လားရှိုး_ရဲ့_အနာဂတ်


မနေ့က ကျောက်မဲ နဲ့ သီပေါကြားမှာ...TNLA နဲ့
 SSPP(SSA)တို့...နယ်မြေကျူးကျော်ဝင်ရောက်မှုကြောင့်.....
ထိတွေ့တိုက်ပွဲဖြစ်ကြတယ်လို့...သိရတော့...ဒါဟာ...
လားရှိုးကိုတိုက်နေတဲ့...MNDAA ကို...အင်အားဖြည့်ဖို့သွားတဲ့..  
TNLA အဖွဲ့နဲ့ဖြစ်တယ်လို့.... ယူဆရပါတယ်....။

၁၀၂၇ အဆက်ရဲ့ ၁၀ ရက်ကျော်ကာလမှာ...
မတ္တရာ မိုးကုတ် တကြော....တိုက်နေတာက...တဖွဲ့...
နောင်ချို နဲ့ ကျောက်မဲလမ်းကြောင်းကို...တိုက်နေတာက...တဖွဲ့ပါ...။

နောင်ချိုမှာ..၁၁၄ ၁၁၅ တပ်တွေ...
အင်အားစုပေါင်းနိုင်တယ်လို့...ဆိုပေမယ့်...ဒေသခံတွေရဲ့..
.အပြောအရ...နောင်ချိုရဲ့နေရာတော်တော်များကို..
TNLA ထိန်းချုပ်ထားနိုင်ပြီလို့ဆိုပါတယ်.. .။

TNLA မှာ...တပ်မဟာ ၇ ခုရှိတာမို့
လားရှိုးကိုဦးတည်နေတဲ့...အဖွဲ့တွေက...
ဘယ်ကနေထုတ်နှုတ်သွားတာဖြစ်မလဲ...
တကယ်တော့...
လားရှိးစစ်ဒေသဟာ..တပ်မဟာ ၆ ရဲ့...
လှုပ်ရှားနယ်မြေဖြစ်ပါတယ်....။

တပ်မဟာ ၆ လက်ကျန် အဖွဲ့တွေအပြင်...
ကိုးကန့်ကနေရွေ့လာတဲ့....MNDAA အဖွဲ့ကို
ထောက်ကူဖို့လာတာဖြစ်လို့...လားရှို့မြို့ကို...
ထိန်းချုပ်ဖို့အထိ....စစ်ရေးရည်မှန်းချက်ထားပုံရပါတယ်...။

ဒါကြောင့်လဲ...ဒီ ၂ ရက်အတွင်း...
ဒေသခံလူထုဟာ...
နည်းလမ်းပေါင်းစုံနဲ့....စစ်ဘေးရှောင်ဖို့...
လားရှို့မြို့ကို....စွန့်ခွာလာတာကို...
စိတ်မကောင်းစွာတွေ့ရပါတယ်....။

#TNLA_သမိုင်း
.....................
လွန်ခဲ့တဲ့ ၃၂ နှစ်...၁၉၉၂ ခုနှစ်က..
တအောင်း ပလောင် ပြည်နယ်ဖွဲ့စည်းဖို့...
KNU ကိုဆရာတင်ခဲ့ပြီး PSTF ကို..
မာနယ်ပလောဒေသမှာစတင်ဖွဲ့စည်းခဲ့ပေမယ့်...
စစ်အစိုးရလက်ထက်မှာ...လက်နက်နဲ့ငြိမ်းချမ်းရေးလမ်းစဥ်ကြောင့်...
နှစ်ဖွဲ့ကွဲခဲ့ရပြီး...လက်ရှိ ဥက္ကဌတာအိုက်ဘုန်းတို့က...
လက်နက်ကိုင်လမ်းစဥ်ကို...ဆက်လက်အသက်သွင်းခဲ့ပါတယ်....။

၂၀၀၉ ခုနှစ်မှာ...PSTF ကနေ....
TNLA အဖြစ်...ထပ်မံဖွဲ့စည်းခဲ့ပြီး...
၂၀၁၁ ခုနှစ်မှာ...KIA ဆီမှာစစ်ပညာသင်ခဲ့တယ်...။
မဟာမိတ်ဖြစ်ပြီးနောက်ပိုင်း..KIA တပ်တွေနဲ့
နယ်မြေအငြင်းပွားမှုဖြစ်ခဲ့တာကြောင်​့...
၂၀၁၃ ခုနှစ်ဝန်းကျင်မှာ...UWSA အဖွဲ့ဆီမှာ
ထပ်မံချဥ်းကပ်ခဲ့တယ်....။

