နောက်ဆုံးအချိန်အထိ အသက်ပေးပြီး ကာကွယ်နေဦးမှာပါပဲ

ပြဿနာက ဖက်ဒရယ် ဆိုတဲ့ စကားလုံးကို ရေစီးကမ်းပြိုသလို တွင်တွင်ကျယ်ကျယ် လက်ခံ သုံးနှုန်းလာကြတာပါပဲ။ ဒီလို လက်ခံလာတဲ့အချိန်မှာ ပြည်ပ နိုင်ငံရဲ့ ကျားဖျန့်ကို တည်ပြီး  အချိန်ကိုက် ပင်းလုပ်တာကိုပါ နိုင်ငံက ခံစားခဲ့ရရှာတာ တွေ့ရတယ်။ ပိုဆိုးတာက ကျားဖျန့်ကိစ္စမှာတင် ကိုယ်တွေဘက်က ဒုကာဝန်တွေပါ ပတ်သက်ခဲ့တယ်ဆိုတာမျိုးက  အတော်လေး လုပ်ရကိုင်ရ ခက်သွားစေတယ်လို ထင်မိတယ်။ တဖက်မှာ လောက်ကိုင် တပ်မှူးတွေဟာ အထက်အမိန့်ထက် မိမိသဘောနဲ့ မိမိဆုံးဖြတ်ချက်တွေ ချလိုက်တာက ကွမ်လုံ လို သမိုင်းရှိတဲ့ နယ်မြေတွေကို အလွယ်တကူ လက်လွတ်ရစေသလို ဖြစ်ခဲ့တယ်။

အရင် လက်ထက်တွေကတည်းက ဧရိယာကြီးမားတဲ့ နိုင်ငံရဲ့ နယ်စွန်နယ်ဖျားတွေကို တပ်က နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းထားခဲ့ရတယ်။ ဒါ့ကြောင့်လည်း ခုလို ရန်သူက အင်အားအလုံးအရင်းနဲ့ ဝင်ဆောင့်ချိန်မှာ အချိန်ကြာမြင့်စွာ ခုခံနိုင်ဖို ခက်ခဲခဲ့တာ တွေ့ရတယ်။ ပိုဆိုးတာက နိုင်ငံတော်တာဝန်ကို တဖက်က ယူထားရတဲ့ တပ်မတော်အတွက် တိုင်းပြည်စီးပွားရေးကိုပါ ပူးတွဲ တာဝန်ယူနေရတာဖြစ်လို ဒင်းပြည့်ကျပ်ပြည့်တော့ စစ်ရေးပိုင်းမှာ အားမစိုက်နိုင်တာ သတိပြုရမယ်။


လက်ရှိအချိန်မှာ လားရှိးဟာ အရေးကြီးတဲ့ ခံစစ်နယ်မြေတစ်ခုပဲ။ တိုက်သမျှ တိုက်ပွဲတိုင်းဟာ တရုတ်ရဲ့ အနာဂတ်စီးပွားရေးလမ်းမဖြစ်တဲ့ ပြည်ထောင်စု လမ်းမပေါ်က မြိုကြီးတွေ ဖြစ်နေတာက တိုက်ဆိုင်မှု မဟုတ်တာ သေချာတယ်။ ရုရှားဟာ မြန်မာနဲ့ ဘယ်လို ပနံ့သင့်ပါတယ်ပြောပြော ပထဝီအနေအထားအရ သိပ်ဝေးလွန်းတယ်။


နိုင်ငံရေးအရ ပြောရင်တော့ တပ်ချုပ်ကြီးကို ဖိအားပေးထားပုံပါပဲ။ ခက်တာက တပ်ချုပ်ကလည်း စီးပွားရေးလမ်းကို ပြန်မဖွင့်ဖို ဆုံးဖြတ်ထားဟန်ရှိတယ်။ ဒီတလမ်း မရရင် နောက်တလမ်းပုံစံမျိုးနဲ့ပဲ ဆွေးနွေးခဲ့ဟန်ရှိတယ်။ ဒါ့ကြောင့်လည်း တာချီလိတ်လမ်းကို ရွေးခဲ့တာ တွေ့ရတယ်။ တရုတ်ဘက်ကတော့ EaO တွေကို Proxy ခံထားပြီးဖြစ်လို အကျိုးစီးပွားမှာ ၇၀ ၊ ၃၀ ယူပြီး စစ်ကို ရပ်ထားလိုက်ချင်ပုံပေါ်တယ်။


ဒါပေမယ့် ဒိုတာဝန်အရေး၃ ပါးကို ကာကွယ်ရမဲ့ တပ်မတော်အတွက်တော့ ဒါက ပြည်ထောင်စု ပြိုကွဲခြင်းရဲ့ လမ်းစ ဖြစ်တယ်၊ အချုပ်အခြာ အာဏာ ဆုံးရှုးမှု တခု ဖြစ်သလို တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပိုင်းနဲ့ပါ ဆက်စပ်နေတဲ့အနေအထားမှာ ဘယ်နည်းနဲ့မှ လက်လျော့ပေးဖွယ် မရှိဘူး။

ဘာပဲ ဖြစ်ဖြစ် တပ်မတော်သားတွေကတော့ နောက်ဆုံးအချိန်အထိ အသက်ပေးပြီး ကာကွယ်နေဦးမှာပါပဲ။ ဒီလိုကာကွယ်တဲ့နေရာမှာ တဖက်ကလည်း Diplomatic အရ ကစားနိုင်ရင်တော့ ရလဒ်ပိုပြီး သိသာစေမှာပေါ့။


(နရီမိုး)

Post a Comment

Previous Post Next Post