အတွေးအခေါ်အောက်တန်းကျတဲ့လူတွေ

အနုပညာရှင် အသိုင်းအဝိုင်းထဲက အများစုဟာ လေယူရာ ယိမ်းတဲ့သူတွေ၊(သို့) အစိုးရဆီက အခွင့်အရေးရရင် ရသလို နှိုက်လိုသူတွေ အများစုပါပဲ။ ဒေါ်စု အုပ်ချုပ်တဲ့ကာလမှာ တဆုံးအထိ "မ" ပြီး အခွင့်အရေးယူခဲ့ကြသူတွေလည်း မနည်းဘူး။ ဒါရိုက်တာ ဝိုင်း တို့ဆိုရင် ပိုပြီး ဆိုးတာပေါ့။ 
 ပြေတီဦး တို့ လင်မယားဆိုလည်း ဝန်ထမ်းတွေ ဘဝပျက်စေအောင် CDM လုပ်ခိုင်းခဲ့ကြတဲ့ အဓိက တရားခံပါပဲ။ ကိုယ်တွေ အသိုင်းအဝိုင်းက စိတ်သန့်တယ်ဆိုတာ... စမိုင်းလ်က ဒေါ်စုနားရှိနေလို့၊ လေးဖြူတို့ IC အဖွဲ့က ဒေါ်စုရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကမ်းပိန်းမှာ ပါဝင် ပတ်သက်လို့ ဆိုပြီး ဘာမှ အထွန့်မတတ်ခဲ့ကြတာပါပဲ။ အနုပညာကို အနုပညာလိုပဲ မြင်ပါတယ်။ ကလေးလိုလို ခွေးလိုလိုနဲ့ ကိုယ့်ဖက်မပါလို့ ဆဲစရာ လည်း အကြောင်းမရှိဘူး။ အတွေးအခေါ် တွေက အဲ့ဒီလို ကွာပါတယ်။ 
(နရီမိုး)

Post a Comment

Previous Post Next Post