၂၀၂၃ မှာ....MNDAA, AA တို့နဲ့မဟာမိတ်ဖွဲ့ပြီး...
တရုတ်အစိုးရရဲ့ ပင်လယ်ထွက်ပေါက်ရည်မှန်းချက်ကို...
အပြည့်အဝအကောင်အထည်ဖော်လာခဲ့ပါတယ်...။

လက်ရှိ..ရှမ်းပြည်နယ်မှာမြို့နယ် ၉ ခု နဲ့
မန္တလေးတိုင်းမှာရှိတဲ့မြို့နယ် ၁ ခု.အပါအဝင်
မြိူ့နယ်.၁၀ မြို့နယ်ကို...ထိန်းချုပ်ထားတာတွေ့ရပါတယ်....။

#တရုတ်ရွေးထားတဲ့_နယ်ရုပ်
........................................

တနိိုင်ငံလုံးမှာ..ပလောင်လူမျိုးတွေဟာ..
လူဦးရေ ၁ သန်းဝန်းကျင်ပဲရှိပါတယ်....။
ဒါပေမယ့်...တရုတ်ဟာ...သူရဲ့
နိုင်ငံရေးရည်မှန်းချက်အတွက်...
စိတ်ချရတဲ့...လက်နက်ကိုင်တွေရွေးချယ်တဲ့အခါမှာ..
TNLA ပါဝင်ခဲ့တဲ့အတွက်....
ကျားဖြန့်ခေါင်းစဥ်နဲ့စတင်တဲ့....၁၀၂၇ မှာ
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေနဲ့....ပွဲဦးထွက်ခဲ့ပါတယ်....။

တရုတ်ဟာ..
၎င်းတို့ရည်မှန်းချက်ရရှိရေး...အကျိုး
စီးပွားကိုကာကွယ်ဖို့အတွက်..နယ်မြေအပိုင်း ၃ ပိုင်းခွဲပြီး...
ထိန်းချုပ်ဖို့စဥ်းစားထားပုံရပါတယ်...။

ရှမ်းပြည်နယ်မြောက်ပိုင်းကို...MNDAA 
ရခိုင်ပြည်နယ်မြောက်ပိုင်းကို...AA နဲ့...
မြန်မာပြည်အလယ်ပိုင်းနဲ့...ရှမ်းပြည်အနောက်ပိုင်းကို...TNLA 
စသဖြင့်...သတ်မှတ်နေရာတွေမှာ...Pxoxy ထားပုံရပါတယ်...။

ဒါကြောင့်မို့လို​့...၁၀၂၇ ရဲ့..
ပထမရည်မှန်းအတွက်...ရှမ်းမြောက်ကို...
အင်အားအလုံးအရင်းသုံးပြီး... ထိုးစစ်ဆင်
သိမ်းပိုက်ထားခဲ့ပါတယ်....။

တရုတ်ခွဲဝေထားတဲ့...ဒေသတွေကို
ထိန်းချူပ်ထားနိုင်ခဲ့တဲ့အခါ...ထိုးစစ်ကိုရပ်တန့်ဖို့...
ဟိုင်ဂင်သဘောတူညီမှုကို...ကြားဝင်စေ့စပ်ပြီး
MNDAA အဖွဲ့ဟာ...ကိုးကန့်နယ်မြေမှာစိုးမိုးထားခဲ့ပါတယ်...။

အဲဒီ့အချိန်မှာပဲ...
ဟိုင်ဂင်ကြိုးပမ်းမှုရလဒ်အနေနဲ့...
ကျောက်ဖြူရေနက်စီမံကိန်း MOU ကို
နစကနဲ့ချုပ်ဆိုနိုင်ခဲ့ပါတယ်...။စာချုပ်ချုပ်ပြီး...မကြာခင်မှာ..
AA အဖွဲ့ဟာ...တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ...
ရခိုင်ပြည်နယ်မြောက်ပိုင်းကို...စတင်တိုက်ခိုက်စေခဲ့ဟန်တူပါတယ်...။

မဒေးကျွန်းနဲ့...ကျောက်ဖြူရေနက်စီမံကိန်းနယ်မြေက်ို
စိုးမိုးချင်ရုံသာမက...QUAD အဖွဲ့ဝင် အိန္ဒိယရဲ့
ကုလာတန်းစီမံကိန်းကိုပါ ဟန့်တားနိုင်ခဲ့ပါတယ်...။
လက်ရှိမှာတော့....AA အနေနဲ့...စစ်တွေနဲ့သံတွဲကို...
သိမ်းပိုက်ထိန်းချုပ်ဖို့ ထိုးစစ်တွေဆက်လက်ဖြစ်နေဆဲပါ....။

