ပြည်သူ့မေတ္တာကို ရအောင်ယူပါ

ဖက်ဒရယ်ရဲ့ သဘောသဘာဝအရ အဓိပ္ပာယ်ကိုက ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရတွေရဲ့ အာဏာခွဲဝေ အုပ်ချုပ်ပိုင်ခွင့်ပါ။ တကယ်ဆို ပြဿနာ စဖြစ်တဲ့ လောက်ကိုင်ဟာ ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခု ဖြစ်တယ်။ ဖွဲ့စည်းပုံမှာလည်း အတိအလင်း ဖော်ပြထားတယ်။ ခက်တာက ကိုးကန့်ဒေသမှာကိုက ဖုန်၊ရန် မိသားစု ၂ ခုရဲ့ ကျောင်းတော်က ရန်စတွေ ရှိခဲ့တာက အဓိက ပြဿနာ ဖြစ်ခဲ့တယ်။ ဒါကိုသိတဲ့ စိနကြီးက ကျားဖြန့်ကို တည်ပြီး လက်ရှိအာဏာရ ဒေသပိုင်အစိုးရကို ဖြုတ်ချနိုင်ဖို့ MNDAA ကို လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှု ပေးခဲ့ပုံရတယ်။ ဒီ‌အခြေအနေကြောင့်ပဲ ကိုးကန့်ဟာ ပြည်ထောင်စုရဲ့အစိတ်အပိုင်းပြဿနာပါလို့ ဗခ ဇော်မင်းထွန်းက ဆိုခဲ့တာ။ 

ဒါပေမယ့် ပြဿနာက ဒီမှာ မပြီးသွားဘူး။ ဟိုဂင်အပစ်ရပ်သဘောတူညီမှုအရ တပ်စခန်းစွန့်ခွာခဲ့ရတဲ့ အခြေအနေကြောင့် လောက်ကိုင်ဟာ လွတ်မြောက်နယ်မြေပုံစံလိုလို ဖြစ်သွားတယ်။ ဒါကို အားကျတဲ့ TNLA က Cutoff လုပ်ဖို့လောက်ရည်ရွယ်ထားတဲ့ ကျောက်မဲ၊ နောင်ချိုတွေကိုပါ ပလောင်ပြည်နယ်လုပ်ဖို့ စဉ်းစားလာခဲ့တယ်။ တကယ်ဆို ခြေဥအရ ပလောင်ဟာ မန်တုံနဲ့ နမ့်ဆန် မြို့နယ် ၂ ခုကိုသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပေးအပ်ထားခဲ့တာ။ 
ရှမ်းမြောက်ဖြစ်စဥ်နဲ့ တပြိုင်နက်တည်းမှာပဲ လူမျိုးရေးလှုံ့ဆော်မှုနဲ့ ခွဲထွက်ခွင့်ဆိုတဲ့ စကားသံတွေကို ရခိုင်မှာလည်း သိသိသာသာ ပြောဆိုသုံးနှုန်းလာခဲ့တယ်။ ရခိုင်ဟာ ကမ်းလွန်ပင်လယ်ပြင်ရှိတာမို့ ပြည်ထောင်စုက ခွဲထွက်ရင် ကိုယ်ပိုင်ရပ်တည်နိုင်တယ်လို့ ယူဆကြတယ်ထင်ပါတယ်။ ပိုဆိုးတာက စီးပွားရေးဆန်တဲ့ AA ဟာ ပလက်ဝက စီမံကိန်းတွေကိုပါ မက်မောနေပုံပါပဲ။ တချို့ရခိုင်တွေတောင် ပလက်ဝဟာ ချင်းမပိုင်ဘူးဆိုတဲ့အထိ ချဲ့ကားပြောဆိုလာတာတွေ တွေ့နေရတယ်။ ချင်းဟာ လူ ၄ ယောက်ရှိရင် ၅ ဖွဲ့ကွဲတတ်တဲ့ထုံးစံအရ ဒီလိုပဲ အချင်းချင်းသတ်ဖြတ်အာဏာ လုနေကြတဲ့အပြင် AA ရခိုင်တွေ စော်ကားတာလည်း ခံနေရဦးမှာပဲ။ 


