သောင်းကျန်းသူကို အလည်မခေါ်မိစေနဲ့

မိုးကုတ်မြို့က စစ်ရှောင်ပြည်သူတွေဟာ ပြေးရင်းလွှားရင်း လမ်းမှာ ပိတ်မိနေကြတယ်တဲ့...အဲဒီအထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ကျန်းမာရေးမကောင်းသူတွေ အများကြီးပါတယ်...အသက်မသေရေးကို ဦးစားပေးလို့ ကျန်တာတွေ အကုန်ထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးလာကြရတဲ့ ပြည်သူတွေ...ဒီလိုတွေ ဖြစ်လာမှာကို ကြိုမြင်ကြတဲ့သူတွေက စစ်ကိုမခေါ်ကြနဲ့၊ သောင်းကျန်းသူကို အလည်လာဖို့ မဖိတ်နဲ့၊ အဖျက်သမားတွေရဲ့ စကားကို နားမယောင်ကြနဲ့လို့ အတန်တန်သတိပေးခဲ့ကြတာပေါ့...တိုက်မှရမယ်ဆိုပြီး မြှောက်ပေးနေတဲ့ ပြည်ဖျက်တွေရဲ့ စကားကိုနားယောင်မိရင် ဒီလိုတွေ ကြုံတွေ့ရမယ်ဆိုတာကို ပြည်သူတွေ နမူနာ ယူနိုင်ကြပါစေ...

Post a Comment

Previous Post Next Post