပိုင်းအတွင်း ဒုတိယအကြိမ် လေလံတင်ရောင်းချမည် ဖြစ်သော်လည်း ဝယ်ယူသူပေါ်ပေါက်ဖွယ်မရှိဖြစ်နေကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)နှင့် နေအိမ်ကို မတ်လ ၂၀ ရက်က ကျပ် ၃၁၅ ဘီလျံဖြင့် လေလံတင် ရောင်းချခဲ့သော်လည်း လေလံဆွဲဝယ်ယူမည့်သူမရှိဘဲ ပြီးဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။

ထပ်မံလေလံတင်ရောင်းချရာတွင် ဦးအောင်ဆန်းဦးဘက်က ငွေကျပ် ၂၈၅ ဘီလျံအဖြစ် ပြင်ဆင်သတ်မှတ်ပေးရန်တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်က ကန့်ကွက်ခဲ့ကာ ကမာရွတ်ခရိုင်တရားရုံးက ကျပ် ၃၀ဝ ဘီလျံဖြင့် လေလံတင်ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

Post a Comment

Previous Post Next Post