ပြည်သူ့အသံစစ်စစ်ကိုသာ ကြားချင်တယ်

Facebook ကို ဘာကြောင့်ပိတ်သင့်တာလဲ ဆိုရင် အကြောင်းချက်နှစ်ခုကြောင့်ပဲ။ ရာဇဝတ်မှု ကာကွယ်တားဆီးရေး နဲ ပြည်သူတွေရဲ့ ထုတ်ဖော်ပြောဆိုခွင့်အရေးပဲ။ 
လောင်းကစား ကြော်ငြာတွေကို ခွင့်ပြုထားတယ်။ မင်းမော်ကွန်း ပန်ဆယ်လိုတို့လို အဆဲအဆို ညစ်ညမ်းမှုတွေကို ခွင့်ပြုထားတယ်။ လူသတ်ဖို့ လက်နက်အလှုခံသူတွေ ၊ လူသတ်ဖို့ အားပေးနေသူတွေရဲ့ အကောင့်ကို မဖျက်ပဲ ခုထိ သုံးစွဲခွင့်ပေးနေတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေ အားလုံးရဲ့ (၈၀)% က Facebook ကနေလာတာနော်။ 

ပြည်သူတွေရဲ့ ထုတ်ဖော်ပြောဆိုခွင့်အရေးကို Facebook က ချုပ်ကိုင်ထားတယ်။ Tiktok မှာ လွတ်လပ်စွာ ပြောဆိုခွင့်ရပေမယ့် Facebook မှာ အနီတွေအကြိုက်ပဲ ပြောခွင့်ရှိတယ်။ Tiktok မှာ ပြည်သူစစ်စစ်တွေရဲ့ အသံနဲ့ အနီအစိမ်း ပြည်သူတွေရဲ့ အသံကို မျှမျှတတကြားရတယ်။
ဒီနှစ်ချက်ကို Facebook က ပြန်ပြင်ပေးမယ်ဆိုရင် Facebook ကို ပြန်သုံးခွင့်ပေးရမယ်။ မပြင်ပေးရင် အပြီးတိုင်ပိတ်ပစ်ရပါမယ်။

Post a Comment

Previous Post Next Post