မဟာမိတ်သုံးဖွဲ့အတွက်...
ပထမအဖွဲ့ကို..ရှမ်းမြောက်မှာ...MNDAA ကိုနေရာချအပြီး...
ဒုတိယအနေနဲ့ရခိုင်မြောက်ပိုင်းကို....AA အဖွဲ့ရဲ့ရည်မှန်းချက်ပြည့်ခါနီးအချိန်မှာတော့...
တတိယအဖွဲ့ဖြစ်တဲ့... TNLA အတွက်...
မန်းလေးနဲ့ ကျောက်ဆည်လွင်ပြင်နဲ့...
ပြင်ဦးလွင် နောင်ချို မိုးကုတ်ကိုထုတ်ချုပ်ဖို့...
၁၀၂၇ အဆက်ကို....ဖန်တီးခဲ့တာတွေ့ရပါတယ်....။

#ရှမ်းထဲကခွဲထွက်မယ့်ပလောင်
............................................
တရုတ်အစိုးရဟာ...၎င်းတို့ရဲ့ Proxy ကို...
တိတိကျကျနဲ့...မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နေတာဟာ...
နစကရဲ့...ရွေးကောက်ပွဲလွန်ကာလမှာ...
နိုင်ငံရေးအရ စကားပြောနိုင်ရေးအတွက်...
Confederate ပုံစံဆီကို...တွန်းပို့ကစားနေတာတွေ့ရပါတယ်....။

ဒါဆိုရင်...မူလရည်မှန်းချက်အတိုင်း...
တိုင်းပြည်ကိုကန့်လန့်ဖြတ်ဖို့...ပြည့်စုံပြီလားဆိုရင်...
ပြည့်စုံလုံ​လောက်တဲ့အဆင့်ကိုရောက်ဖို့...
အချိန် ၃ လသာလိုပါတော့တယ်....။

ကိုးကန့်နယ်မှာ...MNDAA က
အုပ်ချုပ်ရေးလုပ်ငန်းတွေကို....လုပ်ဆောင်နေသလို...
ရခိုင်မှာ ULA အနေနဲ့...ယခင်ကရေးဆွဲထားတဲ့..
.ရခိုင်နိုင်ငံထူထောင်ရေး အစီအမံတွေရှိပြီးဖြစ်ပါတယ်...။

ပလောင်နယ်မှာဆိုရင်လဲ...
တအန်းပြည်နယ်သစ်ဥပဒေမူကြမ်းကိုရေးဆွဲပြီးဖြစ်သလို...
တအောင်း နိုင်ငံရေးအတိုင်ပင်ခံကောင်စီ 
TPCC ကိုလဲဖွဲ့စည်းပြီးဖြစ်ပါတယ်....။

အခုဆိုရင်..တအောင်းပြည်နယ်သစ်ထူထောင်ရေး
ဥပဒေမူကြမ်းကိုတတိာအကြိမ်အဖြစ်
အချောသတ်ပြီးဖြစ်တယ်လို့...ကြေညာထားပါတယ်...။
အဆိုပါကြေညာချက်ကို
တအောင်း ပ​လောင်လူမျိုစုခေါင်းဆောင်တွေ ၊
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ ၊
လူမူအဖွဲ့အစည်းတွေနဲ့ ပအောင်းပ​လောင်တက်နိုင်ငံရေး
တက်ကြွလှုပ်ရှားသူတွေက..လက်မှတ်ထိုးအတည်ပြုထားပါတယ်...ယ

#စစ်အတွင်းက_မိုးကုတ်
.........................................................
နစက ရဲ့...
နိုဝင်ဘာရွေးကောက်ပွဲ...အလွန်ကာလတွေမှာ...
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ရခိုင်နိင်ငံတော်သစ် နဲ့ ပလောင်ပြည်နယ်သစ်
ပေါ်​ပေါက်လာပါလိမ့်မယ်....။

ရခိုင်ရဲ့စိုးမိုးနယ်မြေဟာ...
တောင်ဖက်...ဧရာဝတီတိုင်းအစပ်ထိ..
မကွေးတိုင်းအနောက်...ဧရာဝတီမြစ်အနောက်ခြမ်းကို...
နယ်မြေစိုးမိုးနိုင်ရေးအပြင်းအထန်တိုက်ခိုက်ပါလိမ့်မယ်....။

TNLA အနေနဲ့...နောက်ဆုံးကျန်ရှိမယ့်.. 
တပ်မဟာ ၆ လှုပ်ရှားနယ်မြေ...လားရှိးကို...
ပလောင်ပြည်နယ်ထဲထည့်နိုင်ဖို့...
ရမခ တည်ရှိရာ​ဒေသကို..
အင်အားအလုံးအရင်းနဲ့တိုက်နေတာဖြစ်ပြီး...
နစက အနေနဲ့....လားရှိုးမြို့မကျရေး...
တော်တော်လေးကြိုးစားရပါလိမ့်မယ်...