အပေါ်က ရှမ်းမြောက်ကိစ္စ ပြန်ဆက်ရရင် နယ်မြေခွဲဝေသတ်မှတ်မှုဟာ လွှတ်တော်ကသာ ဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းပုံစံဖြစ်တယ်။ လက်ရှိမှာ TNLA နဲ့ SSPP ဟာ စခန်းအခြေချမှုနဲ့ပတ်သက်ပြီး ထိပ်တိုက်တွေ့နေကြတာ မြင်ရတယ်။ ဒါ့ကြောင့်လည်း ခေါင်ကိုင်ဖြစ်တဲ့ "ဝ" ကို ပြဿနာဖြေရှင်းပေးဖို့ ဦးတိုက်လျှောက်ထားကြတာ တွေ့ရတယ်။ လောက်ကိုင်မှာ စစ်ဖြစ်တော့ အပြန်အလှန် သဘောတူညီမှုနဲ့ မြို့ ၂ မြို့ကို အချောင် အပိုင်စားရတဲ့ ဝ ဟာ နယ်မြေဘယ်သူပိုင်ပါတယ်ဆိုပြီး အဆုံးအဖြတ်ပေးနိုင်သူတော့ မဟုတ်ဘူး။ တကယ်တော့ ပြည်နယ်တွေရဲ့ နယ်နိမိတ်ပြက်ဆင်သတ်မှတ်မှုဟာ ခြေဥ ၅၃ (က) အရ အဲ့ဒီမြို့နယ် နယ်နိမိတ်မှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ဆန္ဒကသာ အဓိက ဖြစ်တယ်။ 


ဒါပေမယ့် ရမခ လို တိုင်းစစ်ဌာနချုပ်ကို အပိုင်သိမ်းဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအပြင် နောက်ကွယ်မှာ ဘယ်သူပါဝင်ပတ်သက်နေသလဲ ဆိုတာက ပိုပြီး အရေးကြီးတယ်။ ဒီလိုပဲ ရမခကိုသာ ရရင် တန့်ယန်း အပါအဝင် တခြမ်းလုံးကို Auto အပိုင်စားရနိုင်တဲ့ ဝ" ရဲ့ အပေးအယူတွေကိုလည်း ထည့်သွင်းတွက်ချက်ထားဖို့ လိုအပ်တယ်။ တကယ်တော့ ရှမ်းမြောက်စစ်ပွဲဟာ သာမန်သမာရိုးကျ စစ်ပွဲမဟုတ်ပဲ Geopolitics အရ ပထဝီနယ်မြေတွေပါ Changes ဖြစ်သွားနိုင်တာကို သတိပြုရမယ်။ 

တခု အားရဖို့ ကောင်းတာက မနေ့က ဗခ ဇော်မင်းထွန်းရဲ့ ထုတ်ဖော်ပြောဆိုချက်မှာတော့ MNDAA နဲ့ TNLA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အထူးအလေးနက်ထားပြီး ဆောင်ရွက်သွားမယ်လို့ ပြောတာတွေ့ရတယ်။ ရန်သူ့လက်ထဲက နယ်မြေတွေကို ပြန်သိမ်းပိုက်နိုင်ခဲ့ရင်တော့ အစိုးရနဲ့တပ်မတော်ရဲ့ Image က ပိုပြီးတက်စေမှာပါ။ အထူးသဖြင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေရဲ့ မေတ္တာကို တပွေ့တပိုက်ကြီး ရမယ်ဆိုတာ သေချာပါတယ်။ 


(နရီမိုး)

Post a Comment

Previous Post Next Post