သူတို့ကို ပိုဆဲသင့်တယ်

နေပြည်တော်မှာ လေးဖြူသီချင်းဆိုမယ့်ကိစ္စ 
ငြင်းခုန်နေကြတာတွေ့တော့
ကျွန်တော်တို့ခေတ်က 
ဇော်ဝင်းထွဋ် ရဲ့ “ မဟာ” စီးရီး ကို သတိရမိတယ်။
“ဗိုလ်မှူးမြသန်းစံ” ရေးတဲ့ “ မဟာ” သီချင်းခွေ ဆိုတာ
ဗမာအင်ပါယာဘယ်လိုခမ်းနားခဲ့ကြောင်း စတဲ့
မျိုးချစ်စိတ်ဓါတ်ဝါဒဖြန့်ချီမှု့ တွေပေါ့။

မှတ်မှတ်ရရ
ငပလီ ကို ပထမဆုံးအခေါက် ရောက်တော့
ဇော်ဝင်းထွဋ် ရဲ့ မဟာ စီးရီးခွေ သီချင်းသံတွေ
ပျံ့နှံ့နေတာ ။ အနီးအနားက ဘန်ဂလိုမှာ
စိမ်းမို့မို့ နဲ့ တင့်တင့်ထွန်း

“ မိုး မိုး တို့နှစ်ယောက်ချစ်တဲ့ မိုး “ 

ကိုယ့်ကို ရည်ရွယ်ပြီး သီချင်းဆိုနေသလားမှတ်တယ်။

အော် … စိမ်းမို့မို့ သီချင်းဆိုနေတာကိုး 😀

အဲ့ဒီတုံးက ဟော်တယ်နဲ့ ခရီးသွားလာရေးဝန်ကြီးက
ဗိုလ်ချုပ်ကျော်ဘ

တက္ကသိုလ်များ၊ရန်ကုန်၊ (မန္တလေးအသင်း) 
ငပလီ ကို ညနက်နက်ထဲ ဝင်လာတော့
မီးတွေ ထိိန်လင်းနေအောင် ထွန်းထားပြီး
ညဦးယံစာ အလကားကျွေးလိုက်သေးတယ်။

အပြန်မှာ သံတွဲ နဲ့ ဂွမြို့ ကြားက
ကမ်းသာယာ မှာ တည ဝင်ကဲလိုက်ကြသေးတယ်။
မှတ်မှတ်ရရ တရုတ်နှစ်သစ်ကူးည

အခုတော့
စိမ်းမို့မို့လဲ မရှိတော့သလို
ဗိုလ်ချုပ်ကျော်ဘ လဲ 
အနိစ္စသဘော နဲ့ ကိစ္စချောသွားပြီ

တင့်တင့်ထွန်းက သီလရှင်ဝတ်သွားပြီ
ဇော်ဝင်းထွဋ် ရဲ့ သား “ အိတိုး” လဲ ထောင်ကျခဲ့ပြီ

ရန်ကုန်စက်မှု့တက္ကသိုလ်ထဲမှာ
ဇော်ဝင်းထွဋ် ရဲ့ မဟာစီးရီး ကို မဖွင့်ရ
ဖွင့်ရင် တိတ်ခွေကို ဆွဲထုတ် အုတ်နီခဲနဲ့ ရိုက်ချိုးကြပေါ့

ရူးရူးမူးမူး မိုက်ခဲ့ကြတာတွေ သတိရစရာ

ထားပါတော့
အဲ့ဒီတုံးက မဟာစီးရီးက ဝါဒဖြန့်ခွေမို့

အခုလေးဖြူ တို့ ဆိုနေတာတော့
ကိုယ်လဲ မသိဘူး။ အမြင်အမျိုးမျိုးဖတ်နေရတာပဲ

သူ့သီချင်း သူဆို 
သူ့အနုပညာ သူလုပ်နေတာပဲ ထင်ပါတယ်။

စစ်ပွဲထဲမှာ တကယ်ရင်းနေရသူတွေကလဲ
အမြင်တမျိုး နဲ့ ဝေဖန်ကြတာ နားလည်ပေးလို့ရတယ်။

ဟုတ်ပြီ
လေးဖြူက နေပြည်တော်မှာ ပျော်ပါးသီချင်းဆိုလို့
အပြစ်ရှိတယ်ဆိုရင်

မဲဆောက်က ဆယ်လီတွေ ပိုအပြစ်ကြီးတာပေါ့။

အော်စီ အမေရိကားထွက်ဖို့ စောင့်နေတယ်ဆိုရင်လဲ
ရိုးရိုးသားသား ပြောပေါ့
အခုတော့ စစ်လဲမတိုက်ပဲ
တခါတလေ မြို့ပြင်ထွက် ဓါတ်ပုံရိုက်
တခါတလေ 
ပျောက်ကျားဝတ်စုံဝတ် PDF တွေနဲ့ ဓါတ်ပုံရိုက်
ခြစားအကျင့်ပျက်သူတွေရဲ့အပြစ်တွေကို
ကာကွယ်ပေး လော်ဘီလုပ်ပေး 
လိမ်ပြီးအလှူခံစား၊ 
မဲဆောက်မှာ အိမ်ကောင်းတွေငှါးနေပြီး 
အနုပညာပြ
လုပ်စားနေကြတာ ပိုဆိုးတာပေါ့။ 

အချိန်တန်တော့ သူတို့က ဖွက်ပြီးစုထားတဲ့ငွေနဲ့
နိုင်ငံခြားမှာ အခြေချကြမှာလေ။ 

အဲ့သလို လူတွေဟာ 
လေးဖြူထက် အပြစ်ကြီးပါတယ်

သူတို့ကို ပိုဆဲသင့်တယ်ထင်တာပဲ

Post a Comment

Previous Post Next Post