ကချင်ပြည်နယ်ထဲမှာ...
နစကထိန်းချုပ်နယ်မြေတွေနည်းလာပြီးတော့...
ကချင်နဲ့ရှမ်းပြည်နယ်အစပ်ကို...
အပြည့်အဝထိန်းချုပ်ထိန်းချုပ်ရေး
မိုးကုတ်မြို့သိမ်းတိုက်ပွဲလုပ်လာပါလိမ့်မယ်....

#လားရှိုး_သို့မဟုတ်_၁၀၂၇ နောက်ဆုံးပွဲ
.........................................................
၁၀၂၇ အဆက်ဟာ....
ပလောင်ပြည်ထူထောင်ရေးအတွက်..
လားရှိုးခရိုင် နဲ့ နမ့်ဆန်ခရိုင်ကို...အပြည့်အဝ...
ထိန်းချုပ်နိုင်ရေး....ရည်မှန်းချက်စစ်ပွဲပါ...။

မန်အောင်ခရိုင် - မူဆယ် နမ့်ခမ်းဒေသ
ရွှေလီခရိုင် -မန်တုံ မိုင်းဝှီးဒေသ 
သံလွင်ခရိုင် - ကွတ်ခိုင် မုံစီး ဒေသတွေဟာ..
၁၀၂၇ မှာတည်းက...ရရှိပြီးခရိုင်တွေဖြစ်ပြီး..

လားရှိးခရိုင် - လားရှိုး မိုင်းယော် နဲ့..
နမ့်ဆန်ခရိုင် - နမ့်ဆန် ကျောက်မဲ မိုးကုတ် 
ခရိုင် ၅ ခုပြည့်ဖို့အတွက်...လားရှိုးနဲ့မိုးကုတ်က
TNLA ရဲ့ရည်မှန်းချက်ဖြစ်တာကို...တွေ့ရပါတယ်...။

ဒါကြောင့်မို့လို့...
၁၀၂၇ ဟာ...လားရှိုးကိုသိမ်းပြီးရင်...
စစ်ပွဲရပ်တန့်သွားပါလိမ့်မယ်...။

TNLA အနေနဲ့...လားရှိုးမြို့ကိုထိန်းချုပ်နိုင်ဖို့
အပြင်းအထန်ထိုးစစ်ဆင်ပါလိမ့်မယ်...။

နစကဖက်က...
ခံစစ်နဲ့ ထောက်ပို့မျှတစွာလုပ်နိုင်မှသာ...
လားရှိုးမြို့ကို...ဆက်လက်ထိန်းထားနိုင်ပါလိမ့်မယ်။

#ကျောက်ဆည်လွင်ပြင်ရဲ့အနာဂတ်
...................................................

MDY  Pdf တွေက.၂၀၂၃ မှာ...မအောင်မြင်ခဲဲ့တဲ့...
ကနောင်စစ်ဆင်ရေးကို...အကောင်အထည်ဖော်လာနိုင်ပါတယ်...

၁၀၂၇ ရဲ့နောက်ဆက်တွဲအနေနဲ့...
မကွေး ကျောက်ပန်းတောင်း မြေလတ် နဲ့..
မြင်းခြံ တောင်သာ ကျောက်ဆည် တလျှောက်...
ကျောက်ဆည်လွင်ပြင်ထိန်းချုပ်နိုင်ဖို့...
တရုတ်အစိုးရကျောထောက်ခံပြုထားတဲ့...Pdf နဲ့
အနောက်ဩဇာခံ NUG ကျောထောက်နောက်ခံပြုထားတဲ့
 Pdf တို့ ပြန်လည်တိုက်ခိုက်ကြပါလိမ့်မယ်...။

၁၀၂၇ ဒုတိယပိုင်းမှာ...TNLA ရဲ့ရည်မှန်းချက်ကို....
အားဖြည့်မဟာမိတ်ပြုထားတဲ့.. MDY Pdf ကတော့
ကနောင်စစ်ဆင်ရေးကို...ဆက်လက်အကောင်အထည်ဖော်ပြီးတော့...
နေပြည်တော်ကို...ဖိအားပေးနိုင်ဖို့အတွက်.. မန္တလေးကိုသိမ်းလာနိုင်ပါတယ်....။

#နိုင်မြင်းက_ဘယ်သူလဲ
.......................................

