အမှန်ကိုမြင်ကြဖို့ ကောင်းတယ်

ဝင်းနိမိ္မတာရုံကျောင်းတိုက်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မီဒီညာတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ လှုံ့ဆော်နေတဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ လိုက်ပါဆောင်ရွက်နေတဲ့ သံဃာအများစုနဲ့ ပြည်သူတွေဆိုတာ အကြမ်းဖက် PDF တွေလှုပ်ရှားရာဒေသက အသုံးချခံ သံဃာတော်တွေနဲ့ နီပိတ်တွေပဲဖြစ်ပါတယ်...

အဲဒီ သံဃာတော်တွေအနေနဲ့ NUG/PDF အကြမ်းဖက်သမားတွေက ၃ နှစ်တာကာလအတွင်းမှာ ရဟန်းသံဃာတော် ၁၀၀ နီးပါး အပါအဝင် ကလေးငယ်တွေနဲ့ အပြစ်မဲ့ပြည်သူတွေကို ဒလန်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြတုန်းက ဘာသံမှမထွက် ဘာသပိတ်မှမလုပ်ဘဲ ရေငုံနှုတ်ပိတ်နေခဲ့ကြတာက ဘာကြောင့်လဲဆိုတာ မေးချင်ပါတယ်...
ကိုယ့်ကိုယ်ကို သူများအသုံးချခံဖြစ်နေတာကို မသိဘဲ ပြည်ဖျက်မီဒီညာတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုအောက်မှာ မျောပါသွားကြမယ်ဆိုရင်တော့ တိုင်းပြည်ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးတွေပဲဖြစ်လာနိုင်တယ်ဆိုတာ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ ပါဝင်နေတဲ့...ပါဝင်ဖို့ကြိုးစားနေတဲ့ အသုံးချခံ သံဃာတော်တွေနဲ့ နီပိတ်တွေ သိဖို့ကောင်းပြီ...

Post a Comment

Previous Post Next Post