ရှီကျင့်ဖျင့်အတွက်.. 
ကျောက်ဖြူရေနက်ဆိပ်ကမ်း...
မဒေးကျွန်း-ကူမင်းတရုတ်ဓာတ်ငွေပိုက်လိုင်းနဲ့...
မန်းလေး-ကူမင်းရထားလမ်းစီမံကိန်းတွေဟာ..
တရုတ်ရဲ့...အနောက်ဖက်ပင်လယ်ထွက်ပေါက်တွေဖြစ်ပါတယ်....

တရုတ်ရဲ့အနောက်ဖက်...
ပင်လယ်ထွက်ပေါက်ရည်မှန်းချက်ဟာ...
ရှီကျင့်ဖျင်ရဲ့...လောင်းကြေးပါပဲ....။

အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံရဲ့
အနာဂတ်...အကျိုးစီးပွားဖြစ်ပါတယ်...။

တဖက်မှာတော့..ဒါဟာ
အမေရိကန်နဲ့အနောက်အုပ်စုအတွက်..
မျက်စိဆံပင်မွှေးဆူးချင်စရာဖြစ်နေပြီး...
တရုတ်ကိုထိန်းချုပ်...ကန့်သတ်ဖို့ဖြစ်ပါတယ်....။

ဒါကြောင့်မို့လို့...
အမေရိကန် ဂျပန် ဩစတေးလျ အိန္ဒိယ ပါတဲ့..
.QUAD မိတ်ဖက်အဖွဲ့အစည်းကိုဖွဲ့စည်းခဲ့ပါတယ်...။

တရုတ်ကလဲ...
မဖြစ်မနေ...ဖောက်ထွက်ဖို့လုပ်မှာဖြစ်ပြီး..
အမေရိကန်ကလဲ...
မရ...ရတဲ့နည်းလမ်းနဲ့ပိတ်ဆို့တားဆီးပါလိမ့်မယ်...။

ဒါပေမယ်​့..
တရုတ်ဟာ...
ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေး
မူကြီး ၅ ချက်ကို...ပြောင်ပြောင်တင်းတင်းဖောက်ဖျက်နေတာကို...
ကမ္ဘာကလ​က်ညှိုးထိုး...အပြစ်မတင်စေရေးနဲ့...
နိုင်ငံရေးဂုဏ်သိက္ခာမကျစေရေးအတွက်...

မြောက်သုံးကောင်အပါအဝင်...
လက်ဝေခံ ဗမာ Pdf တွေကို...
နောက်ကွယ်ကနေ....ထောက်ပံ့နေဦးမှာပဲဖြစ်ပါတယ်....။

နစကရဲ့...ပါဝါအပျော့အမာ​ကို...
လိမ်မာပါးနပ်စွာ...တည်ဆောက်နိုင်ဖို့လိုအပ်သလို...
MNDAA TNLA AA နဲ့ MDY Pdf တွေရဲ့..
ထိုးစစ်တွေနဲ့...ထိန်းချုပ်ထားတဲ့...နယ်မြေတွေကို...
ရွေးကောက်ပွဲမတိုင်ခင်...ပြန်လည်ထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်....။

လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ..
အင်အားကြီးနှစ်နိုင်ငံရဲ့...ပထဝီနိုင်ငံရေး...
ဒေသတွင်း အကျိုးစီးပွားလိုအပ်မှူကြောင့်...
ဖြစ်ပေါ်လာတဲ့...အကျိုးဆက်ဖြစ်လို့...
နစကအတွက်....ခက်ခဲတဲ့အခြေအနေခုပါပဲ....။

နစကရဲ့ဖြစ်စဥ်မှု...သက်တမ်းကို...
အဆုံးအဖြတ်ပေးမယ့်...အချိန်ကာလဲဖြစ်ပါတယ်....။
နိုင်ငံကြီးတွေဟာ...နိုင်မြင်းကိုရွေးချယ်ကြပါလိမ့်မယ်...။

ဒါဆိုရင်...
နိုင်မြင်းက...ဘယ်သူဖြစ်နိုင်မလဲ....

#Htoo_Maung

Post a Comment

Previous Post Next Post